Pages

Saturday, October 4, 2014

တယ်လီနောဆင်းမ်ကတ်များ နေပြည်တော်တွင် စတင်ရောင်း

RangonNewsDaily:: October . 3 .2014
တယ်လီနောမြန်မာသည် ၎င်းတို့၏ ဆင်းမ်ကတ်များ ကို ယနေ့ (အောက်တိုဘာ ၃ ရက်)တွင် နေပြည်တော်၌ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘မနက်ဖြန်ပဲ နေပြည်တော်မှာ ဈေးကွက်စတင်မိတ်ဆက် သွားမှာပါ။ အရောင်းဆိုင်တွေကိုလည်း တစ်ပြိုင်တည်းဖြန့်ချိပေးသွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုလည်း ထုတ်ပြန်ပေးသွားပါမယ်’’ဟု တယ်လီနောမြန်မာမှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

တယ်လီနောဆင်းမ်ကတ်များကို စက်တင်ဘာ ၂၇ ရက်တွင်မန္တလေးမြို့၌ စတင်ရောင်းချပေးခဲ့ပြီး တစ်ပတ်အကြာတွင် နေပြည်တော်၌ ဆက်လက်ရောင်းချပေးခြင်းဖြစ်သည်။

တယ်လီနောသည် မန္တလေးမြို့တွင် စတင်ရောင်းချရာ၌ အရောင်းဆိုင်ပေါင်း ၁,၅၀၀ မှတစ်ဆင့် ဆင်းမ်ကတ်ပေါင်း ငါးသိန်းကို တစ်ရက်တည်းဖြင့် ရောင်းချပေးခဲ့ပြီး ၎င်းတို့မျှော်မှန်းထားသည်ထက် ၀ယ်ယူအသုံးပြုသူများပြားခဲ့ပြီးဖုန်းခေါ်ဆိုမှုအများအပြားပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆင်းမ်ကတ်များကို နေပြည်တော်တွင် ရောင်းချပြီး တစ်ပတ်အကြာ (အောက်တိုဘာ ၉ ရက်)တွင် ရန်ကုန်၌ဆက်လက်၍ ရောင်းချသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာအမှုဆောင်အရာရှိချုပ် Petter Furberg ပြောကြားထားသည်။


7daydaily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment

 
world time