Pages

Sunday, November 23, 2014

၂၀၁၈ ကမ္ဘာ့ဖလား ဘောလုံပြိုင်ပွဲ မှာ 5G ကွန်ရက်ကို စမ်းသပ်ဖို့ စီစဉ်နေတဲ့ Huawei နဲ့ MegaFon


RangonNewsDaily:: November . 23 .2014
စတုထ္ထမျိုးဆက် ကွန်ရက်ချိတ်ဆက်မှု တွေဟာ ကမ္ဘာတစ်ဝှမ်းလုံးကိုရောက်ရှိတာ နှေးပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံ က ကွန်ရက်ချိတ်ဆက် ကိ၇ိယာတွေ ထုတ်လုပ်တဲ့ Huawei နဲ့ ရုရှားက ဆက်သွယ်ရေးကုမ္မဏီ MegaFon တို့ဟာ ၂၀၁၈ ခုနှစ်မှာ 5G ကွန်ရက်ကို စမ်းသပ်ဖို့ စီစဉ်နေပါတယ်။
ထို ကုမ္မဏီ ၂ ခု ရဲ့ ကြေညာချက်အရတော့ သူတို့ဟာ ၂၀၁၈ ခုနှစ် ရုရှားမှာ ကျင်းပမယ့် ဖီဖာ ကမ္ဘာ့ဖလား ဘောလုံပြိုင်ပွဲ အတွက် နည်းပညာအသစ်တွေ တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုတည်ဆောက်မှုတွေက သုံးစွဲသူတွေအတွက် ပိုမြန်တဲ့ Download Speed တွေရရှိနိုင်မှာ ဖြစ်ပေမယ့် ထို တည်ဆောက်မှု ပြီးစီးဖို့ နှစ် များစွာ အချိန်ယူရမယ်လို့ သိရပါတယ်။

MegaFon ကုမ္မဏီ ဟာ ရုရှားမှာပဲ ကျင်းပတဲ့ ၂၀၁၄ အိုလံပစ် ပြိုင်ပွဲ တုန်းကလည်း 4G LTE ၀န်ဆောင်မှု ကို ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၈ မှာ 5G ကွန်ရက် ရတဲ့အခါမှာ 5G ကွန်ရက်ကို အထောက်အပံ့ ပေးနိုင်တဲ့ စမတ်ဖုန်းတွေက အရမ်းရှားပါတယ်။ အဲဒီ စမတ်ဖုန်းတွေကို Huawei က ထောက်ပံ့ပေးမှာဖြစ်ပါတယ်။
::
5G ကွန်ရက် ချိတ်ဆက်မှု ဟာ ဒေတာနှုန်းထားတွေ အရှိန်မြှင့်ပေးတဲ့အတွက် ဗီဒီယိုတွေ ဒေါင်းလုပ်ပြုလုပ်ရတာ မြန်ပါတယ်။ ဆက်သွယ်မှု ကြန့်ကြာခြင်းတစ်မျိုးဖြစ်တဲ့ Latency ကိုလည်း ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ 5G ကွန်ရက် ဟာ ပြီးပြည့်စုံတဲ့ နည်းပညာတစ်ခုမဟုတ်သေးပါဘူး။ တွဲဖက်အသုံးပြုမယ့် ကွန်ရက် ချိတ်ဆက် ကိရိယာ ရဲ့ စွမ်းဆောင်ရည်နဲ့လည်း ဆိုင်ပါတယ်။
::
Huawei-MegaFon သဘောတူညီထားတဲ့ ထို စီမံကိန်း ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Craig Wigginton က တော့ ၂၀၁၈ မှာ 5G ကွန်ရက်ရဲ့ ကောင်းမွန်တဲ့ ရလဒ်တွေ ရလာဖို့မျှော်လင့်ပေမယ့် ၂၀၂၀ နောက်ပိုင်းမှာတော့ 5G ကွန်ရက်ဟာ တစ်ကမ္ဘာလုံးမှာ စီးပွားဖြစ် တပ်ဆင်မှု တစ်ခု ဖြစ်လာဖို့ မမျှော်လင့်ထားဘူး လို့ဆိုပါတယ်။

Ref:cnet.com ,Trend , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment