Pages

Thursday, September 25, 2014

ဆက်သွယ်ရေးမှ ထပ်မံချိတ်ဆက်မည့် ပြည်ပဆက်ကြောင်းနှစ်ခု လက်ရှိအင်တာနက်သုံးစွဲ သူများအတွက် မဟုတ်ဟုဆို

RangonNewsDaily:: September . 24 .2014
အင်တာနက်မြန်နှုန်း ကောင်းမွန် ရေးအတွက် ထပ်မံချိတ်ဆက်မည့် ဆက်ကြောင်းနှစ်ခုသည် ကွန်ရက်တိုးချဲ့ခြင်းသာဖြစ်ပြီး လက်ရှိအင်တာနက်သုံးစွဲ သူများအတွက် မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှသိရသည်။
ပြည်ပဆက်ကြောင်းနှစ်ခုမှ Bandwidth 20 ထပ်မံတိုးချဲ့မည်ဖြစ်ပြီး အဆိုပါ တိုးချဲ့ဆောင်ရွက် မှုကို အောက် တိုဘာတွင် ဆောင်ရွက်ရန်ရှိ ကြောင်း၊ ထိုင်းဆက်ကြောင်းနှင့် တရုတ်ဆက်ကြောင်းနှစ်ခုမှ ချိတ်ဆက်သွားမည်ဖြစ်ပြီး ဆက်ကြောင်းတစ်ခုလျှင် 10G ရှိမည် ဖြစ်ကြောင်း သိရသည်။

”အမြန်ဆုံး လုပ်ဆောင်သွားမှာပါ။ လက်ရှိအင်တာနက်အတွက် ချိတ်တာတော့ မဟုတ်ဘူး။ နောက်လုပ်မယ့် အစီအစဉ်တွေအတွက်သာ လုပ်ဆောင်တာပါ” ဟု ၎င်းက ဆက်ပြောသည်။
::
တရုတ်ဘက်မှ ချိတ်ဆက်မည့်ဆက်ကြောင်းမှာ မူဆယ်မှ ချိတ်ဆက်မည်ဖြစ်ပြီး ထိုင်းဘက်မှ ချိတ်ဆက်မည့် ဆက်ကြောင်းမှာ တာချီလိတ် ဆက်ကြောင်း ဖြစ်ကြောင်း၊ ယင်း ဆက်ကြောင်းများ ချိတ်ဆက်ပြီးပါက မြန်မာနိုင်ငံ၏အင်တာနက် Bandwidth ပမာဏမှာ ၅ဝ ကျော်ရှိလာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

”တစ်နိုင်ငံလုံး မိုဘိုင်းကွန်ရက်တွေ လိုက်ချဲ့နေတော့ နောက်က အင်တာနက်အတွက် Bandwidth ကိုလည်း လိုက်ပြီး တိုးချဲ့နေတာပါ။ မိုဘိုင်းကွန်ရက်တွေ ရရှိလာတဲ့အခါ အဆင်သင့်အသုံးပြုနိုင်ဖို့အတွက် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်ပဆက်သွယ်ရေးဌာနမှ အရာရှိတစ်ဦး က ပြော သည်။
::
လက်ရှိ မြန်မာနိုင်ငံ၏ အင်တာနက် Bandwidth ပမာဏမှာ စုစုပေါင်း 32.32 Gbps ရှိပြီး ယင်းကို ရေအောက် ဖိုင်ဘာကေဘယ်ဆက်ကြောင်း၊ SME-3 ဆက်ကြောင်းနှင့် ကုန်းတွင်းနယ်စပ်ဖြတ်ကျော်ဆက်ကြောင်းများ ဖြစ်သည့်ထိုင်းဆက်ကြောင်းနှင့် တရုတ်ဆက်ကြောင်းတို့မှ ချိတ်ဆက်ရယူထားခြင်း ဖြစ်သည်။

လက်ရှိချိတ်ဆက်မည့် ဆက်ကြောင်းများမှာ ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများမှ ထပ်မံချိတ်ဆက်ရယူထားခြင်းဖြစ်ကြောင်း သိရသည်။
::
ယင်းသို့ ချိတ်ဆက်ထားသော်လည်း မြန်မာနိုင်ငံ၏ အင်တာနက် မြန်နှုန်းမှာ မကြာခဏ ဆက်ကြောင်းပြတ်တောက်မှုများ ဖြစ်ပေါ် ကာ မြန်နှုန်း ကျဆင်းမှု များ ဖြစ်ပေါ် လျက်ရှိနေကြောင်း၊ လက်ရှိတွင် ကွန်နက်ရှင်ကျဆင်းမှုများ ဖြစ်ပေါ်လျက် ရှိနေကြောင်း အင်တာနက်သုံးစွဲသူများအသိုင်းအဝိုင်းမှ သိရသည်။

Ref::PopularMyanmar 

0 comments:

Post a Comment