RangonNewsDaily: April . 27 .2014
ငါတို့နှစ်ယောက်တစ်နေ့နေ့ကြရင် ဘဝတစ်ခုကို
အတူတူလက်တွဲသွားကြမယ်...
ငါတို့နှစ်ယောက်တစ်နေ့နေ့ကြရင် ပျော်ရွှင်စရာကောင်း
ငါတို့နှစ်ယောက်တစ်နေ့နေ့ကြရင် အခက်ခဲတွေကို
အတူတူဖြတ်ကျော်ကြမယ်...
ငါတို့နှစ်ယောက်တစ်နေ့နေ့ကြရင် ကလေးတွေရဲ့
ဖေကြီး မေကြီးခေါ်တဲ့အသံလေးကိုအတူတူနားစွင့်ကြ
မယ်...
ငါတို့နှစ်ယောက်တစ်နေ့နေ့ကြရင် ကြည်လင်ပြီးနိုးထတဲ့
မနက်ခင်းတိုင်းမှာ တိမ်ပြာပြာတွေကိုမော့ကြည့်ပြီး
ကော်ဖီအတူသောက်ကြမယ်...
ငါတို့နှစ်ယောက်တစ်နေ့နေ့ကြရင် "အဖိုးကြီးရေ"
"အဖွားကြီးရေ"လို့ခေါ်ပြီး ဆံပင်တွေဖြူသွားတွေကျိုး
တဲ့အထိ ဘဝရဲ့နေဝင်ချိန်ကိုငေးကြည့်ကြမယ်...
ငါတို့နှစ်ယောက်မျှော်လင့်ထားတဲ့အဲဒီတစ်နေ့နေ့ရောက်
လာခဲ့ရင်ပေါ့...
KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment