Pages

Tuesday, October 7, 2014

ယောက်ကျာင်္းလေးတွေသိသင့်တဲ့ မိန်းကလေးတွေရဲ့လျို့ဝှက်ချက်


RangonNewsDaily:: October . 7 .2014
ယောက်ျားလေးတွေဟာ မိန်းကလေးတွေ ဘာလိုအပ်တယ်ဆိုတာကို သူတို့ကိုယ်ပိုင်အမြင်၊ သူတို့ကိုယ်ပိုင် အတွေးနဲ့ ဆုံးဖြတ်ကြတဲ့အခါ မှန်တဲ့အခါလည်းရှိသလို မှားတဲ့အခါတွေလည်း ရှိနိုင်ပါတယ်။
တကယ်တော့ မိန်းကလေးတွေ အမှန်တကယ်လိုအပ်တာတွေကို ချစ်သူ ကောင်လေးတွေကို သိစေချင်ပါ တယ်။ ပြောပြမယ်နော် ...

စိတ်အာရုံဝင်စားမှု

မိန်းကလေးတွေဟာ ကိုယ့်ချစ်သူကောင်လေးတွေ ဆီကနေကြင်နာတတ်တဲ့ အကြည့်လေးတွေ ခဏခဏ လိုချင်ပါတယ်။ ပြီးတော့ တခြားကောင်လေးတွေ ငေးကြည့်နေရင် သူချစ်သူရဲ့ မနာလို ဝန်တို ဖြစ်သွားတတ်တဲ့ မျက်နှာကလေး ကို မြင်ချင်ကြပါတယ်။

ကိုယ်ရည်ကိုယ်သွေး

ယောက်ျားလေးချစ်သူ အကြောင်း မိန်းကလေးချင်းပြောကြတဲ့အခါမှာ ရုပ်ရည်၊ ခန္ဓာကိုယ်အလှကို အများအားဖြင့် ပြောဖြစ်ကြပါတယ်။ မိန်းကလေးတွေ့ရဲ့ ဘဝတစ်ခုလုံးကို ပုံအပ်ဖို့က သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ စဉ်းစားတွေး ခေါ်နိုင်

စွမ်း၊ ရဲဝံ့ ပြတ်သားစွာ ဆုံးဖြတ်နိုင်စွမ်းတွေကို စစ်ဆေးလေ့လာပြီးမှ ရွေးချယ်ကြတာပါ။

သန့်စင်ခန်းသွားတဲ့အခါ

သတိထားမိမလားမသိဘူး။ မိတ်ဆက်ပွဲတွေမှာ ကျွန်မတို့ သူငယ်ချင်းတွေစုံပြီး သန့်စင်ခန်း သွားတဲ့အခါ (၂-၃)ယောက်စု

သွားတတ်တာကိုလေ။ တစ်ယောက်တည်းသွားရင် မလုံခြုံဘူး လို့များထင်လား။ မဟုတ်ပါ။ ယောက်ကျာင်္းလေးတွေ  ကြည့်ကောင်းအောင် အလှဝင်ပြင်တယ်များထင်နေလား။ လုံးဝပါပဲ။ ဒါ မိန်းကလေးတွေ လွတ်လပ်စွာ ခေတ္တခဏ အတင်းပြောကြတဲ့အချိန်လေးပါပဲ။အဲ့ဒါ ယောက်ကျာင်္းလေးတွေအကြောင်းပေါ့။

အိပ်မက်ကို မဖျက်ဆီးပါနဲ့

မိန်းကလေးအများစု မျှော်လင့်တဲ့အိပ်မက်ကလေးတစ်ခု ရှိတယ်။ အဲဒါ ကိုယ့်ချစ်သူနဲ့ ဘဝ တစ်ခု ထူထောင်ပြီးရင် တစ်

ချိန်ချိန်မှာ ချစ်စရာကောင်းတဲ့ ရင်သွေးလေးတွေမွေးဖို့ပေါ့။ အဲဒါကြောင့် ကလေးယူဖို့ ပြောတဲ့အခါ စိတ်ရှုပ် သွားတဲ့ အပြုအမူတွေ၊ အပြောအဆိုတွေ မလုပ်ပြပါနဲ့နော်။

