Pages

Monday, May 12, 2014

ဗုဒ္ဓဝါဒ ရဟန်းသံဃာနှင့် မျိုးစောင့်ဥပဒေ

RangonNewsDaily: May . 12 .2014
အမျိုးသားရေးဝါဒနဲ့ ဗုဒ္ဓဝါဒဟာ ဖြောင့်ဖြောင့်ကြီးဆန်ကျင်ပါတယ်။ ဥပမာ- ဂေါတမဗုဒ္ဓနဲ့ ရှင်ဒေဝဒတ္တတို့ဟာသာကီဝင်မင်း မျိုးမှ ဆင်းသက်လာသူများဖြစ်ကြပြီး ဝမ်းကွဲညီကိုလည်း တော်စပ်ကြပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘုရားရှင်က အဂ္ဂသာဝကနှစ်ပါးကို ရွေးချယ်
ရာမှာ ရှင်ဒေဝဒတ်ကို မရွေးချယ်ဘဲ ဗြဟ္မဏအနွယ်မှလာတဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်တို့ကိုသာ ရွေးချယ်ခဲ့ ပါတယ်။ မြတ်
စွာဘုရားရှင်ဟာ အမျိုးအနွယ်ကိုမကြည့်ပါဘူး။ သီလ၊ သမာဓိ၊ ပညာဆိုတဲ့အရည်အချင်းကိုသာ ကြည့်ပါတယ်။

မြတ်စွာဘုရားရဲ့ တရားတော်မှာ အမျိုးမာန်၊ အမျိုးစွဲထားဖို့ ဟောခဲ့တဲ့တရားမပါဝင်ပါဘူး။ ရုပ်နာမ်ပရမတ်ကိုထွင်းဖောက်တော်မှုတဲ့ ဘုရားရှင်အနေဖြင့် အဝိဇ္ဇာဖုံးတဲ့ပုဂ္ဂိုလ်သတ္တဝါပညတ်ချက်အမြင်အပေါ် အခြေခံတဲ့ လူမျိုးစွဲ၊ ဘာသာစွဲကိုဟောရန် အကြောင်းမရှိပါ
ဘူး။

အစွဲဆိုတာ တဏှာလောဘပါ။ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်ဟာ တဏှာကင်းရာ၊ ကုန်ရာကိုကျင့်ဖို့ ဟောတော်မူခဲ့တဲ့ တရားတော်

သာဖြစ်ပါတယ်။ တဏှာပွားကြောင်းကိုဖြစ်စေမယ့် မည်သည့်အစွဲကိုမျှ မြတ်စွာဘုရားအားပေးမှာမဟုတ်ပါဘူး။

မြတ်စွာဘုရားက သူ့ရဲ့ သာကီဝင်မင်းမျိုးအတွက်ကိုသာရည်ရွယ်ပြီး တရားဟောခဲ့တာလည်းမဟုတ်ပါဘူး။ မြတ်စွာဘုရားက ၃၁ ဘုံမှာရှိကြတဲ့ သတ္တဝါအားလုံးအတွက် တရားဟောခဲ့တာပါ။ ဒါကြောင့် ဗုဒ္ဓရဲ့ဝါဒက လူမျိုးတစ်မျိုးတည်း၊ ဗုဒ္ဓဘာသာ ဆိုတဲ့ ဘာ

သာတစ်ခုတည်းနဲ့သာ သက်ဆိုင်တာမဟုတ်ပါဘူး။ ဗုဒ္ဓဝါဒကသတ္တဝါအားလုံးနဲ့ သက်ဆိုင်တဲ့ဝါဒပါ။အမျိုးသားရေးဝါဒကတော့
လူမျိုးတစ်မျိုးနဲ့သာ သက်ဆိုင်ပါတယ်။ ဗုဒ္ဓဝါဒနဲ့ အမျိုးသားရေးဝါဒကို မရောထွေးသင့်ပါဘူး။ အမျိုးသားရေးဝါဒစွဲကိုင်ခြင်းဟာ ဘုရား
ရှင်ရဲ့ အလိုတော်ဟုတ်သလား၊ မဟုတ်သလားဆိုတာကို ခုဒ္ဒကနိကာယ်လာ ဝသလသုတ္တန်မှာ ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။

ဝသလသုတ္တန်ကို မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူစဉ် မြို့ထဲသို့ ဆွမ်းခံကြွလာ တော်မူတဲ့ ဘုရားရှင်ကို အမျိုးဇာတ်ကြောင့် မာန်မာနထောင်လွှားနေတဲ့ အဂ္ဂိကဘာရဒွါဇဗြဟ္မဏရဲ့ ရဟန်းယုတ်၊ ဦးပြည်း ယုတ် သူယုတ်မာ

စသည်ဖြင့် ရိုင်းစိုင်းကြမ်းတမ်းစွာခေါ်ဝေါ်ပြောဆိုမှုကိုအကြောင်းပြုပြီး ဟောတော်မူခဲ့ပါတယ်။

