RangonNewsDaily: April . 5 .2014
Sarah Mowbray ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ငယ်ရွယ်တဲ့ မိခင်တစ်ဦးအနေနဲ့ ဘဝကို အသည်းအသန်
ရုန်းကန်နေရတဲ့ အချိန်တွေဖြစ်တဲ့ ၁၉၉၅ ခုနှစ်မှာ သူမရဲ့သမီးကို အစိုးရထောက်ပံ့မှုရှိတဲ့ အဖွဲ့အစည်း
တွေရဲ့လက်ထဲ မွေးစားဖို့ ပေးခဲ့ရပါတယ်။
သူမသမီးရဲ့ ပထမဆုံးနာမည်နဲ့ အလယ်နာမည်ကိုပဲ သိတဲ့ Mowbrayဟာ သမီးဖြစ်သူကို အွန်လိုင်းပေါ်မှာ နှစ်ပေါင်းများစွာရှာလာခဲ့တာ နောက်ဆုံးတော့ ဖေ့စ်ဘုတ်ပေါ်မှာ တွေ့ခဲ့ပါပြီ။
“အလယ်နာမည်ကို ကျွန်မက မသိတော့ Kayleigh Marie ဆိုတဲ့ နာမည်ကို ရိုက်လိုက်တာမှာ လူ ရာနဲ့ချီပြီး ထွက်လာတယ်။ ကျွန်မထင်တာက ဒီထဲမှာ သူ့ကိုတွေ့ဖို့ အခွင့်အရေးမရှိဘူးပေါ့” လို့ DailyMail ကို သူမက ပြောကြားခဲ့ပါတယ်။
“ဒီလိုနဲ့ ကျွန်မလည်း ရှာလာလိုက်တာ အဆုံးမှာ ကျွန်မငယ်ငယ်တုန်းက ပုံနဲ့တူတဲ့ လူတစ်ယောက် ထွက်
လာတယ်” လို့ဆိုပါတယ်။
သူငယ်ချင်းတောင်းပြီး စကားပြောတဲ့အခါမှာ ဒါဟာ သူ့သမီးပဲဆိုတာကို မစ္စ Mowbray သိခဲ့ရတယ် လို့ဆို
ပါတယ်။
သူ့အမေမှန်းအရင်သိလိုက်ရတဲ့ သမီးဖြစ်သူ Kayleigh ဟာ ပုံပါအတိုင်း ဘာမှဆက်မပြောရသေးခင် ”Mum!” ဆိုတဲ့ စကားတစ်ခွန်းကိုပဲ ရိုက်နိုင်ပါတော့တယ်။
Credit: ဖိုးသူတော်
Photo : metro.co.uk
KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment