Pages

Tuesday, March 18, 2014

ဆံပင်တုစက်ရုံတွင် ၀ါယာကြိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်


RangonNewsDaily: March . 18 .2014
၁၇.၃.၂၀၁၄ ရက်နေ့ ၂၃၂၅ အချိန် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ မောင်ကျန်သီးလမ်းရှိ Beauty Waves ဆံပင်
တုစက်ရုံအတွင်းနှစ်ကာလကြာရှည်စွာသုံးစွဲထားသော ၀ါယာကြိုးများအား ၂၄ နာရီ အသုံးပြုသဖြင့် အပူလွန်ကဲပြီး မီးလောင်ကျွမ်း
ရာမှ မီးပွားများလွင့်စင်ကာ ကြမ်းပြင်ရှိ ဆံပင်တုများပေါ်သို့ကျပြီး ဆံပင်တုများ၊စာရွက်စာတမ်းများနှင့် ဆံပင်အကောက်ခြစ်စက်(၁)
လုံးတို့အား မီးကူးစက်လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ်များရောက်ရှိငြိမ်းသတ်ခဲ့သဖြင့် ၂၃၅၆ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်စုစုပေါင်းတန်ဖိုးငွေကျပ်(၁၀)သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးသိရှိ
ရပါသည်။

ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် အဆိုပါစက်ရုံ၏ ပြုပြင်ထိန်းသိမ်းရေးတာဝန်ခံကိုအောင်ဖုန်းမြင့်၊(၄၃)နှ
စ်၊(ဘ)
ဦးအောင်သန်းအား လှိုင်သာယာမြို့မရဲစခန်း(ပ)၃၂၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment