Pages

Wednesday, April 30, 2014

ရွှေဈေးနှုန်း ဆက်လက်ကျဆင်းဖွယ်ရှိ


RangonNewsDaily: April . 30 .2014
သင်္ကြန်ပြီးနောက်ပိုင်းမှာ ရွှေဈေးနှုန်း ဆက်တိုက်ကျဆင်း နေတာဖြစ်ပြီး ဆက်လက်ကျဆင်း နိုင်သေးတယ်လို့ ရွှေလုပ်ငန်း ရှင်များ အသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။
နိုင်ငံတကာ ရွှေဈေး တရိပ်တရိပ် ကျဆင်း လာမှုကြောင့် မြန်မာရွှေဈေးဟာ သင်္ကြန်မတိုင်ခင်ကထက် ပိုမိုကျဆင်း လာတာ ဖြစ်ပါတယ်။

မြန်မာရွှေဈေး ကျဆင်းမှုဟာ နိုင်ငံတကာ ရွှေဈေး ကျဆင်းမှုအပြင် ပြည်တွင်းက ရွှေဝယ်စုဆောင်းသူတွေ ဈေးကွက်ကို ထုတ်ရောင်းတဲ့အတွက် ၀ယ်လိုအား ကျဆင်းနေတာလို့ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။

ရွှေဈေးနှုန်းကျဆင်းတာဟာ ကောင်းတဲ့ လက္ခဏာဖြစ်ပြီး ကောလာဟလကြောင့် ရွှေဈေးနှုန်း အဆမတန် မြင့်တက်နေပါက လုပ်ငန်းရှင်များ အသင်းဘက် ပြန်လည်ထုတ်ရောင်းသွားဖို့ စီစဉ်ပေးထားပြီ လက်တလော စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အလားတူ အောင်သမာဓိရွှေဆိုင်မှ ဦးမော်ကလည်း ရွှေဈေးနှုန်းကျဆင်းနေတာဟာ ကမ္ဘာ့ရွှေဈေးကြောင့်ဖြစ်ပြီး လက်တလောမှာ ရွှေတုံးဝယ်ယူမှုများပြီး လက်ဝတ်ရတနာ ဝယ်ယူမှုကတော့ ပုံမှန်ပဲရှိတယ်လို့ ပြောပါတယ်။

ရွှေဆိုင်တွေ့မှာ ၁၅ ပဲရည် အခေါက်ရွှေတွေ အရောင်းအဝယ်ဖြစ်နေပြီး ရွှေဈေးနှုန်း ကျဆင်းနေချိန်မှာ စုဆောင်းသူတွေအနေနဲ့ ဝယ်ယူစုဆောင်းသင့်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

သင်္ကြန်မတိုင်ခင် ရွှေဈေးနှုန်း ၆၇၀၀၀၀ ထိရှိခဲ့ကာ လက်တလော ရွှေဈေးနှုန်းမှာ အကယ်ဒမီ မီးလင်း အခေါက်ရွှေကို ၆၆၂၅၀၀ ကျပ်၊ ဘက်တန်း မီးလင်းအခေါက်ရွှေကတော့ ၆၆၂၀၀၀ ကျပ် ရှိတယ်လို့ သိရပါတယ်။

ဒီဗွီဘီ , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time