Pages

Thursday, June 19, 2014

မဟာသန္တိသုခကျောင်း စီးနင်းမှု ဒေါ်အောင်ဆန်းစုကြည် ပြစ်တင်ပြောကြား

RangonNewsDaily:: June . 19 .2014
တာမွေမြို့နယ်ရှိမဟာသန္တိသုခကျောင်းတိုက်ကိုအာဏာပိုင်တွေဇွန်လ၁ဝရက်ညကဝင်ရောက်စီးနင်းကာသံဃာတော်
တွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
က ပစ်တင်ဝေဖန်လိုက်ပါတယ်။ ဒီမိုကရေစီစနစ်ကို ပြောင်းလဲနေပါတယ်ဆိုတဲ့ အခုကာလမျိုးမှာ ဒီလိုမဖြစ်သင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
"ဒီမိုကရေစီဘက်သွားနေပါတယ်ဆိုတဲ့အချိန်မှာ ဒီလိုမလုပ်သင့်ဘူးလေ အထူးသဖြင့် ဒီလို ညကြီးသန်းခေါင် ဝင်ဝင်စီး
တာဟာ ဒီဟာဟာ မလုပ်သင့်တဲ့ကိစ္စပဲ၊ မှန်ကန်တဲ့ အလုပ်လုပ်တယ်ဆိုလို့ရှိရင် လူမြင်ကွင်းမှာ လုပ်ရဲရမှာပေါ့"

RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်

သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ PR ခေါ် အချိုးကျကိုယ်စားပြုစံနစ်ကို ကျင့်
သုံးဖို့ အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒီစံနစ်ကို ပြောင်းလဲကျင့်သုံးဖို့ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းကျမှ ပြောဆိုလာကြတာဖြစ်ပြီး ခိုင်လုံတဲ့ အကြောင်းပြချက် တစုံတရာ မရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ဝေဖန်ပြောကြားခဲ့ပါတယ်။

"ဒီလို စနစ်တစ်ခုကို ပြောင်းတယ်ဆိုရင် လက်ရှိစနစ်က အလုပ်မဖြစ်ဘူးဆိုတာ ပေါ်လွင်မှ ပြန်ပြောင်းဖို့ လိုပါတယ်၊ မလို

အပ်ပဲနဲ့ ပြောင်းတဲ့ဟာတွေက ဘယ်လိုမှ ဒီနိုင်ငံကို အကျိုးမပြုနိုင်ဘူး၊ မှန်မှန်ပြောရလို့ရှိရင် ဒါနိုင်ငံရေး ရည်ရွယ်ချက်
တစ်ခုခုနဲ့ လုပ်တယ်လို့ပဲ ထင်တာပဲလေ၊ ဒီမိုကရေစီအတွက် လုပ်တာတော့ မဟုတ်ပါဘူး"

ဒါ့အပြင် ပုဒ်မ ၅၉ (စ) ကိုပြင်ဆင်ခြင်းမပြုဖို့ ပြည်ထောင်စုလွတ်တော် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီက ဆုံးဖြတ်ခဲ့တဲ့

ကိစ္စနဲ့ အခုရက်ပိုင်းထွက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် ရဲ့ Hard Choices ခက်
ခဲတဲ့ရွေးချယ်မှုများ စာအုပ်မှာဖေါ်ပြထားတဲ့ မြန်မာ့နိုင်ငံရေးပြောင်းလဲမှု နောက်ကွယ်က အဖြစ်အပျက်တွေနဲ့ ပတ်သက်
လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

RFA , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment

 
world time