Pages

Tuesday, May 20, 2014

နတ်မောက်မြို့နယ် ကျေးရွာအချို့ မိုးသက်လေပြင်း တိုက်ခတ်၍ လူနေအိမ်များ ပျက်စီး


RangonNewsDaily: May . 20 .2014
မကွေးတိုင်းဒေသကြီး ၊နတ်မောက်မြို့နယ် ၊ကျောက်တန်းကျေးရွာ အုပ်စု၊ရွာသစ်ကျေးရွာ၊ ဇရပ်ကုန်း ကျေးရွာနှင့် တဲတိုက် များတွင် မေလ(၁၈) ရက်နေ့ ညနေ(၄း၄၅)နာရီမှ ညနေ(၆း၁၅)နာရီအထိ (၁း၃၀)နာရီကြာ တိုက်ခတ်ခဲ့သော မိုးသက်လေပြင်းများကြောင့် လူနေအိမ် (၁၁၉)အိမ် ပျက်စီးခဲ့ပြီး၊ကြက်မွေးမြူးရေးခြံ(၁၄)ခြံ ပြိုကျ ပျက်စီးခဲ့သည်။
သစ်ပင်ကြီးများလဲပြိုပြီး သစ်ကိုင်းများ ပြတ်ကျခြင်းတို့ကြောင့် လူတစ်ဦး သေဆုံးခဲ့သည်။အဆိုပါလေပြင်းများတိုက်ခတ်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ ၀င်များ၊မြို့နယ် စီမံခန့်ခွဲရေးကော်မတီဝင်များ သွားရောက် ၍ လေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး လုပ်ငန်းများ ချက်ချင်းဆောင်ရွက် ပေးခဲ့ပြီး ယာယီနေထိုင်နိုင်ရန် နေရာများ ချထားဆောင်ရွက်ပေးခဲ့သည်။

လေ ပြင်းတိုက်ခတ်မှုကြောင့် အဆောက် အဦနှင့် ပစ္စည်းများအပါအ၀င် တန်ဘိုး ကျပ်သိန်း(၁၀၀)ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိ ရသည်။

MOI , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time