RangonNewsDaily:: November . 28 .2014
ရန်ကုန်၊ စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းမှတ်တမ်း များနှင့်အတွေးအခေါ်များကို ဖျောက် ဖျက်ရန်ကြိုးပမ်းခဲ့သော်လည်း ယနေ့ အချိန်အထိနိုင်ငံနှင့် ပြည်သူ၏ရင်ထဲ တွင်ရှင်သန်နေဆဲဟု ၈၈ ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှကိုဂျင်မီ ကပြောသည်။
နိုဝင်ဘာ ၂၂ရက်က City Star Hotel ၌ စာရေးဆရာဦးဝေအောင် (မြတ်ဂုဏ်ရည်)ရေးသားထားသော ဗိုလ်ချုပ်နှုတ်ထွက်စကားများကို မလိုက် နာခဲ့သော မြန်မာနိုင်ငံ၏ကံအ ကြောင်းတရားများဆိုသောစာအုပ် မိတ်ဆက်ပွဲတွင်တက်ရောက်ခဲ့ပြီး အ ထက်ပါအတိုင်းပြောကြားခဲ့သည်။
''ဗိုလ်ချုပ်ဓာတ်ပုံတွေကို အစိုးရ ကျောင်းတွေမှာမတွေ့ရတော့ဘူး။ ဘယ် လောက်ပဲဗိုလ်ချုပ်ရဲ့သမိုင်းကို ဖျောက် ဖျက်ပယ်ရှားပါစေ ပြည်သူတွေရဲ့ရင် ထဲမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ အခိုင်အမာနေရာယူထားပြီးသားပါ။ ယနေ့အချိန်အထိလဲ ရှင်သန်နေဆဲ ပါ။ ဘယ်တော့မှလဲမေ့ပျောက်သွားမှာ မဟုတ်ပါဘူး''ဟု ¤င်းကပြောသည်။
::
အဆိုပါဗိုလ်ချုပ်နှုတ်ထွက်စကား များကိုမလိုက်နာခဲ့သော မြန်မာနိုင်ငံ ၏ကံအကြောင်းတရားများစာအုပ်ကို ရေးသားခဲ့သောစာရေး ဆရာဦးဝေ အောင်(မြတ်ဂုဏ်ရည်)ကလည်း နိုင်ငံ တော်အစိုးရအနေဖြင့် ဗိုလ်ချုပ်ပြော ကြားခဲ့သောမိန့်ခွန်းများကိုဆန့်ကျင် ၍ ကိုယ်ထင်ရာကိုယ်လုပ်ကိုင်ခဲ့ခြင်း ကြောင့် လက်ရှိမြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုများ နှောင့်နှေးနေခြင်း ဖြစ်သည်ဟုပြောသည်။

''အခုလက်ရှိဖြစ်နေတဲ့ ကျွန်တော် တို့နိုင်ငံရဲ့အခြေအနေဟာ ဗိုလ်ချုပ် ပြောခဲ့တဲ့မိန့်ခွန်းတွေကို ဆန့်ကျင်ခဲ့ လို့ဖြစ်နေတာ။ ဗိုလ်ချုပ်မိန့်ခွန်းတွေ ကိုကြည့်လိုက်ပါ။ အကုန်လုံးအမှန် တရားတွေပဲလက်ရှိဖြစ်နေတာလဲဒီ အတိုင်းပဲ။ ဒါတွေကိုပြုပြင်နိုင်မှ မြန်မာ နိုင်ငံလဲ တိုးတက်လာမှာပါ။ ဒီလိုမှ မဟုတ်ရင်တိုးတက်မှုတွေနှောင့်နှေး ခြင်းကို ကြုံတွေ့ရပါဦးမယ်''ဟုစာရေး ဆရာဦးဝေအောင်(မြတ်ဂုဏ်ရည်) ကဆိုသည်။
::
လာမည့် ၂ဝ၁၅ဖေဖော်ဝါရီ ၁၃ ရက်တွင်ကျရောက်မည့် ဗိုလ်ချုပ်အောင် ဆန်းအနှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ် ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်သောကြောင့် ပြည် သူအားလုံး၏ရင်ထဲတွင်အခိုင်အမာ တည်ရှိနေပြီး ပယ်ရှားလို့မရနိုင်သော အကြောင်းတရားတစ်ခုလည်းဖြစ်သည် ဟု စာအုပ်မိတ်ဆက်ပွဲသို့တက်ရောက် ၍ အမှတ်တရစကားပြောကြားပေး ခဲ့သော ဆရာကြီးသခင်ဌေးမောင်၊ ဆရာသစ္စာနီ၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီ၊ သမဂ္ဂဂျာနယ်မှ အယ်ဒီတာ ဦးမျိုးကို မျိုး၊ ဆရာဦးမျိုးဇော်လတ်တို့ကဆို သည်။

Yangon Media ::--KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment