Pages

Friday, July 18, 2014

ထိုင်းမြောက်ပိုင်း ချင်းရိုင်မှာ မြေငလျင်များ လှုပ်ခတ်


RangonNewsDaily:: July . 18 .2014
ထိုင်း နိုင်ငံ မြောက်ပိုင်း ချင်းရိုင်ဒေသကို ဗဟိုပြုပြီး မြေငလျင် ဆက်တိုက် လှုပ်ခတ်
ခဲ့တယ်လို့ ထိုင်းနိုင်ငံ မြေငလျင် တိုင်းတာရေး ဌာန ထုတ်ပြန်ပါတယ်။ယမန်နေ့ ဇူလိုင်
လ ၁၆ ရက်နေ့က နောက်ဆက်တွဲ မြေငလျင်တခုအဖြစ် ချင်းရိုင်နယ်
ကို ဗဟိုပြုကာ အင်အား ၃့  ၄ မဂ္ဂနီကျု ပြင်းအားရှိ ငလျင်တခု လှုပ်ခတ်ပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့တုန်းကလည်း မနက် ၉ နာရီက အင်အာ ၃့  ၅ ပြင်းအား၊ နေ့လယ် ၁၁ နာရီခန့်က အင်အား ၁့ ၉ နဲ့ နေ့လယ် ၂ နာရီ ခန့်က အင်အား ၄့ ၃ မဂ္ဂနီ ကျူ အသီးအသီး ရှိတဲ့ မြေငလျင်တွေ လှုပ်ခတ်သွားတာလို့ သိရပါတယ်။
အခုလို ချင်းရိုင်နယ်မှာ မြေငလျင်တွေ ဆက်တိုက်လှုပ်သွားခဲ့ပေမယ့် လူ ထိခိုက်မိ တစုံတရာ မရှိဘူးလို့ ချင်းမိုင် တူဒေး သတင်းတခုက ဖော်ပြပါတယ်။

မစ္စယင်လတ် ဝန်ကြီးချုပ် အဖြစ်နုတ်ထွက်ပေးလိုက်ရပြီး ထိုင်းစစ်တပ် အာဏာသိမ်းခဲ့စဉ် လွန်ခဲ့တဲ့ မေလ တုန်းက ချင်းရိုင် မြေငလျင်ကြောင့် လမ်းတွေလည်း ပြတ်ရွေ့သွားပြီး အဆောက်အဦ တော်တော်များများ လည်း ပျက်စီးခဲ့ပါတယ်။
::
ထိုင်းနိုင်ငံ ချင်းရိုင်ဒေသဟာ မြန်မာနိုင်ငံ တာချီလိတ်မြို့နဲ့ လည်း အလွန်နီးကပ်ပြီး ၂၀၁၁ ခုနှစ်တုန်းက တာချီလိတ် မြေငလျင် လှုပ်ခတ်စဉ် လူသေဆုံးမှုနဲ့ ထိခိုက်ပျက်ဆီးမှု အလွန်များပြားခဲ့ပါတယ်။

ဧရာဝတီ ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time