Pages

Sunday, June 15, 2014

ခြေစွမ်းမပြနိုင်သည့် ရွန်နီအား ဟော့ဒ်ဆန် ကာကွယ်ပြောဆို

ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်ခံနေရသည့် ရွန်နီ (Photo:AFP)
RangonNewsDaily:: june . 15 .2014
အင်္ဂလန်အသင်းနည်းပြရွိုင်းဟော့ဒ်ဆန်သည် အီတလီနှင့်ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းမရှိသည့် တိုက်စစ်မှူးရွန်နီဘက်မှ ကာကွယ်ပြောဆိုမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပွဲတွင် ရွန်နီသည် အင်္ဂလန်အသင်းချေပဂိုးရရှိအောင် ဖန်တီးပေးခဲ့သော်လည်း အပိုင်ဂိုးသွင်းခွင့်တစ်ကြိမ်ကို ဖြုန်းတီးပစ်ခဲ့
သလို၊ ဘယ်တောင်ပံတစ်လျှောက် အကောင်းဆုံးကစားနိုင်ခဲ့ခြင်းမရှိပေ။ ရွန်နီသည် ပြီးခဲ့သည့်ခြေစမ်းပွဲများကစားခဲ့စဉ်ကလည်း ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းမရှိသဖြင့်ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရပြီး ကမ္ဘာ့ဖလားပွဲစဉ်(၉)ပွဲကစာားတွင် တစ်ဂိုးမှသွင်းယူနိုင်ခြင်း
မရှိသေးဟု သိရသည်။ 

သို့သော်လည်း ဟော့ဒ်ဆန်က ရွန်နီဟာ ဘယ်ဘယ်ခြမ်းမှာ အကောင်းဆုံးမကစားနိုင်ဘူးလို့ သုံးသပ်မှုတွေဟာ အရမ်းကို ပြင်းထန်
လွန်းတယ်လို့ ထင်ပါတယ်။ ရွန်နီရဲ့ခြေစွမ်းက ကျေနပ်စရာကောင်းပြီး ချေပဂိုးသွင်းယူနိုင်အောင်လည်း ဖန်တီးပေးခဲ့ပါတယ်။ 

ရွန်နီအနေနဲ့ နေရာပေါင်းစုံမှာ ကစားနိုင်တဲ့သူဖြစ်ပြီး သူ့ရဲ့ခြေစွမ်းကို သူကိုယ်တိုင်ကျေနပ်လိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ် ဟု ပြောကြားခဲ့သည်။ အင်္ဂလန်အသင်းသည် လာမည့်ကြာသပတေးနေ့တွင် ဥရုဂွေးအသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စုအဆင့်
မှတက်ရန် မဖြစ်မနေအနိုင်ကစားရတော့မည်ဖြစ်ကြောင်းသိရသည်။

EMG , 
kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment

 
world time