Pages

Wednesday, September 10, 2014

အိမ်အကူကိုနှိပ်စက်သည့် ဆရာဝန်လင်မယားအား ကျန်းမာရေးဝန်ကြီးဌာနကပါ စစ်ဆေးသွားမည်


RangonNewsDaily:: September . 10 .2014
အိမ်အကူမိန်းကလေး မျက်နှာပျက်စီးသွားသည်အထိ ရိုက်နှက်သည်ဟု စွပ်စွဲခံထားရ သည့် ဆရာဝန်လင်မယားအား အ ရပ်ဘက် ဥပဒေအပြင် ကျန်းမာ ရေး ဝန်ကြီးဌာနကပါ စစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
အဆိုပါဆရာဝန်နှစ်ဦးသည် လက်ရှိတွင် မြောက်ဥက္ကလာပဆေး ရုံတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဆရာဝန်များဖြစ်သည်ဟု အမှုစစ်ရဲအရာရှိက ပြောသည်။

‘‘စုံစမ်းစစ်ဆေးချက်အရ တော့ ဆရာဝန်နှစ်ဦးဆိုတာလည်း မှန်နေတယ်။ ဆရာဝန်ဆိုတဲ့အ တွက် သူ့ဌာနဆိုင်ရာနဲ့ ညှိနှိုင်းပြီး တော့ ခေါ်ယူစစ်ဆေးဖို့ ဆောင် ရွက်နေတယ်။ အဖြစ်မှန်ပေါ် အောင် ဖော်ထုတ်သွားမှာပါ’’ဟု ထောက်ကြန့်မြို့မရဲစခန်းမှ အမှု စစ် ရဲအရာရှိက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်မှလာ၍ အိမ်အကူ လုပ်သူ အသက်(၁၄)နှစ်အ ရွယ် မိန်းကလေး တစ်ဦးကို လက် ကျိုးအောင် ရိုက်နှက်ခဲ့သည့်အ ပြင် မျက်နှာပျက်စီးသည်အထိ နှိပ်စက်ခဲ့သည့် စွပ်စွဲချက်ဖြင့် အမှု ဖွင့်ခံထားရသူမှာ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲ (၃)ရပ်ကွက်တွင် နေထိုင်သည့် ဆရာဝန်လင်မယားနှင့် ၎င်းတို့၏ မိခင်အမျိုးသမီးကြီး ဖြစ်သည်။

၎င်းတို့သုံးဦးအား လက်နက် ဖြင့် အပြင်းအထန် နာကျင်စေမှု၊ ဒဏ်ရာရစေရန် အားပေးကူညီမှု ဥပဒေပုဒ်မ ၁၁၄/၃၂၅/၃၂၆ တို့ဖြင့် ထောက်ကြန့်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်သည်။

အိမ်အကူမိန်းကလေးအား ရိုက်နှက်သောကြောင့် ရခဲ့သော ဒဏ်ရာများကို အိမ်ပေါ်မှ လိမ့်ကျ ၍ရသော ဒဏ်ရာဟု လိမ်ညာစေ ၍ ဆေးရုံ၌ ကုသစေကြောင်း ကာယကံရှင်မိန်းကလေး၏မိခင် ဒေါ်သိန်းသိန်းဝင်းက စွပ်စွဲထား ပြီး လွန်ခဲ့သည့် ၁၅ ရက်ခန့်က ဖြစ်သော အမှုကို ယခုမှ စစ်ဆေး နေရခြင်းဖြစ်သောကြောင့် အ သေးစိတ် စိစစ်နေရကြောင်း ထောက်ကြန့်မြို့မရဲစခန်းမှူး ရဲ အုပ် ဝင်းဌေးက ပြောသည်။

ရဲစခန်းတွင် အမှုမဖွင့်မီ အိမ်အကူပွဲစား၏ ညှိနှိုင်းမှုဖြင့် ရိုက် နှက်ခံရသည့် ကလေးငယ်၏မိခင် က လျော်ကြေးငွေ ကျပ် ၁၂ သိန်း ဖြင့် ကျေအေးထားခဲ့ပြီး ၁၅ ရက် ခန့်ကြာမှသာ ပြန်လည်အမှုဖွင့် ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

ကျေအေးပေးခဲ့စဉ်က အိမ်အကူပွဲစားက ၎င်းအား အရွယ် မရောက်သေးသော သမီးဖြစ်သူ ကို အလုပ်လုပ်ခိုင်းသောကြောင့် ရဲက အရေးယူနိုင်ကြောင်း ခြိမ်း ခြောက်ကာ ထမင်းဆိုင်တစ်ဆိုင် တွင် ကျေအေးလက်မှတ် ထိုးစေ ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်သိန်းသိန်း ဝင်းက ပြောသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment

 
world time