RangonNewsDaily:: July . 22 .2014
Miss Supranational 2013 သရဖူရှင် ခင်ဝင့်ဝါ၏ သရဖူ ပြန်လည်ရုပ်သိမ်းခံလိုက်ကြောင်း သိရသည်။ သို့ဖြစ်၍ Miss Supranational 2014 ဆုရတဲ့သူကို Miss ခင်ဝင့်ဝါအနေနဲ့ သရဖူလွှဲပြောင်းပေးအပ်ခွင့်မရှိတော့ပြီဖြစ်သောကြောင့် ခင်ဝင့်ဝါအား စင်တင်ပေးခဲ့သော Miss Golden Land Myanmar Organization မှ Founder and CEO ကိုဝေယံအောင်ကို တွေ့ဆုံမေးမြန်းခဲ့သည်။
“ခင်ဝင့်ဝါကို ကျွန်တော်တို့ Miss Golden Land Myanmar Organization ကနေပြီးတော့ ဒီနှစ်ဆုရတဲ့ Miss ကို သရဖူလွှဲပြောင်းပေးအပ်ခွင့် မပြုတော့ပါဘူး။ Miss တစ်ယောက်က တခြား Miss တစ်ယောက်ကို သရဖူလွှဲပေး တယ်ဆိုတာ သူ့အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်ကို နောက်နှစ် Miss အတွက်ကို လွှဲပြောင်းပေးတဲ့စနစ်ပါ။
အဲဒီစနစ်ကို သရဖူလွှဲပြောင်းပေးတယ်လို့ နိုင်ငံတကာက သတ်မှတ်ထားပါတယ်။ ခင်ဝင့်ဝါအနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်ကျေပွန်တယ်လို့ မယူဆတဲ့အတွက် တာဝန်လွှဲပြောင်းပေးစရာ မလိုပါဘူး။
အဲဒီအတွက် သရဖူဆောင်းပေးခွင့်မပေးတာပါ။ အဓိကကတော့ Organization နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိလို့ပါပဲ။ အဲဒီအတွက် Organization အပေါ်မှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်တယ်လို့ မယူဆပါဘူး။ ခင်ဝင့်ဝါအစား Miss Supranational Philippiness 2013, runner-up ရခဲ့တဲ့ ဖိလစ်ပိုင်အလှမယ်က ဒီနှစ်ရတဲ့ Miss ကို လာပြီးတော့ သရဖူဆောင်းပေးမှာပါ”
“ခင်ဝင့်ဝါရဲ့ အနုပညာလုပ်ငန်းတွေဆိုရင် ကျွန်တော်တို့ရဲ့ ခွင့်ပြုချက်နဲ့ Management အောက်ကနေ လုပ်ရတယ်ဆို
တာ စာချုပ်ထဲမှာ ပါပြီးသားပါ။ အဲဒါတွေကို မလိုက်နာဘူး။ သူ့ရဲ့ အနုပညာလုပ်ငန်းတွေက ကုမ္ပဏီက ပြန်ပြောမှ သိရတာတွေရှိတယ်။ ဓာတ်ပုံတွေ Facebook ပေါ်မှာ တက်လာမှ သူ ဒီပွဲကို တက်ရောက်ခဲ့ပါသလားဆိုတာ သိရပါတယ်။ အဲဒီအတွက် သူ့ကို စာချုပ်စည်းကမ်းလိုက်နာအောင် သတိပေးလိုက်တာပါ။
