Pages

Sunday, November 16, 2014

ပုဂ္ဂလိကဘဏ်ကြီးအချို့ မီနီဘဏ်များ ထပ်မံဖွင့်လှစ်ရန် ပြင်ဆင်

RangonNewsDaily:: November . 16 .2014
မီနီဘဏ်များအောင်မြင် နေသောကြောင့် လာမည့်နှစ်တွင် ပြည်တွင်းမှ ဘဏ်အချို့က မီနီ ဘဏ်များတိုးချဲ့ဖွင့်လှစ်ရန်စီစဉ်လျက်ရှိကြောင်း သတင်းရရှိ သည်။
ဆက်စပ်လုပ်ကိုင်သော လုပ်ငန်းများ ယခင်ကထက်ပိုမိုများ လာသောကြောင့် အသုံးပြုသူ များ ပိုမိုအဆင်ပြေလာရန် ဘဏ် ခွဲများ၊ မီနီဘဏ်များ ထပ်မံဖွင့် လှစ်ရန် စီစဉ်နေကြောင်း ဘဏ် လုပ်ငန်းရှင်အချို့က ပြောကြားသည်။

မီနီဘဏ်ပေါင်း တစ်ရာဖွင့် လှစ်ထားသော ကမ္ဘောဇဘဏ်၏ ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ‘‘အဓိက က မီနီဘဏ်တွေကို ဗိုလ်ချုပ်ဈေး၊ သိမ်ကြီးဈေးလို နေရာမျိုးတွေနဲ့ ရှော့ပင်းစင်တာတွေမှာ ဖွင့်တော့ ဈေးဆိုင်ပိုင်ရှင်တွေနဲ့ ၀ယ်ယူသူ တွေပါ ငွေသွင်းငွေအပ်ခြင်းအ တွက် ပိုအဆင်ပြေနိုင်မယ်ထင် တယ်။ မီနီဘဏ်တွေကိုစဖွင့်ခဲ့ တာ ၂ နှစ်လောက်ရှိပြီ။ အောင် မြင်မှုလည်းရှိတယ်။ နောက်ထပ် လည်းလိုအပ်တဲ့နေရာတွေမှာ တိုးချဲ့ဖို့စီစဉ်နေပါတယ်’’ ဟု ပြော ကြားသည်။

ယခုအချိန်တွင် ဘဏ်ကြီး ၃၀ နှင့် မီနီဘဏ် နှစ်ဘဏ်ဖွင့် ထားပြီး ၂၀၁၅ ဘတ်ဂျက်ကာလ အတွင်းဘဏ်ပေါင်း ၇၀ ထိဖွင့် ရန်စီစဉ်နေသည့် ယူနိုက်တက် အမရဘဏ်မှလည်း ထပ်မံဖွင့် လှစ်မည့် ဘဏ်ခွဲများတွင် မီနီ ဘဏ်များ ထည့်သွင်းဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ ဘဏ်ခွဲများထပ်ဖွင့်ရသည့် အကြောင်းရင်းမှာ ချက်လက်မှတ် ကိုင်ဆောင် သွားနေခြင်းထက် ဘဏ်များမှတစ်ဆင့် မြန်မာတစ်ပြည်လုံးကလူများ ငွေလွှဲငွေသွင်းလုပ်ရာတွင် ပိုအဆင်ပြေစေရန်ဖြစ်သည်ဟု ယူနိုက်တက်အမရဘဏ်မှ လူမှုဆက်ဆံရေးမန်နေ ဂျာ ဒေါ်သူဇာက ဆိုသည်။

မီနီဘဏ်များ၏ အဓိကလုပ်ဆောင်မှုဖြစ်သော ငွေလွှဲငွေ ထုတ်နှင့် ငွေစုစာရင်းဖွင့်ခြင်း များသည် ဘဏ်ကြီးများသို့မသွား နိုင်သူများအတွက် အဆင်ပြေ လျက်ရှိသည်။ သို့သော်ငွေချေး ဆောင်ရွက်ပေးမှု ပြုလုပ်လိုသူ များအတွက် ဘဏ်ကြီးများနှင့် တိုက်ရိုက်ဆက်သွယ်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ AGD ဘဏ်မှ ဘဏ်ကြီး ၃၆ ခု၊ ဘဏ်ခွဲ သုံးခုနှင့် မီနီဘဏ် ၁၁ ခုဖွင့်ထားပြီးဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

‘‘မီနီဘဏ်လို့သာ နာမည်တပ်တိုးချဲ့ဖွင့်ခဲ့ပေမယ့် ၀န်ဆောင်မှုက ဘဏ်ကြီးတွေနဲ့အတူတူပါပဲ။ နှစ်ဦးဖက်စပ်အကောင့်ဖွင့်ထားတာကိုတော့ ဘဏ်ကြီးတွေမှာပဲ လက်ခံပါတယ်။ တချို့မီနီတွေမှာ Satellite connection မရ သေးတာတွေရှိတော့ ငွေအပ်တာ လောက်ပဲလက်ခံပါတယ်။ မီနီ တွေ များများစားစားဖွင့်ထားပေး တော့လဆန်းရက်ဘဏ်ကြီးတွေ ကို လာတဲ့ဖောက်သည်တွေ အရမ်းများတဲ့အခါ နီးစပ်ရာ မီနီ တွေဘက် လှည့်ပေးလိုက်တော့ အချိန်ကြာစောင့်ဆိုင်းရတာတွေ နည်းသွားတယ်။ လူအရမ်းစုပြုံ နေတာမျိုးတွေလည်းနည်းသွား တယ်’’ဟု ကျွန်းတောလမ်းကမ္ဘော ဇဘဏ်ခွဲမှ မီနီဘဏ်ကြီးကြပ်မှု မန်နေဂျာ ဒေါ်အေးအေးမင်းကပြောသည်။

အောက်တိုဘာ လဆန်းက ပြည်ပဘဏ် ကိုးခုအား မြန်မာ နိုင်ငံတွင် အခြေစိုက်လုပ်ကိုင်ခွင့် ပေးခဲ့ပြီးနောက်ပိုင်း၌ ပြည်တွင်း ဘဏ်အချို့လည်း ယခင်ကထက် လုပ်ငန်းဆောင်တာများ ပိုမို ဆောင်ရွက်သင့်ကြောင်းကို ‘‘မီနီ ဘဏ်တွေအရင်ထက်ဖွင့်လာတာ ကလည်း ဖြစ်သင့်နေတာကြာပြီ။ ဖြစ်ကိုဖြစ်ရမှာတွေပေါ့။ 


အခု အရင်ထက် ပိုများလာတယ်ဆို ပေမယ့်လည်း လိုအပ်တာတွေရှိ နေသေးတယ်။ ဘန်ကောက်မှာ ဆို တစ်လမ်းတည်းမှာတင်ပဲ ဘဏ်က သုံးခုလောက်ရှိတယ်။ ပြည်တွင်း တစ်ခုတည်း မဟုတ်တော့ဘဲ ပြည်ပနဲ့ ပါယှဉ်ပြိုင်ရတော့မှာပါ’’ ဟု စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က အကြံပြု ပြောကြားခဲ့သည်။

7Day , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment