Pages

Monday, March 31, 2014

အခြေခံဥပဒေ ပြင်ဆင်ရေး ပန်းဘဲတန်း မြို့နယ်အတွင်း ဆန္ဒထုတ်ဖော်

RangonNewsDaily: March . 31 .2014
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ်အတွင်း နေထိုင်သူ ၁၀၀ ကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင် ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။
အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပုဒ်မ ၄၃၆ အပါအဝင် ဒီမိုကရေစီ နည်းလမ်းမကျသော ပြဋ္ဌာန်းချက်များကို ပြောင်းလဲ ပြင်ဆင်ပေးရန်အတွက်ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင် ရေးဆွဲချိန်ကစပြီး ဒီနေ့အထိ တိုင်းရင်းသား အင်အားစုတွေ၊ နိုင်ငံရေး အင်အားစုတွေနဲ့ ဒီမိုကရေစီ လိုလားသူ အဖွဲ့အစည်းတွေက သဘောတူ လက်ခံခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် အမျိုးသား စည်းလုံးညီညွတ်ရေး အတွက် ပြင်ဆင်ပေးဖို့ လိုအပ်ပါတယ်” ဟု ဆန္ဒထုတ်ဖော်သူ တစ်ဦးက ဆိုသည်။

ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေး အတွက် အာမခံချက် ရှိစေရန် ပြည်ထောင်စုကြီးကို ဖက်ဒရယ်ပြည်ထောင်စု စစ်စစ် ဖွဲ့စည်းရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရန် လေးနက်စွာ တိုက်တွန်းတောင်းဆိုသည့် ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ကြောင်း ပန်းဘဲတန်းမြို့နယ် အခြေခံဥပဒေ ပြင်ဆင်ရေး အဖွဲ့ထံမှ သိရသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် မတ်လ တတိယပတ်မှ စတင်ကာ ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက်ဖြစ်ပွားလျက် ရှိသော်လည်း ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကော်မတီ၏ တင်ပြချက်ကို စောင့်ကြည့်ရန် လိုကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

ဆန္ဒထုတ်ဖော်သူများ တောင်းဆိုနေသော အခြေခံဥပဒေ ပြဋ္ဌာန်းချက် အခန်း ၁၂ ကို အဓိကထား ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကော်မတီသို့ အခြေခံမူများ ပေးပို့ထားသည်။

သို့သော်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် လက်ရှိ ပြဋ္ဌာန်းထားသော အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း ၁၂ နှင့်အညီ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကက မတ်လအတွင်း အသီးသီး ပြောဆိုထားသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment