Pages

Sunday, October 26, 2014

ဆရာကြီး ဦးအောင်သင်း၏ ရုပ်အလောင်းကို အောက်တိုဘာ ၂၇ တွင် ဂူသွင်းသင်္ဂြိုဟ်မည်

စာရေးဆရာကြီး ဦးအောင်သင်း (ဓာတ်ပုံ- စိုးဝင်းငြိမ်း)
RangonNewsDaily:: October . 25 .2014
စာရေးဆရာကြီး ဦးအောင်သင်းသည် အောက်တိုဘာ ၂၅ ရက် နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဓမ္မိကဝတီလမ်းရှိ နေအိမ်၌ကွယ် လွန်သွားခဲ့သည်။
ကွယ်လွန်ချိန်တွင် အသက်(၈၈)နှစ်အရွယ်ရှိပြီဖြစ်ပြီး ရုတ်တရက်ကျန်းမာရေးဖောက်ကာ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ဆရာကြီး ဦးအောင်သင်း၏ ဈာပနအခမ်းအနားကို အောက်တိုဘာ ၂၇ ရက်တွင် ရန်ကုန်မြို့ ရေဝေးသုသာန်၌ ကျင်းပမည်ဖြစ်ပြီး ကျန်ရစ်သည့်ရုပ်အလောင်းကို ဂူသွင်းသင်္ဂြိုဟ်မည်ဟု ၎င်း၏ မိသားစုဝင်များက ပြောသည်။

ဦးအောင်သင်းသည် ဘဝတစ်လျှောက်ရေးသားခဲ့သည့် စာအုပ်များ၊ ရသစာပေဝေဖန်အကဲဖြတ်ချက်များ၊ စာပေဟောပြောပွဲများကြောင့် မြန်မာနိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သော စာရေးဆရာကြီးတစ်ဦးဖြစ်သည်။

၎င်းပြင် လွတ်လပ်ရေးကြိုးပမ်းမှုကာလများတွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင်၊ ဆိုရှယ်လစ်ပါတီဝင်များအဖြစ်လည်း ကောင်း၊ ရန်ကုန်တက္ကသိုလ်နှင့် ပြင်ဦးလွင်စစ်တက္ကသိုလ်တို့တွင် မြန်မာစာနည်းပြဆရာ၊ ကထိက စသည့်တာဝန်များကိုလည်းကောင်း ထမ်းဆောင်ခဲ့သူဖြစ်သည်။

7Day Daily ,  KOLATT(PBDN)
RangonNewsDaily
 နာရေးကူညီမှုအသင်းက ဆရာကြီးဦးအောင်သင်း၏ ရုပ်အလောင်းကို လာရောက်သယ်ဆောင်စဉ် (ဓာတ်ပုံ- ခိုင်ထွန်း)

ဆရာကြီး၏ ရုပ်အလောင်းကို ဂါရ၀ ပြုနေစဉ် (ဓာတ်ပုံ- ခိုင်ထွန်း)


0 comments:

Post a Comment

 
world time