Pages

Sunday, July 6, 2014

အရှိန်မထိန်းနိုင်သည့် ဆီဘောက်ဆာယာဉ် လမ်းဘေးသို့ထိုးကျတိမ်းမှောက်၍မီးလောင်မှုဖြစ်


RangonNewsDaily:: July . 6 .2014
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ ည ၉ နာရီခွဲချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ညောင်ကြပ်ကျေးရွာအနီး၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၂၀၈/၅-၆)ကြားတွင် ဆီဘောက်ဆာ ယာဉ်(၁)စီး ကားလမ်း၏ယာဘက်ခြမ်း မြေသားလမ်းပေါ်သို့ ကန့်လန့်ဖြတ်လဲကျတိမ်းမှောက်ပြီး မီးလောင်နေသဖြင့်
မြို့လှနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက ကျေးရွာမီးသတ်တပ်ဖွဲ့ဝင်များ၊ ရေတာရှည် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဆွာမြို့နယ်မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့်အတူ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၄၀ မိနစ်အချိန် မီးငြိမ်းသွားခဲ့
သည်။ 

စစ်ဆေးချက်အရ ရန်ကုန်ဘက်မှမန္တလေးဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်နေ ကျော်ရွှေ မောင်းနှင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ တောင်သာ မြို့နယ်၊ တံတားအရှေ့ကျေးရွာနေ ယာဉ်နောက်လိုက် စိုးသန်း(၂၀)နှစ်လိုက်ပါ
လာသော ၁င/xxxx နစ်ဆန်း(၂၂)ဘီး ဆီသယ်ယာဉ်သည် အခင်းဖြစ်နေရာသို့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ရှိ ကြံခင်းအတွင်းသို့ ထိုးကျတိမ်းမှောက်၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ထိုသို့ ဆီသယ်ယာဉ်တိမ်းမှောက်မီးလောင်ကျွမ်းစဉ် ယာဉ်မောင်း ကျော်ရွှေမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင်
သွားခဲ့ပြီး စိုးသန်းတွင် ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် မြို့လှ တိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့
ကာ ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့လှနယ်မြေရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေး
လျက်ရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်နေသူ ကျော်ရွှေအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည် , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment