Pages

Friday, June 27, 2014

စီရော်နယ်လ်ဒို၏ဂိုးဖြင့် ပေါ်တူဂီ အနိုင်ရခဲ့သော်လည်း အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရ

(photo : AFP)
RangonNewsDaily:: June . 27 .2014
ပေါ်တူဂီအသင်းသည် ဂါနာအသင်းကို အသင်းခေါင်းဆောင် စီရော်နယ်လ်ဒို၏ အနိုင်ဂိုးအပါအ၀င် (၂-၁)ဂိုးဖြင့် အနိုင်ရ
ခဲ့သော်လည်း အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရကြောင်း သိရှိရသည်။
ပေါ်တူဂီအသင်းသည် စီရော်နယ်လ်ဒို၊ နာနီ၊ မော်တင်ဟို၊ ပီပီတို့ဖြင့် လူစုံခဲ့သော်လည်း ပွဲမတိုင်မီ မွန်တာရီနဲ့ ဘိုတန်တို့
ကို အသင်းလူစာရင်းမှ ထုတ်ပယ်ခဲ့သည့် ဂါနာအသင်းမှာမူ အဆာမိုဂျန်၊ အယူးတို့ကိုသာ အားထားကစားခဲ့ရသည်။

 နှစ်သင်းစလုံး တိုက်စစ်ဖွင့် ကစားခဲ့ကြပြီး ဂါနာအသင်း၏ အင်အားသုံးကစားမှုကို ပေါ်တူဂီအသင်း ခက်ခက်ခဲခဲရင်ဆိုင်
ခဲ့ရသည်။ သို့သော် ပွဲချိန်မိနစ်(၃၀)တွင် ဗယ်လော့ဆို၏ ကန်ချက်ကို ကာကွယ်ရာမှ ဂါနာနောက်ခံလူ ဘိုယီ ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့မိသည့်အတွက် ပေါ်တူဂီအသင်း ဦးဆောင်ဂိုး ရရှိသွားခဲ့သည်။ 

ယင်းဂိုးကို (၅၇)မိနစ်တွင် အဆာမိုဂျန်က ပြန်လည်ချေပခဲ့ပြီးနောက် နှစ်သင်းစလုံး တိုက်စစ်ပိုဖွင့် ကစားခဲ့ကြပြီး ပေါ်တူ
ဂီအသင်းက အခွင့်အရေးများ ပိုရခဲ့သည်။ ပေါ်တူဂီအသင်းအတွက် အဖွင့်ဂိုးကို စီရော်နယ်လ်ဒိုက မိနစ်(၈၀) တွင် ဂိုး
သမားပုတ်ထုတ်ရာမှ ထွက်လာသည့်ဘောလုံးကို အပိုင်ပိတ်သွင်းခဲ့ခြင်းဖြစ်သည်။

ပွဲပြီးခါနီးတွင် စီရော်နယ်လ်ဒို ဂါနာဂိုးသမားနှင့် တစ်ဦးချင်းတွေ့ပြီး အပိုင်ကန်ခွင့်ရခဲ့သော်လည်း ဂိုးသမားတည့်တည့် ကန်မိခဲ့သောကြောင့်သာ နောက်ထပ်ဂိုး မရခဲ့ခြင်းဖြစ်သည်။ ပေါ်တူဂီအသင်းအနေဖြင့် အမေရိကန်နှင့် အမှတ်တူ ဖြစ်သွားခဲ့သ်ာလည်း ဂိုးကွာခြားချက်အရ အုပ်စုမှ လှည့်ပြန်ခဲ့ရခြင်းဖြစ်သည်။


KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment

 
world time