ပြစေချင်တယ်

သူငယ်ချင်းတွေနဲ့ချိန်းတဲ့အခါ မိန်းကလေးတွေ့လိုက်ချင်တယ်ဆိုတာ အချိန်ပေါများနေလို့၊ အားလပ်နေတယ် လို့တော့မ

ထင်လိုက်ပါနဲ့။ ကို့ချစ်သူဘယ်လိုလူမျိုးတွေနဲ့ ပေါင်းသင်းနေတယ်ဆိုတာသိချင်ရုံသက်သက်ပါ။]

ကြိုတင်အသိပေးပါ

့မိန်းကလေးတွေဟာ ကိုရီးယားကားတွေထဲကလို ချစ်သူကောင်လေးက အိမ်ရှေ့၊ ခြံရှေ့ကို ရုတ်တရက်ရောက်လာပြီး လာခေါ်တဲ့အခါ အဲဒီလိုအံ့အားသင့်မှုမျိုးကို နှစ်သက်ကြတယ်လေ။ 


ဒါပေမဲ့ ကြိုတင်ပြီး သတိပေးချင်တာက အမြဲတမ်းတော့ မလုပ်ပါနဲ့။ မိန်းကလေးတွေ့က ကိုရီးယားမင်းသမီးတွေလို အချိန်တိုင်း လှပနေနိုင်တာမှ မဟုတ်တာ။ ပြင်ဆင်ချိန်လေး နည်းနည်းတော့ပေးပါဦး။

ချစ်စရာကောင်းတဲ့ နာမည်လေးတွေ

မိန်းကလေးတွေက ''ကို'' တို့ ''မောင်'' တို့ခေါ်ရင် ရှင်တို့ကြိုက်သလို ကျွန်မတို့နာမည်လေးတွေကို ချစ်စနိုးနဲ့ အဖျားဆွတ်

ခေါ်တာမျိုးလေးတွေ ကို ကြိုက်ပါတယ်။ ''ပူတူတူးလေး'' တို့ ''မီးမီး'' တို့ ကလေးတွေ ကိုခေါ်တဲ့ နာမည်တွေတော့ မဟုတ်
ဘူးပေါ့။

ထင်တာလွဲနေပြီ

အမျိုးသားတွေ့ကတော့ ကိုယ့်အတွေး နဲ့ကိုယ်ပေါ့။ ချွေးသံတရွှဲရွှဲ၊ ချွေးနံ့သင်းသင်း၊ ဗလတောင့်တောင့်၊ မုတ်ဆိတ်မွေး ပါးသိုင်းမွေးရေးရေး၊ ဆီပြောင်ပြောင်မျက်နှာပြင်က မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်နိုင်တယ်ဆိုတာ မှားပါ

တယ်။ မိန်းကလေးတွေ့မျှော်လင့်တာက သပ်ရပ်သန့်ရှင်းပြီး ယောက်ျား ပီသတဲ့ဆပ်ပြာနံ့၊ ရေမွေးရနံ့ နဲ့ ယောကျာ်းလေး
တွေကိုပါ။

မင်းကိုကိုယ်ချစ်တယ်

အမျိုးသားတွေအတွက်တော့ ''ချစ်တယ်''ဆိုတာ စကားလေး (၂) လုံးတည်းပေါ့။ ကြားရတဲ့ မိန်းကလေး
တို့အတွက်
ကတော့ အများကြီး အဓိပ္ပာယ်သက်ရောက်ပါတယ်။ အဲ ဒါကြောင့် ထမင်းစား၊ ရေသောက်၊ မုန့်စားသလို အလကား နေရင်းမပြောပါနဲ့။ မိန်းကလေးတွေကိုပြောတဲ့ အခါ Romantic ဆန်ဆန်လေး ပြောစေချင်တာပေါ့။

ကျေးဇူးတင်ပါတယ်

ပိုက်ဆံတတ်နိုင်လို့ကျွေးမွေးတာ၊ လျှောက်လည်ပတ်တာတွေကို မိန်းကလေးတွေ့ပျော်ရွှင်ရပါတယ်။ ဒါပေမဲ့ အဲဒီပိုက်ဆံနဲ့ မိန်းကလေးတစ်ယောက်ရဲ့ဘဝကို သိမ်းပိုက်နိုင်မယ်လို့တော့ မမျှော်လင့်လိုက်နဲ့။

တိတ်တခိုးငိုမိပါတယ်

ယောက်ကျာင်္းလေးတွေလိုပဲ မိန်းကလေးတွေ့လည်း မျက်ရည်ကို ထိန်းချုပ်နိုင်ပါတယ်။ အားပေးနှစ်သိမ့်မှု၊ နွေးထွေးကြင်

နာမှု၊ နားလည်စာနာပေးမှု လိုအပ်လာရင်တော့ ယောက်ကျာင်္းလေးတွေ့ရှေ့မှာ မိန်းကလေးတွေ ငိုမိတာပေါ့။ ဒါပေမဲ့ အမျိုးသားတွေ မသိ ခဲ့တဲ့ နှစ်ယောက်ရဲ့ အထူး အချိန်အခါလေးတွေအတွက်မိန်းကလေးတွေငိုကြွေးခဲ့ရဖူးပါတယ်။ 
ငိုကြွေးနေရဆဲပါ။

မျိုသိပ်ထားရပါတယ်

ယောက်ျားလေး (၂)မျိုးပဲရှိတယ်။ တစ်မျိုးက မိန်းကလေးဘက်ကစပြီး လိင်မှုကိစ္စပြောတဲ့အခါ အားတက် သရောပြန်ပြော

တတ်တဲ့လူ။ နောက်တစ်မျိုးက မျက်နှာကြီးနီမြန်းသွားပြီး ရှက်သွားတဲ့လူ။ ရှင်တို့ ဘာကြိုက် တယ်ဆိုတာသိချင်ပါတယ်။ မိန်းကလေးတွေ ဘယ်လိုကြိုက်တယ်ဆိုတာလည်း ပြောပြချင်ပါတယ်။

နားလည်ပေးစေချင်ပါတယ်

မိန်းကလေးသူငယ် ချင်းအချင်းချင်း မစမှုကြောင့် ခပ်ချောချော၊ ခပ်မိုက်မိုက် ကောင်လေးတွေနဲ့ Date လုပ်မိတဲ့အခါတွေ

ရှိပါတယ်။  သစ္စာမဲ့တယ်လို့တော့ မထင်ပါနဲ့။ မိန်းကလေးတွေ့လည်းလူပဲ။ ပျော်ချင် တဲ့အချိန်လေးတွေရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါတယ်။

တစ်ခါတလေတော့လည်း

တစ်ခါတလေစိတ်ညစ်ရတဲ့အချိန်တွေရှိတာပေါ့။ အဲဒါကို့ မေးမြန်းနိုင်ပါတယ်။ ဒါပေမဲ့ပြောလာတဲ့အခါမှာတော့ အမျိုးသားတွေ့ရဲ့ အကြံဉာဏ်တွေအစား တိတ်တဆိတ်နားထောင်ပေးတာကို ပိုလိုလားတောင့်တပါတယ်။

တိုက်ရိုက်မပြောပါ

အမျိုးသားတွေပါးနပ်ဖို့တော့ လိုလိမ့်မယ်။ မိန်းကလေးတွေ့က လိုချင်တာလေးတွေ၊ သွားချင်တဲ့နေရာလေးတွေရှိရင် တိုက်ရိုက်ကြီး မတောင်းဆိုတတ်ပါဘူး။ သဲလွန်စလေးတွေပဲ ပေးတတ်ပါတယ်။အမျိုးသားတွေ့ လုပ်ရမှာက မိန်းကလေးတို့ပြောတဲ့ သဲလွန်စလေးတွေကို သေချာပုံဖော်ဖို့ပါပဲ။

Shape Entertainment , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment