Pages

Saturday, October 11, 2014

န၀ဒေး တံတား အနီးရွှေ့တောင် ခလရ ၁၄ မှ မိသားစုဝင် ဘုရားဖူးကား တိမ်းမှောက်



RangonNewsDaily:: October . 11 .2014
သီတင်းကျွတ်လပြည့်နေမနက်ပိုင်းကပြည်မြို့တစ်ဖက်ကမ်းရှိ ရွှေဘုံသာမုနိဘုရားအသွားလမ်း န၀ဒေး တံတား အနီး ဘုရားဖူးဒိုင်နာကားတစီး တိမ်းမှောက်မှုဖြစ်ပွားခဲ့လို့ ယာဉ်မောင်းအပါအ၀င် လူ(၂၀)ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။ 
ကားပေါ်မှဘုရားဖူးများမှာပြည်ခရိုင်ရွှေတောင်မြို့နယ်အခြေစိုက် ခလရ ၁၄ မှ တပ်မိသားစုဝင်များဖြစ်ပြီး၊ နတ်မှော် ကုတင်(၁၀၀) စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရပါတယ်။

ယာဉ်တိမ်းမှောက်ခဲ့တဲ့ နေရာကတော့ ပန်းတောင်းမြို့နယ်ထဲမှာဖြစ်ပြီး၊ ရွှေဘုံသာမုနိဘုရားကဘုရားဖူးပြန် လာစဉ် အဆိုပါဒိုင်နာကားမှာ တောင်အတက်ကို မတက်နိုင်ပဲ နောက်ပြန်လိမ့်လာပြီး လမ်း၏ ဘယ်ဖက် 
ချောက်ထဲကို ထိုးကျတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ ပန်းတောင်းမြို့ရဲစခန်းမှုး ဦးခင်မောင်ကြည်ကပြော ပါတယ်။


" အဲဒီကားက ကုန်းတက်မှာ အရှိန်မထိမ်းနိုင်ပဲ နောက်ကိုပြန်လိမ့်ကျပြီး ချောက်ထဲထိုး ကျပြီး မှောက်သွား တာပါ ဒဏ်ရာရတဲ့သူပဲရှိတယ် အသေအပျောက်တော့ အခုထိတော့ မရှိသေးပါဘူး။” လို့ သူက ဆိုပါ တယ်။

တပ် မိသားစုဝင် တွေဖြစ်နေတဲ့အတွက် ရွှေတောင်မြို့နယ် နတ်မှော်ကျေးရွာက ကုတင်(၁၀၀) စစ်ဆေးရုံ မှာ ဆေးကုသ မှုပြုလုပ်နေကြောင်းနဲ့ အကြီးအကျယ်ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့လည်း သူကဆက်ပြော ပါတယ်။
::
ယဉ်မောင်းအား ပန်းတောင်းရဲစခန်းမှ ယာဉ်(ပ)၂၇ /၂၀၁၄ ယာဉ်မဆင်မချင်မောင်းမှု ထိခိုက်ဒဏ်ရာ ရှိစေမှု ပုဒ်မ ဖြင့်အမှုဖွင့်အရေုးယူ ထားကြောင်းသိရသည်။
::
ပြည်မြို့အနောက်ဘက် ကမ်းရှိ ရွှေဘုံသာ မုနိဘုရားသို့ သွားနိုင်ရန် ဖေါက်လုပ်ထားတဲ့ ကားလမ်း မှာ တောင်တန်းများအကြား ဖေါက်လုပ်ထားတဲ့ ကားလမ်းဖြစ်ပြီး ကားတိမ်းမှောက်တဲ့ အတက် လမ်းနေရာမှာ ကားနှစ်စီးရှောင်ဖို့ လမ်းကျဉ်းမြောင်းခြင်း နေတဲ့အတွက် မကြာခဏ ယာဉ်တိမ်းမှောက်မှု များ ဖြစ်လေ့ ရှိကြောင်းသိရပါတယ်။

ဧရာဝတီ ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment