Pages

Thursday, April 17, 2014

ဒလတွင် ရန်ဖြစ်ရာမှ ဓါးထိုးမှုဖြစ်ပွား၊ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

RangonNewsDaily: April . 17 .2014
ယနေ့ညနေ၌ ဒလမြို့နယ်တွင် ညနေ၄နာရီခန့် မှ ဘောလုံး ကန်နေသူများ၏ ဘောလုံး လူနေအိမ်အတွင်း ကျရောက်သွားရာမှ ထိ
ခိုက်မှုကြောင့် စကားများ ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်။ ဘောလုံးကန်သွင်းလိုက်သူ၏ ဓါးဖြင့်တိုက်ခိုက်မှုကြောင့် အဆိုပါနေအိမ်မှအမျိုး
သမီး တစ်ဦး ဓါးဒဏ်ရာကြောင့် သေဆုံးသွားကြောင်း သိရပါသည်။ အခြားအမျိုးသမီးတစ်ဦးမှာ လည်း ဒဏ်ရာပြင်းထန်ကြောင်း သိရှိရပါသည်။ 

အပြန်အလှန် တိုက်ခိုက်မှုကြောင့် ဓါးထိုးသူမှာလဲ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရှိရပါသည်။ သေဆုံး/ဒဏ်ရာ ရရှိသူအမျိုး
သမီး ၂ ဦးမှာ အစ္စလာမ် ဘာသာဝင်များဖြစ်ကြကြောင်း စုံစမ်း သိရှိရသည်။ 

ယခု အချိန် စုံစမ်းသိရှိရသလောက် အဆိုပါဖြစ်စဉ်မှာ သာမန် ရန်ဖြစ်သည့် ရာဇဝတ်မှုသာဖြစ်ကြောင်း ဘာသာရေး ကိစ္စ ပါဝင်ချင်း မရှိကြောင်း သိရှိရသည်။

M-Media ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time