Pages

Sunday, June 1, 2014

နှစ်နိုင်ငံနယ်စပ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ရေးဝါဒဖြန့်မှုများ အပြိုင်အဆိုင်လုပ်ဆောင်လာ


RangonNewsDaily: June . 1 .2014
နှစ်နိုင်ငံနယ်စပ်အကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ယင်းတိုက်ပွဲများနှင့် ပတ်သက်ပြီး မြန် မာနှင့်ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံလုံး ၏ စစ်ဘက်ဆိုင်ရာအင်တာနက် စာမျက်နှာများတွင် ၀ါဒဖြန့်ချိရေး
လုပ်ငန်းများပြိုင်တူ လုပ်ဆောင်လာကြသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် မေလအစောပိုင်းမှစတင်ပြီး တိုက်ပွဲအချို့ဖြစ်ပွား လျက်ရှိရာ မေလ ၂၉ ရက်တွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ အရာရှိတစ်ဦးကျဆုံးသွားပြီးနှစ်နိုင်ငံဆက်ဆံရေးအတင်းမာဆုံးအခြေအနေအထိရောက်ရှိလာရန် တာစူလျက်ရှိသည်။

မေလ ၂၉ ရက်က သေဆုံး သွားသည့် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်အရာရှိ၏ သတင်းကို ဘင်္ဂလားဒေ့ရှ်ပြည်တွင်း သတင်း ဌာနများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၏ စစ်ရေးသတင်းများကို ထုတ် ပြန်လျက်ရှိသည့် လူမှုကွန်ရက် များတွင်အကျယ်တ၀င့်ရေးသား လျက်ရှိသည်။

နယ်ခြားစောင့်တပ်အရာရှိ သေဆုံးသွားခဲ့သည့် တိုက်ပွဲအပြီး နာရီပိုင်းအကြာတွင် ဘင်္ဂလားဒေ့ ရှ်နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုများ၊ စစ်လက်နက်ပစ္စည်းများအကြောင်းကို ဘင်္ဂါလီဘာသာစကားဖြင့် လွှင့်တင်လေ့ရှိသည့် Bangladesh Navy, Bangladesh Military, Bangladesh Defence စသည့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာများတွင် နှစ်နိုင်ငံရေတပ်အင်အားခြင်း နှိုင်းယှဉ်သုံးသပ်ချက်များကို ချက်ချင်းထုတ်ပြန်ခဲ့ပြီး ၀ါဒဖြန့်ချိရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်။

ထိုနည်းတူ မြန်မာ့တပ်မ တော်၏ စစ်ရေးလေ့ကျင့်မှုများ အကြောင်း မြန်မာဘာသာ စကားဖြင့် လွှင့်တင်ထားသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် လည်း မြန်မာ့ရေတပ်၏ စစ်ရေးလေ့ကျင့်မှုများ၊နှစ်နိုင်ငံနယ်စပ်အကြားအငြင်းပွားမှုများအကြောင်းကို ရေးသားလျက်ရှိသည်။

7 Day News , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment

 
world time