သာဝတ္ထိပြည် တည်ရှိရာ အိန္ဒိယနိုင်ငံဟာ ယခင်မှစပြီး ယနေ့တိုင်အောင် ဇာတ်ခွဲခြားမှုစနစ်အားကောင်းပြီး အမျိုးသားရေးဝါဒ အ

လွန်ပြင်းထန်တဲ့ နိုင်ငံဖြစ်ပါတယ်။ဝသလသုတ္တန်မှ အောက်ပါဂါထာနှစ်ဂါထာကို ထုတ်နုတ်ဖော်ပြလိုပါတယ်။

ကောဓနော ဥပနာဘိစ၊ ပါပမက္ခီစ ယောနရာဝိပန္ဒဒိဋ္ဌိမာယာဝီ၊ တံဇညာဝသလောဣတိ

̏ အကြင်သူသည် အမျက်ထွက်လေ့ရှိ၏၊ ရန်ငြိုးဖွဲတတ်၏၊ ယုတ်မာသည်ဖြစ်၍ သူ့ကျေးဇူးကိုချေဖျက်တတ်၏၊ အယူပျက်ဆီးသူဖြစ်၏၊ လှည့်ပတ်တတ်၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏˝

နဇစ္စာဝသလောဟောတိ၊ နဇစ္စာဟောတိ ဗြဟ္မဏော
ကမ္မုနာဝသလောဟောတိ၊ ကမ္မုနာဟောတိ ဗြဟ္မဏော

̏ အမျိုးဇာတ်ကြောင့် သူယုတ်မာမဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြဟ္မဏမဖြစ်နိုင်၊ မိမိပြုသောအမှုကြောင်းသာလျှင် သူယုတ်မာ ဖြစ်ရ၏။ မိမိပြုသောအမှုကြောင်းသာလျှင် ဗြဟ္မဏဖြစ်ရ၏
˝
ဒေသနာအဆုံးမှာ အဂ္ဂိကဘာရဒွါဇဗြဟ္မဏဟာ မြတ်စွာဘုရားကိုလေးစားကြည်ညိုတဲ့ ဥပါသကာဒါယကာတစ်ယောက်ဖြစ် သွားခဲ့ပါ

ယ်။

ဗုဒ္ဓအဆုံးအမကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်တဲ့ ဘုရားသားတော်ဆိုပါက ပြင်းထန်တဲ့လူမျိုးဘာသာအယူဝါဒကို လက်ခံကျင့်သုံးရန်သင့်၊ မသင့်လေးနက်စွာပြန်လည် ဆင်ခြင်သင့်ပါတယ်။ ပြင်းထန်တဲ့ လူမျိုးဘာသာအယူဝါဒမှ တစ်ဖက်စွန်း အမျိုးသားရေးဝါဒကို ဦးတည်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။အန္တရာယ်ရဲ့ ခါးသီးတဲ့ အရသာကိုမကြာလှသေးတဲ့ ကာလ တွေမှာ အပြစ်မဲ့မြန်မာပြည်သူတွေ ခံစားခဲ့ရပြီးပါပြီ။

ပြင်းထန်တဲ့ လူမျိုးဘာသာဝါဒဟာ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးဖြစ်စေသလား။ ဆိုးကျိုးဖြစ်စေသလားဆိုတာ ကမ္ဘာ့သမိုင်းမှာလည်း သက်သေပြခဲ့ပြီးပါပြီ။ယခုလည်း ဆီးရီးယား၊ အီရတ်၊ နိုင်ဂျီးရီးယား စတဲ့နိုင်ငံတွေမှာ အပြစ်မဲ့သာမန် ပြည်သူတွေဟာ ပြင်းထန်တဲ့ လူမျိုးဘာသာအယူဝါဒရဲ့ သားကောင်ဘဝကို ကျရောက်နေကြတဲ့ သတင်းတွေကို နေ့စဉ်လိုလို တွေ့မြင်ကြားသိနေရပါတယ်။

မြတ်စွာဘုရားရဲ့ သန့်စင်မွန်မြတ်တဲ့တရားတော်ကို လူမျိုးစွဲ၊ ဘာသာစွဲဆိုတဲ့ တဏှာအစွဲနဲ့ အရောင်ဆိုးတဲ့ လုပ်ရပ်မှန်သမျှ ဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တွေပါ။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားရဲ့ ပြယုဂ်ဖြစ်တဲ့၊ မွန်မြတ်သန့်စင်တဲ့ ဗုဒ္ဓသာသနာထွန်းကားရာ နိုင်ငံတစ်နိုင်ငံဖြစ်ပါလျက်နဲ့ မငြိမ်းချမ်းတဲ့ နိုင်ငံ၊ ကမ္ဘာ့မှာအဆင်းရဲဆုံး၊ အမွဲတေဆုံးနိုင်ငံဖြစ်နေရခြင်းရဲ့ အဓိကတရားခံဟာ အာဏာရှင်တို့ရဲ့ အာဏာအပေါ်တပ်မက်စွဲလမ်းတဲ့ တဏှာဥပါဒါန်ကြောင့်ပဲဖြစ်ပါတယ်။

အာဏာကိုမစွန့်နိုင်ဖြစ်နေကြတဲ့ စစ်အာဏာရှင်မျိုးဆက်ဗိုလ်ချုပ်ကြီးတွေကို အာဏာအပေါ် တက်မက်မောတဲ့ တဏှာကိုစွန့်ဖို့ ဟောပြောပြသဆိုဆုံးမခြင်းသည်သာလျှင် သာသနာ့ဝန်ထမ်းရှင်ရဟန်းများရဲ့ တာဝန်ဖြစ်ပါတယ်။ ထိုတာဝန်ကို ထမ်းဆောင် ခြင်းဟာ လက်ရှိမြန်မာ့နိုင်ငံရေးအတွက် အလိုအပ်ဆုံးနဲ့အရေးကြီးဆုံးလည်းဖြစ်ပါတယ်။

ယနေ့ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများအတွက် ရည်ရွယ်ပြီး ပြဋ္ဌာန်းဖို့ကြိုးစားနေကြတဲ့ မျိုးစောင့်ဥပဒေဆိုတာ သူတို့အတွက် လို၊ မလို။ အဓိကကျ၊ မကျဆိုတာ စနစ်တကျလေ့လာသုံးသပ်ဖို့ လိုအပ်မယ်ထင်ပါတယ်။
ခေတ်ပညာတတ် ဘွဲ့ရတွေတောင်ပါဝင်တဲ့ မြန်မာအမျိုးသမီးငယ်များဟာ ဘာကြောင့်ဟောင်ကောင်ကိုသွားပြီး အိမ်ဖော်လုပ် နေကြရပါသလဲ။ မြန်မာအမျိုးသမီးငယ်အများစုကြုံတွေနေရတဲ့ အဓိကပြဿနာက ဘာလဲဆိုတာ အရိပ်အမြွက်မျှသိချင်ရင် အထည်ချုပ်စက်ရုံတစ်ရုံလောက်ကိုပဲ သွားကြည့်လိုက်ရင် အဖြေပေါ်မယ်ထင်ပါတယ်။ သူတို့အတွက် မျိုးစောင့်ဥပဒေလို၊ မလိုဆိုတာ သူတို့အနေနဲ့စဉ်းစားဖို့ အချိန်ရကြမယ်မထင်ပါဘူး။

မြန်မာနိုင်ငံမှာ ပရိယတ်နဲ့ ပဋိပတ်အလုပ်ကိုသာ အားထုတ်နေတော်မူကြတဲ့ ဆရာတော်၊ သံဃာတော်များစွာရှိကြပါတယ်။

ထိုဆရာတော်သံဃာတော်များဟာ ရဟန်းသံဃာများနဲ့ လားလားမျှ မသက်ဆိုင်တဲ့ မျိုးစောင့်ဥပဒေဆိုတာကို မကြိုက်ပေမယ့် ရှုပ်ရှုပ်ယှက်ယှက်ကိစ္စတွေမှာဝင်မပါချင်ဘဲ ကင်းကင်းရှင်းရှင်းနေတော်မူလိုတာကြောင့် ဒီကိစ္စအပေါ်မှာ တစ်ခွန်းတစ်ပါဒမျှ မိန့်ကြားမူမပြုကြတာပါ။

မျိုးစောင့်ဥပဒေအတွက် သဲသဲမဲမဲကြိုးပမ်းနေကြတဲ့ ရဟန်းသံဃာအချို့ကိုမြင်ရတော့ နူရာဝဲစွဲ လဲရာသူခိုးထောင်ဆိုသလို မငြိမ်းချမ်းတဲ့နိုင်ငံကို ပိုပြီးမငြိမ်းချမ်းအောင်၊ ဆင်းရဲတွင်းနက်ပြီးသားနိုင်ငံကို ဆင်းရဲတွင်းနက်သထက်နက်အောင် တွန်းပို့နေ သလိုပါပဲ။
မျိုးစောင့်ဥပဒေဆိုတာ ထိုင်ခုံမြဲရေးပဓာနတရားလက်ကိုင်ထားကြတဲ့ စစ်အာဏာရှင်မျိုးဆက်အတွက်တော့အကြိုက်တွေ့မယ့် ဥပဒေဖြစ်မှာသေချာပါတယ်။


အရှင်စန္ဒိမာ (မွန်စိန်တောရ)

7DAY DALIY ၊ NO. 376, (တနင်္လာနေ့၊ မေ ၁၂၊ ၂၀၁၄)ပါ ဆောင်းပါးကို Myanmar Muslim Mediaကကူးယူတင်ပြသည်။

0 comments:

Post a Comment