Pages

Monday, August 4, 2014

ဦးရဲထွဋ် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဆက်လုပ်မည်

RangonNewsDaily:: August . 4 .2014
သမ္မတ၏ ပြောရေးဆို ခွင့်ရှိသူအဖြစ် လက်ရှိပြန်ကြား ရေးဝန်ကြီးအဖြစ် ရာထူးတိုးမြှင့် ခံထားရသော ဦးရဲထွဋ်သာ ဆက် လက်တာဝန်ယူမည်ဖြစ်ပြီး ယခင် ကဲ့သို့ ၀န်ကြီးဌာနအားလုံး ကိုယ် စားဖြေကြားခြင်းထက် အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များ ကိုသာ ဖြေကြားတော့မည်ဖြစ် ကြောင်း သတင်းရရှိသည်။

ဦးရဲထွဋ်သည် ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ရာထူးတိုးသွားခြင်းကြောင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအ ဖြစ် သမ္မတက အသစ်ထပ်မံခန့် အပ်ရန် သတင်းများ ထွက်ပေါ်နေ ခြင်းအပေါ် ဦးရဲထွဋ်က ယင်းသို့ တုံ့ပြန်ပြောကြားခြင်းဖြစ်သည်။

‘‘ပြောရေးဆိုခွင့်ရှိသူကို အ သစ်ထပ်မခန့်ပါဘူး။ ၀န်ကြီးတာ ၀န်ရော ဒီပြောရေးဆိုခွင့်တာဝန် ကိုပါ ယူမှာဖြစ်ပါတယ်။ ဒါပေမဲ့ အရင်ကလို ရဲက တရားခံဘယ်နှ ယောက်ဖမ်းထားတယ်ဆိုတဲ့ သ တင်းမျိုးတွေကိုတော့ ဖြေကြား တော့မှာမဟုတ်ပါဘူး။ မူဝါဒပိုင်း ဆိုင်ရာတွေကိုတော့ ဖြေကြားမှာ ဖြစ်ပါတယ်’’ဟု ၎င်းကပြောကြားသည်။ ထို့ပြင် ၎င်းတာဝန်ယူထား သည့် အာဆီယံ ရေးရာ ပြောရေး ဆိုခွင့်ရှိသူအဖြစ်ကိုလည်း ဆက် လက်တာဝန်ထမ်းဆောင်မည်ဖြစ် ကြောင်း ၎င်းက ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန တွင် ဒုဝန်ကြီးနှစ်ဦးရှိပြီး ယခု လစ်လပ်သွားသော ၎င်း၏ ဒုဝန် ကြီးရာထူးနေရာတွင် အသစ်ထပ် ခန့်၊ မခန့်ကိုမူ မပြောနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment