RangonNewsDaily: March . 12 .2014
အမှန်တရားကို မြတ်နိုးသူ ပြည်သူတွေနဲ့ တစ်သားတည်း ဒီမိုကရေစီ အရေးကိုတောင်းဆို ပါဝင်ခဲ့သူ စွယ်စုံရ အနုပညာရှင် ဇာဂနာက ဗြိ တိန်နိုင်ငံကမ္ဘာကျော် စာရေး ဆရာ ဘက်နက်ဒစ်ရော်ဂျာ ရေးသားခဲ့ သော မြန်မာနိုင်ငံ၏ ထင်ရှားကျော် ကြားသည့် စစ်အစိုးရ ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်းအား အခြေခံ ကာ ဒါရိုက်တာ စတီဗင်ဆိုဒါပတ်နှင့် ပူးတွဲ ရိုက် ကူးမည့် အကြောင်းကို ဇာဂနာက
“ကျွန်တော် ရိုက်ချင်တာ မဟုတ်ပါဘူး။ တစ်ဖက်က ရိုက်ချင်တာ မြန်မာနိုင်ငံမှာ ခုနေဒီအကြောင်းကို ရိုက်ရင်ဖြစ်နိုင်မလားဆိုပြီး ကျွန်တော့်ကို လှမ်းမေး တော့ကျွန်တော်ကတော့ ဖြစ်နိုင်တယ်လို့ အကြောင်းပြန်တော့ သူကမြန်မာနိုင်ငံဘက်ခြမ်း က တာဝန်ခင်ဗျား ယူနိုင် မလားပြောတော့ကျွန်တော် ဖြစ်နိုင်တယ်ဆိုပြီး ရိုက်မယ်လို့ ဖြစ်သွားတာပါ” လို့ ပြောပြခဲ့ပါတယ်။
ဒီဇာတ်ကားကို ဇာဂနာကပါဝင် ပြီးရိုက်ကူးမှာဆိုတော့ ပြည်သူတွေ ကို ဇာဂနာ ဘယ်လိုပြောမှာလဲလို့မေး ကြည့်တော့
“ဇာဂနာ ဘာလို့ ဒီ ဇာတ်ကားကိုမှ ရိုက်ရလဲလို့ မေးလာရင် အကြောင်း ရှိပါတယ်။ အဲဒီစာအုပ်မှာကိုက စိတ်ဝင်စားစရာအကြောင်း တွေအများကြီး ပါရှိတယ်။ ဦးသန်းရွှေ အကြောင်းကို ရိုက်ရင်းနဲ့ ၁၉၈၈ ခု နှစ်က စပြီးတော့ ရွေးကောက်ပွဲ ကာလအထိ ဖြတ်သန်းခဲ့ရတဲ့ မြန်မာနိုင်ငံရေး သမိုင်းက ပါလာမယ်။ သူ့အကြောင်း ရိုက်ရင်းနဲ့ မြန်မာ့နိုင် ငံရေးသမိုင်း အစစ်အမှန်တွေ က ရှောရှော ရှူရှူ ပါသွားမယ်။ ကျွန် တော်ပြောချင်တာတွေ က ဒီလိုဇာတ်ကားမျိုး အရင်က အိုင်ဒီအာမင်(Idi Amin) အကြောင်း ရိုက်ထားတဲ့ “The Last King of Scotland” ဆိုတဲ့ ဇာတ်ကားရှိတယ်။
အဲဒါကို ပြည်သူတွေကို ပြလိုက်တဲ့အခါမှာ ပြည်သူတွေ အီဒီအမင် ဆိုတဲ့ အာဏာရှင်က ဘယ်လိုဆိုတာပေါ်သွားတယ်။ ကျွန် တော်တို့လည်း ဒီလို ဇာတ်ကားမျိုး ရိုက်ပြီး ပြရင် အာဏာရှင် တစ်ယောက်က ဘယ်လိုလဲ။ ပြီးတော့ တိုင်းပြည်ရဲ့နိုင်ငံရေးအတွက် ရင်းရတဲ့ သူတွေက ဘယ်လောက် ရင်းရလဲဆိုတာ ကိုပေါ်လွင်သွားမယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့် ဇာဂ နာ ရိုက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ”လို့ ပြောပြခဲ့ပါတယ်။
ဆင်ဆာဆိုတဲ့အရာက ရှိတော့ အကုန်လုံး ရိုက်ခွင့်ရှိပါ့မလား မေးကြည့်တော့
“အခုလောလောဆယ် သူတို့ဘက်က ဇာတ်ညွှန်းအကြမ်းကို ရေးနေတယ် ။ရေးလို့ မပြီးသေးဘူး။ ရေးလို့ပြီးရင် တော့ ကျွန်တော့်ဆီ ပို့မယ်။ ကျွန်တော့်ဆီမှာက ညှိစရာ တွေ ညှိရမယ်။ ကျွန်တော် တော်တော် စကားပြောရပါလိမ့်မယ်။ တော်တော်ညှိ ရပါလိမ့်မယ် ထင်တယ်။ အတတ် နိုင်ဆုံးတော့ ကြိုးစားကြည့်မယ်။ တကယ် ရိုက်ဖြစ်ပြီ ဆိုရင် နောက်နှစ်မှ စ ရိုက်ဖြစ်မယ်။ အခုက ညှိစရာတွေ သူတို့နဲ့ရော ကျွန်တော် နဲ့ဒီဘက်က ရောများတယ်” လို့ ပြောပြခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးနေရာမှာ ပါဝင်သရုပ် ဆောင်မယ့် ဇာတ်ဆောင် ကိုကော ဘယ်လို ရွေးချယ်မှာလဲလို့ မေးကြည့် တော့
“ဗိုလ်ချုပ်မှူးကြီး နေရာမှာ သရုပ် ဆောင်မယ့် လူရွေးချယ်ဖို့ သိပ်မခက် ခဲပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီးလို ရုပ်ရည်မျိုးက အညာဒေသတွေ မှာအများကြီး ရှိပါတယ်”လို့ ဇာဂနာ ကပြောပြခဲ့ပါတယ်။
Popular Journal , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment