Pages

Friday, February 7, 2014

" ပြည်သူတွေသိအောင်အရင်လုပ်ပြီးမှ သန်းခေါင်စာရင်း ကောက်သင့်တယ်ဆိုတဲ့ ဇာဂနာ "

Photo: " ပြည်သူတွေသိအောင်အရင်လုပ်ပြီးမှ သန်းခေါင်စာရင်း
ကောက်သင့်တယ်ဆိုတဲ့ ဇာဂနာ "
Thursday, February 6, 2014

သန်းခေါင်စာရင်းနှင့်ပတ်သက်၍ ပြည်သူများ ဘယ်လောက်သိသလဲ အရင် လုပ်ဆောင်ပြီးမှ သန်းခေါင် စာရင်းကောက်သင့် ကြောင်း ဇာဂနာက ပြောသည်။

ဇာဂနာသည် သန်းခေါင် စာရင်း ပညာပေး ဇာတ်လမ်း၊ ပညာပေးကြော်ငြာ များကို တိုင်းရင်းသား မျိုးနွယ်စုအလိုက် ရိုက်ကူးနေကြောင်း သိရသည်။

ပြီးခဲ့တဲ့ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက် က သတင်းပေးမှု နည်းတဲ့အတွက် ပြည်သူတွေ က နားလည်မှု နည်းတာပါ” ဟု ဇာဂနာက ပြောသည်။

”သန်းခေါင်စာရင်း ပညာပေးဇာတ်လမ်းနဲ့ ပတ် သက်လာရင် ပြည်သူတွေဘက်က သိအောင် ပညာပေးဖို့ ကျွန်တော့် မှာရော အားလုံးမှာရော တာဝန် အပြည့်ရှိတယ်” ဟု ၄င်းက ဆက်ပြောသည်။

၁၉၇၃ ခုနှစ်တုန်းက ကျွန်တော့် အသက် ၁၂ နှစ် လောက်ပဲ ရှိသေးတယ်။ သန်းခေါင် စာရင်းကောက်တာကို နားမလည်ခဲ့ဘူး။ အဲဒီလိုပဲ အခုလောလောဆယ်ပြဿနာ က ပြည်သူ လူထုတွေနားလည်တဲ့ သန်းခေါင်စာရင်းနဲ့ ကောက် ယူမည့် သန်းခေါင် စာရင်းမှာ လွဲမှားနေတယ်”ဟု ပြောသည်။

ရန်ကုန်မြို့နေ လူထုတစ်ရပ်ပဲ နားလည်လို့မရဘူး။ ကျွန်တော်က ကွင်းဆင်းပြီးမှ လုပ်တယ်။ ဒီသန်းခေါင် စာရင်း ဝေါဟာရကို နားမလည်ကြဘူး”ဟု ၄င်းက ဆက်ပြော သည်။

ကျွန်တော် ဒီသန်းခေါင် စာရင်းနဲ့ပတ်သက်ပြီး စကားလုံး တစ်လုံးရလာတယ်။ မှန်မှန်ကန်ကန် ဖြေဆိုတာဟာ ကျွန် တော်တို့ တိုင်းပြည်အတွက် ၁ဝ နှစ်စာ ရင်းနှီးမြှုပ်နှံ လိုက်တာ နဲ့ အတူတူပဲ။ ကျွန်တော်တို့ တိုင်းပြည်၊ လူမျိုး၊ နိုင်ငံ သားစဉ် မြေးဆက် အတွက် သန်းခေါင် စာရင်းကို မှန်မှန်ကန်ကန် ဖြေဖို့လိုတယ်ဆိုတဲ့ အသိပေးချင်လို့ တိုင်းရင်းသား ပေါင်းစုံကို အနုပညာရှင်သိုက်သိုက်ဝန်းဝန်းရိုက်ကူးတာပါ” ဟု ဇာဂနာက ပြောသည်။

အဆိုပါသန်းခေါင်စာရင်း ရိုက်ကူးမှုတွေ ပြည်တွင်း အနုပညာရှင်များ သာမက အင်္ဂလန်နိုင်ငံ သံအမတ်ဟောင်း ဗစ်ကီနှင့် ဂျာမနီနိုင်ငံသား အိုလီဗာတို့ကလည်း ပါဝင်ကူညီ ရိုက်ကူးပေးကြောင်း သိရသည်။

ထူးထူး

Popular Myanmar News Journal

RangonNewsDaily: February . 7 .2014
သန်းခေါင်စာရင်းနှင့်ပတ်သက်၍ ပြည်သူများ ဘယ်လောက်သိသလဲ အရင် လုပ်ဆောင်ပြီးမှ သန်းခေါင် စာရင်းကောက်သင့် ကြောင်း ဇာဂနာက ပြောသည်။ ဇာဂနာသည် သန်းခေါင် စာရင်း ပညာပေး ဇာတ်လမ်း၊ ပညာပေးကြော်ငြာ များကို တိုင်းရင်းသား မျိုးနွယ်စုအလိုက် ရိုက်ကူးနေကြောင်း သိရသည်။

ပြီးခဲ့တဲ့ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက် က သတင်းပေးမှု နည်းတဲ့အတွက် ပြည်သူတွေ က နားလည်မှု နည်းတာပါ” ဟု ဇာဂနာက ပြောသည်။

”သန်းခေါင်စာရင်း ပညာပေးဇာတ်လမ်းနဲ့ ပတ် သက်လာရင် ပြည်သူတွေဘက်က သိအောင် ပညာပေးဖို့ ကျွန်တော့် မှာရော အားလုံးမှာရော တာဝန် အပြည့်ရှိတယ်” ဟု ၄င်းက ဆက်ပြောသည်။

၁၉၇၃ ခုနှစ်တုန်းက ကျွန်တော့် အသက် ၁၂ နှစ် လောက်ပဲ ရှိသေးတယ်။ သန်းခေါင် စာရင်းကောက်တာကို နားမလည်ခဲ့ဘူး။ အဲဒီလိုပဲ အခုလောလောဆယ်ပြဿနာ က ပြည်သူ လူထုတွေနားလည်တဲ့ သန်းခေါင်စာရင်းနဲ့ ကောက် ယူမည့် သန်းခေါင် စာရင်းမှာ လွဲမှားနေတယ်”ဟု ပြောသည်။

ရန်ကုန်မြို့နေ လူထုတစ်ရပ်ပဲ နားလည်လို့မရဘူး။ ကျွန်တော်က ကွင်းဆင်းပြီးမှ လုပ်တယ်။ ဒီသန်းခေါင် စာရင်း ဝေါဟာရကို နားမလည်ကြဘူး”ဟု ၄င်းက ဆက်ပြော သည်။

ကျွန်တော် ဒီသန်းခေါင် စာရင်းနဲ့ပတ်သက်ပြီး စကားလုံး တစ်လုံးရလာတယ်။ မှန်မှန်ကန်ကန် ဖြေဆိုတာဟာ ကျွန် တော်တို့ တိုင်းပြည်အတွက် ၁ဝ နှစ်စာ ရင်းနှီးမြှုပ်နှံ လိုက်တာ နဲ့ အတူတူပဲ။ ကျွန်တော်တို့ တိုင်းပြည်၊ လူမျိုး၊ နိုင်ငံ သားစဉ် မြေးဆက် အတွက် သန်းခေါင် စာရင်းကို မှန်မှန်ကန်ကန် ဖြေဖို့လိုတယ်ဆိုတဲ့ အသိပေးချင်လို့ တိုင်းရင်းသား ပေါင်းစုံကို အနုပညာရှင်သိုက်သိုက်ဝန်းဝန်းရိုက်ကူးတာပါ” ဟု ဇာဂနာက ပြောသည်။

အဆိုပါသန်းခေါင်စာရင်း ရိုက်ကူးမှုတွေ ပြည်တွင်း အနုပညာရှင်များ သာမက အင်္ဂလန်နိုင်ငံ သံအမတ်ဟောင်း ဗစ်ကီနှင့် ဂျာမနီနိုင်ငံသား အိုလီဗာတို့ကလည်း ပါဝင်ကူညီ ရိုက်ကူးပေးကြောင်း သိရသည်။

ထူးထူး
Popular Myanmar  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment