Pages

Tuesday, July 8, 2014

မန္တလေးကိစ္စ NLDကြေငြာချက် အတုလုပ်ခြင်း ထိရောက်စွာ အရေးယူရန် ဒီချုပ်တိုက်တွန်း


RangonNewsDaily:: July . 7 .2014
မန္တလေး ပဋိပက္ခနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၏ ဇူလိုင်လ ၂ရက်က ထုတ်ပြန်ကြေငြာခဲ့သည့် ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး နာရီပိုင်းမျှ အကြာတွင် NLD၏ ရုံးတံဆိပ်ပါသည့် ကြေငြာချက်အတု တစ်စောင် ထွက်ရှိလာခြင်းသည် ဥပဒေနှင့် ငြိစွန်းကြောင်း ထင်ရှင်း၍ ထိရောက်စွာ အရေးယူရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇူလိုင်လ ၇ရက်နေ့စွဲဖြင့် ကြေငြာချက် ထုတ်လိုက်သည်။
ယင်းကြေငြာချက်အတုသည် ပြည်သူကို ထင်ယောင်ထင်မှား ဖြစ်စေပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၁၇၊ အီလက်
ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄(က)နှင့် ညှိစွန်းနေသည်ဟု NLDက ကြေငြာထားသည်။

ယင်းကြေငြာချက်အတုကို "ရဲသွေး"အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာက စတင် ဖြန့်ဝေခြင်းဖြစ်သည်ဟု ဆိုထားသည်။


Mizzima News , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time