Miss တစ်ယောက်ဖြစ်ပြီဆိုရင် Organization နဲ့ ပူးပေါင်းနိုင်ရမယ်။ နိုင်ငံ့အကျိုးပြုတွေ လုပ်နိုင်ရမယ်။ တစ်နှစ်ကလေးတောင် စာချုပ်စည်းကမ်းမလိုက်နာနိုင်ဘူးဆိုရင် Miss Myanmar တစ်ယောက်ရဲ့ ဂုဏ်ပုဒ်နဲ့ ရေရှည်
ဘယ်လိုတည်နိုင်မလဲလို့ ပြောခဲ့ပါတယ်။”
ကိုဝေယံအောင်ရဲ့ စကားတွေနဲ့ပတ်သက်ပြီး Miss ခင်ဝင့်ဝါကို ဆက်ပြီးမေးမြန်းခဲ့ရာမှာတော့ “ထုံးစံအရ သရဖူကို 2013 Miss ကနေ 2014 Miss ကို လွှဲပြောင်းပေးရတာပါ။ ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပထမဆုံးသွားပြိုင်
ခဲ့တယ်။ အခု သရဖူလွှဲခွင့်မရတော့ဘူးဆိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။
တစ်ခါတလေ ကြော်ငြာ၊ မဂ္ဂဇင်း cover တွေရိုက်ရင် ပြောဖို့ မေ့ကျန်ခဲ့တာတွေလောက်ပဲရှိပါတယ်။ အနုပညာအလုပ်
တွေ ဖြစ်တဲ့ Brand Ambassador တို့၊ ထုတ်လုပ်ရေးတို့နဲ့ စာချုပ်ချုပ်ရင်လည်း Organization က လူကြီးတွေကိုယ်တိုင်
ပါတယ်။ သူတို့လည်း လက်မှတ်ထိုးတယ်။ ဇာတ်ကားရိုက်တာတွေကိုလည်း အသိပေးပါတယ်။
Facebook တင်ရင်တောင်မှ ဖုန်းဆက်ပြီးပြောပါတယ်။ ဒါပေမဲ့ အခုစာချုပ်ဖောက်ဖျက်တယ်၊ သရဖူဆောင်းခွင့် မပေး
ဘူးဆိုတာ သိရတော့ အံ့သြမိတယ်။ စိတ်မကောင်းလည်းဖြစ်ရပါတယ်။ Organization နဲ့ စာချုပ်ချုပ်ကတည်းက အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ အချိန်ဆိုရင်လည်း အမြဲအချိန်မှန်၊ အချိန်ပြည့်ကြိုးစားခဲ့တယ်။ ခင်ဝင့်ဝါရဲ့ အကျင့်စာရိတ္တ၊ စိတ်ထားကိုလည်း အားလုံးသိပါတယ်။
လူဆိုတာကတော့ ကိုယ့်အခက်အခဲနဲ့ကိုယ် ရှိနေကြစမြဲပါ။ ထုတ်ဖော်ပြောလို့ရတာရှိသလို၊ မရတာတွေလည်း ရှိပါတယ်။ တစ်နှစ်လုံး အကောင်းဆုံးဖြစ်အောင် နေခဲ့ပေမယ့် အခု တစ်နှစ်ပြည့်ခါနီးကာမှ ဒီသတင်းကြားရတာ စိတ်မကောင်းပါ
ဘူး။ ပထမဆုံး သူတို့ ပျိုးထောင်ပေးခဲ့တဲ့ Miss တစ်ယောက်ဖြစ်လို့ ပရိသတ်အထင်လွဲစေမယ့် စကားတွေ မပြောစေ
ချင်ပါဘူး။ ခင်ဝင့်ဝါအကောင်းဆုံးဖြစ်အောင် အမြဲနေခဲ့ပေမယ့် သရဖူလွှဲခွင့်မပေးဘူး။ စည်းကမ်းမလိုက်နာဘူးလို့ ပြော
တာတွေကို တကယ်စိတ်မကောင်းဖြစ်မိပါတယ်”လို့ ဆိုသွားခဲ့ပါရဲ့။
ခင်ဝင့်ဝါ၏ မိခင်မှလည်း “စာနယ်ဇင်းတွေအားလုံးလည်း ဒီကိစ္စနှင့်ပတ်သက်၍ စိတ်မကောင်းမဖြစ်ပါနဲ့ သူတို့လက်
ထဲမှာရှိနေတော့လည်း သူတို့သဘောပဲပေါ့နော်။ သူတို့ဘက်က နဂို ၆ လလောက်ကတည်းက လွှဲပေးရမယ့် Miss ကို စောင့်ခိုင်းထားတာဆိုတော့ တမင်သက်သက်ချောက်ချတဲ့သဘောမှာ ရှိနေတယ်။
အင်တာဗျူးတွေဆိုရင်လည်း မဖြေပါနဲ့လို့ ပြောပါတယ်။ သူတို့နဲ့က စာချုပ်ရှိနေခဲ့ပြီး စာချုပ်မှာလည်း ဒီအကြောင်းအ
ရာတွေက ပါနေတဲ့အခါ အန်တီတို့ဘက်က အမှားမရှိအောင်တော့ အတတ်နိုင်ဆုံးနေခဲ့ပါတယ်။ ပရဟိတဆိုလည်း လုပ်
ခဲ့တာပဲလေ။ စာနယ်ဇင်းတွေမှာလည်း ပါနေတာပဲ။ အားလုံးလည်း သိပါတယ်။ အန်တီတို့ဘက်ကတော့ ဘာမှ မပြော
တော့ပါဘူး။ စာချုပ်လည်းပြည့်ဖို့ တစ်လလောက်ပဲလိုတော့တာဆိုတော့လေ၊ သမီးကတော့ စိတ်မကောင်းဖြစ်နေတယ်။
သူ့အနေနဲ့ အနုပညာလုပ်ငန်းတွေမှာလည်း ကြိုးစားနေတယ်။ ပရဟိတလည်း လုပ်နေရဲ့နဲ့ အကြောင်းမရှိအကြောင်း
ရှာတာပါ။ တချို့နိုင်ငံတော်နဲ့ပတ်သက်တဲ့ပွဲတွေမှာ လူညီတဲ့အခါတွေမှာ တော့ အကြောင်းမကြားမိတာလေးတွေရှိ
ပါတယ်”ဟု ဆိုပါတယ်။
ခင်ဝင့်ဝါဟာ ဂျွန်လွင်၏ Star&Model အေဂျင်စီသင်တန်းဆင်းတဦးဖြစ်ခဲ့ပြီး ထိုစဉ်က Miss Supranation ပြိုင်ပွဲဝင်
ရန်အတွက် အခြားမည်သည့်အေဂျင်စီနှင့်မှ သာချုပ်ချုပ်ဆိုခြင်းမပြုရဟူသော စာချုပ်ပါ စည်းကမ်းကို ဖောက်ဖျက်၍ Miss Golden Land Myanmar Organization နှင့် စာချုပ် ချုပ်ဆိုခဲ့သောကြာင့် Star&Model အေဂျင်စီ၏ တရား
စွဲဆိုဖြင်းခံခဲ့ရပြီး ရော်ကြေးငွေသိန်း ၃၀ ပေးခဲ့ရဖူးသည်။
“ကျွန်တော်က ဒီကိစ္စကို နားမလည်ဘူး၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် စင်ပေါ်မှာ တရားဝင်ကမ္ဘာသိလူသိရှင်ကြား ရခဲ့တာပဲ၊ သူတို့မနေနဲ့လဲ နာမည်တခုရပြီး လုပ်စားလို့လဲ ၀နေပါပြီ၊ အခုအချိန်မှာ ဒီနာမည်နဲ့ အိမ်မှာ အိပ်နေလဲ ဘာမှမဖြစ်တော့
ဘူး၊ ဒီသရဖူသိမ်းသွားလဲ ဘာဖြစ်လဲ၊ အဓိကက သရဖူက ဘာမှလုပ်လို့ရတာ မဟုတ်ဘူး၊ နာမည်နဲ့ အောင်မြင်မှုက အဓိကပါပဲ” လို့ ဂျွန်လွင်က ပြောပါတယ်။
ဓါတ်ပုံနှင့် သတင်း - MYN
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment