Pages

Monday, June 9, 2014

တက္ကသိုလ်ဝင်တန်း စာမေးပွဲကျ၍ မောင်တောတွင် ကျောင်းသူတစ်ဦး ဆေးသောက် သေဆုံး

RangonNewsDaily: June . 9 .2014
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူ ကျောင်းသူတစ်ဦးသည် ဂုဏ်ထူးပါမည်ဟု မှန်းထားသော်လည်း စာမေးပွဲ ကျဆုံးသဖြင့် သွေးကျဆေး ၂၂ လုံး သောက်ပြီး သေဆုံးသွားကြောင်း အဆိုပါကျေးရွာမှ ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။
သေဆုံးသူ ကျောင်းသူမှာ အသက် ၁၈ နှစ်အရွယ် မမေသန်းစိုး ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို သုံးနှစ် ဖြေဆိုခဲ့ကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရှိရသည်။

“စာမေးပွဲကျမှန်း ရင်းနှီးတဲ့ ကျောင်းဆရာတစ်ဦးက ပြောလိုက်တော့ စိတ်ထိခိုက်ပြီး သူ့အဖေ သောက်နေတဲ့ သွေးကျဆေး ၂၂ လုံးကို သောက်ပြီး သေသွားတာပါ” ဟု ယင်းကျေးရွာမှ ကျောင်းဆရာမတစ်ဦးက ဆိုသည်။
မမေသန်းစိုးသည် ဇွန်လ ၆ ရက်နေ့ ည ၁၀ ခန့်တွင် စာမေးပွဲ ကျဆုံးကြောင်းကို သိရှိခဲ့ပြီး ယင်းညဥ့်တွင် သွေးကျဆေးများကို သောက်သုံးခဲ့ရာ ဇွန်လ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ဇွန်လ ၇ ရက်နေ့ ညပိုင်းတွင် ၎င်းကို သင်္ဂြိုဟ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရှိရသည်။

မောင်တောမြို့နယ်တွင် စာစစ်ဌာန လေးခုအနက် ကြိမ်ချောင်း အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနတွင် ၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူပေါင်း ၃၈၀ ဦးရှိပြီး ၂၇ ဦး အောင်မြင်ခဲ့ကြသည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time