Pages

Friday, June 20, 2014

ဂျပန် နဲ့ ဂရိ သရေကျ


RangonNewsDaily:: June . 20 .2014
ဒီကနေ့နံနက် ပွဲစဉ်မှာ ဂျပန်ရော ဂရိရော အုပ်စုတက်ရေးကို အသဲအသန်ကြိုးစားခဲ့ပေမယ့်၊ တဖက်နဲ့ တဖက် ဂိုးမ
သွင်းနိုင်ပဲ သရေကျခဲ့ပါတယ်။
ဂျပန်အသင်းဟာ အုပ်စုပွဲစဉ်အစမှာ အိုင်ဗရီကိုစ်ကို ၂ ဂိုး ၁ဂိုးနဲ့ ရှုံးနဲ့ ထားသလို၊ ဂရိအသင်းကလည်း ကိုလံဘီယာကို ၃ဂိုး ၁ဂိုး နဲ့ အရေးနိမ့်ထားပါတယ်။

ဒီကနေ့မှာ နှစ်သင်းစလုံး အနိုင်ရရေးအတွက် ကျိုးစားခဲ့ပေမယ့်၊ နှစ်ဘက် ဂိုးသမားတွေ အပြန်အလှန်ကာကွယ် နိုင်ခဲ့သလို၊ ရှေ့တန်းတိုက်စစ်မှူးတွေရဲ့ လွဲချော်မှုတွေကြောင့် ဂိုးမသွင်းနိုင်ခဲ့တာပါ။


ဂရိ အသင်းခေါင်းဆောင် ကွန်စတင်တီနို ကက်ဆူရာနစ် ကစားပုံကြမ်းတမ်းတဲ့အတွက် အနီကတ်ပြ အထုတ်ခံ ရပေမယ့်၊ လူတယောက်လျော့နေတဲ့ ဂရိအသင်းကို ဂျပန် အသာစီးမယူနိုင်ခဲ့ပါဘူး

ဧရာဝတီ , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment

 
world time