Pages

Thursday, April 3, 2014

DKBA နဲ. ကရင်ပြည်နယ်အစိုးရ ထိပ်တိုက်တွေ.ပြီ ၊ DKBA နှင့် လိုက်ပါသွားသော သမီးကလေးကျေးရွာသားများ ကရင်ပြည်နယ်တွင် တားဆီးခံရ


RangonNewsDaily: April . 3 .2014
ရန်ကုန်(မဇ္ဈိမ)။ ။ DKBA နှင့် လိုက်ပါသွားသော သမီးကလေးကျေးရွာသားများကို မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ခရိုင်ချင်း ဆက်
သွယ်သော တံတားတွင် ကရင်ပြည်နယ် အစိုးအဖွဲ့က တားဆီးထားသည်ဟု ယင်းအဖွဲ့နှင့် လိုက်ပါသွားသည့် လူမှုအခြေပြုအဖွဲ့မှ ဦးအောင်လွင်က ပြောသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့က DKBA မှ ဗိုလ်မှူးကြီးစောသန်းအောင်နှင့်ဆွေးနွေးလိုသည်ဆိုကာ လာရောက်ခေါ်ယူခြင်းဖြစ်ပြီး သမီး
ကလေးကျေးရွာသားများနှင့် လူမှုအဖွဲ့အစည်းများကDKBA ဗိုလ်မှူးကြီးကိုအစိုးရအဖွဲ့နှင့် မထည့်သဖြင့်အချေအတင် ဆွေးနွေးနေခြင်း
ဖြစ်သည်ဟု ဦးအောင်လွှင်ကပြောသည်။

“ပြည်နယ် အစိုးရက အဖွဲ့ကတွေ့ချင်တယ်ဆိုရင် ကျွန်တော်တို့ဆီမှာလာတွေ့ပါ။ ကျွန်တော်တို့ကို ဒီဗိုလ်ကြီးက ခေါ်လာတာ သူ့ကို လွှတ်လိုက်ရင် ကျွန်တော်တို့ကို ဘယ်သူ တာဝန်ယူမှာလဲ ပြီးတော့ တားရတဲ့ ရည်ရွယ်ချက်ကိုလည်း မသိရသေးဘူး” ဟု ဦးေ
အာင်
လွှင်က ပြောသည်။

ဒူးရင်းဆိပ်ခံတံတားတွင် ဆွေးနွေးမှုမှာ၂ နာရီခန့်ကြာမြင့်ပြီဖြစ်ပြီးလာရောက်တားဆီးခြင်း၏ ရည်ရွယ်ချက်ကိုမူမသိရသေးဟု လိုက်

ပါသွားသူ ဒေါ်နော်အုန်းလှက ရှင်းပြခဲ့သည်။

DKBA နှင့်လိုက်ပါသွားသော သမီးကလေးကျေးရွာမှ ရွာသား အရေအတွက်မှာ လူပေါင်း ၃၀၀ ခန့်ရှိပြီး လူမှုအဖွဲ့အစည်းမှ လိုက်ပါပို့

ဆောင်သူ ၁၀၀ ဦးခန့်ရှိကာ ကား ၈ စီးဖြင့် တားဆီးခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

Mizzima - News  , 
kolatt(PBDN)
RangonNewsDaily






0 comments:

Post a Comment

 
world time