Pages

Wednesday, October 8, 2014

ရန်ကုန်မြစ် အပျော်စီး သင်္ဘောများ စပြေးဆွဲ

RangonNewsDaily:: October . 7 .2014
ရန်ကုန် (မဇ္ဈိမ)။ ။ မိုးရာသီကာလအတွင်း ရပ်နားထားသည့် ရန်ကုန်မြစ်ကြောင်း ခရီးစဉ်များကို ယခုနှစ် ပွင့်လင်းရာသီတွင် စတင်ပြေးဆွဲနေပြီဟု မြစ်တွင်းသွား အပျော်စီးသင်္ဘော လုပ်ငန်းရှင်များက ပြောသည်။
ရန်ကုန်မြစ်တွင်း၌ အပျော်စီးသင်္ဘော ခြောက်စင်းခန့် ပြေးဆွဲလျက်ရှိပြီး ပုဂ္ဂလိက အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းများ အပြင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်းကလည်း ဌာနပိုင်သင်္ဘောများဖြင့် ပြေးဆွဲသွားမည်ဖြစ်သည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “ဌာနပိုင် အနေနဲ့ တေဇနဲ့ တိုးပွားမြစ်တွင်းသွား သင်္ဘောနှစ်စင်း ပြေးဆွဲမယ်။ ကျွန်တော်တို့ ပုံမှန်ခရီးစဉ်တွေအပြင် စင်းလုံးငှားခရီးစဉ် အတွက်လည်း ပြေးသွားမယ်”ဟု ပြောသည်။


ပြည်တွင်းရေကြောင်းပို့ဆောင်ရေး လုပ်ငန်းဌာနပိုင် တေဇအပျော်စီးသင်္ဘောကို အောက်တိုဘာ ၇ ရက် တွင် စတင်ပြေးဆွဲ သွားမည်ဖြစ်ပြီး အခြားမြစ်တွင်းသွားသင်္ဘော များလည်း ယခုလအတွင်း စတင်ပြေးဆွဲ ကြမည်ဟု မြစ်တွင်းသွားအပျော်စီးသင်္ဘော လုပ်ငန်းရှင်များက ပြောသည်။


Royal Green River Travel & Tours Co., Ltd. မှ တာဝန်ရှိသူတစ်ဦးက “River Princess သင်္ဘောနဲ့ ၅ ရက်(အောက်တိုဘာ)က စပြီးပြေးဆွဲနေတယ်။ မနှစ်က စပြေးဆွဲတဲ့အချိန်မှာ ခရီးသည်တွေ တော်တော် စီးကြတယ်။ နိုင်ငံခြားခရီးသည်ထက် ပြည်တွင်းခရီးသည်တွေက ပိုစီးကြတာများ တယ်””ဟု ပြောသည်။


မြစ်တွင်းသွား ခရီးစဉ်များကို စနေ၊ တနင်္ဂနွေ အစိုးရရုံးပိတ်ရက်များ အပါအ၀င် ကြားရက်များတွင်လည်း ပြေးဆွဲလျက်ရှိပြီး ညနေ ၅ နာရီမှ ည ၇ နာရီအထိ နှစ်နာရီ ကြာ ပြေးဆွဲပေးသည်ဟု အပျော်စီးသင်္ဘော လုပ်ငန်းရှင်များက ပြောသည်။ ယင်းခရီးစဉ်များသည် ဗိုလ်တထောင်ဆိပ်ကမ်းမှ ရန်ကုန်မြစ်ဝအထိ မောင်းနှင်ပေးခြင်းဖြစ်သည်။


Mizzima , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment

 
world time