RangonNewsDaily:: June . 22 .2014
မြန်မာနိုင်ငံမှာ ပြဌါန်းဖို့ ပြင်ဆင်နေတဲ့ မျိုးစောင့်ဥပဒေမူကြမ်းကို ဆက်လက် အကောင်အထည်မဖေါ်ဖို့  ကုလသမဂ္ဂရဲ့ လူ့ အခွင့်အရေးကျွမ်းကျင်သူတွေ က မနေ့ ကတောင်းဆိုလိုက်ပါတယ်။လူတိုင်းမှာ တဦးချင်းအလိုက် ဘာသာတရားကိုးကွယ်ယုံကြည်မှုအတွက် လွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ်လို့ လဲ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။
ဘာသာရေးနဲ့ ယုံကြည်မှုဆိုင်ရာလွတ်လပ်ခွင့်အ ထူးကိုယ်စားလှယ် Heiner Bielefeldt ၊ လူမျိုးစု အရေးဆိုင်ရာအထူးကိုယ်စားလှယ် Rita Izsak နဲ့  မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Yanghee Lee တို့ ကတောင်းဆိုလိုက်တာပါ။
ဘာသာရေးနဲ့ ယုံကြည်မှုဆိုင်ရာလွတ်လပ်ခွင့်အ ထူးကိုယ်စားလှယ် Heiner Bielefeldt က- လူတယောက်ရဲ့ ကိုးကွယ်ယုံကြည်ရာဘာသာတရား ကူးပြောင်းခြင်းမှာ အစိုးရကပါဝင်စွက်ဖက် တာဟာ နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွှန်းနဲ့ မကိုက်ညီသလို တရားဝင်မှုလဲမရှိဘူးလို့  ပြော ပါတယ်။
လူမျိုးစု အရေးဆိုင်ရာအထူးကိုယ်စားလှယ် Rita Izsak ကတော့ လူမျိုးစုအခွင့်အရေးနဲ့  လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ဆက်လက်ရှင်သန်အောင် မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ တိုက်တွန်း လိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Yanghee Lee က မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်ပြုပြင်ပြောင်းလဲ နေတဲ့အချိန် မှာ နောက်ကြောင်းပြန်လှည့်မှာကို စိုးရိမ်မိတယ်လို့  ပြောဆိုလိုက်ပါတယ်။
RFA , KOLATT(PBDN)
RangonNewsDaily
မြန်မာနိုင်ငံမှာ ပြဌါန်းဖို့ ပြင်ဆင်နေတဲ့ မျိုးစောင့်ဥပဒေမူကြမ်းကို ဆက်လက် အကောင်အထည်မဖေါ်ဖို့  ကုလသမဂ္ဂရဲ့ လူ့ အခွင့်အရေးကျွမ်းကျင်သူတွေ က မနေ့ ကတောင်းဆိုလိုက်ပါတယ်။လူတိုင်းမှာ တဦးချင်းအလိုက် ဘာသာတရားကိုးကွယ်ယုံကြည်မှုအတွက
ဘာသာရေးနဲ့ ယုံကြည်မှုဆိုင်ရာလွတ်လပ်ခွင့်အ
ဘာသာရေးနဲ့ ယုံကြည်မှုဆိုင်ရာလွတ်လပ်ခွင့်အ
လူမျိုးစု အရေးဆိုင်ရာအထူးကိုယ်စားလှယ် Rita Izsak ကတော့ လူမျိုးစုအခွင့်အရေးနဲ့  လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ဆက်လက်ရှင်သန်အောင် မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ တိုက်တွန်း လိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Yanghee Lee က မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်ပြုပြင်ပြောင်းလဲ
RFA , KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment