Pages

Monday, February 3, 2014

အင်ဒိုနီးရှားနိုင်ငံမှ လူသတ်နေသော မီးတောင်ချော်ပြာများ

Photo: အင်ဒိုနီးရှားနိုင်ငံမှ လူသတ်နေသော မီးတောင်ချော်ပြာများ
Monday, February 3, 2014

ချော်ပြာအစအနများ၏ အပူချိန်သည် (၇၀၀)ဒီဂရီ ဖာရင်ဟိုက်မျှထိ မြင့်မားလျှက်ရှိပြီး လူအများကို ထိမှန်ကာ သေကျေမှုများ ဖြစ်ပေါ်စေခဲ့

အင်ဒိုနီးရှား နိုင်ငံတွင် ဆီနာဘွန်းမီးတောင် ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် မီးတောင်ပြာများကြောင့် အသေအပျောက် အရေအတွက် တစ်ထက်တစ်စ မြင့်တက်လာနေကြောင်း သိရသည်။ သောကြာနေ့က စတင်လှုပ်ရှား နိုးကြွလာသော မီးတောင်သည် စနေနေ့တွင် အရှိန်အဟုန် ပြင်းထန်စွာ ပေါက်ကွဲခဲ့ပြီး အနီးပတ်ဝန်းကျင် တစ်မိုင်ပတ်လည်သို့ ချော်ပြာများ မှုတ်ထုတ်ခဲ့သည်။ ထို့အပြင် မီးတောင်ပေါက်ကွဲမှု အရှိန်ဖြင့် လွင့်စင်လာသည့် ချော်တုံးချော်ခဲများသည်လည်း ပတ်ဝန်းကျင် ဒေသများကို ဆိုးရွားစွာ ပျက်စီးမှုများ ဖြစ်ပေါ်လာစေသည်။ ချော်ပြာအစအနများ၏ အပူချိန်သည် (၇၀၀)ဒီဂရီ ဖာရင်ဟိုက်မျှထိ မြင့်မားလျှက်ရှိပြီး လူအများကို ထိမှန်ကာ သေကျေမှုများ ဖြစ်ပေါ်စေခဲ့သည်။

"မီးတောင်က ထွက်လာတဲ့ ချော်ပြာတွေဟာ တောင်စောင်းအတိုင်း လိမ့်ဆင်းလာပြီး ပတ်ဝန်းကျင်က လူနေဒေသတွေကို (၂)မိနစ်၊ (၃)မိနစ်တည်းနဲ့ ရောက်လာတတ်တယ်"ဟု မီးတောင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးက ဆိုသည်။ အစိုးရ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲရေး တာဝန်ရှိသူ တစ်ဦးက မီးတောင်ပေါက်ကွဲရာမှ လွင့်ထွက်လာသည့် ချော်ပြာများကြောင့် အနည်းဆုံး လူ(၁၅)ဦးမျှ သေဆုံးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ တနင်္လာနေ့ထိ မြောက်ပိုင်း ဆူမားတြားမှ တောင်ကုန်းဒေသများ အထက်ဘက် ကောင်းကင်ယံသည် မီးခိုးရောင် ချော်ပြာများ ဖုံးလွှမ်းရင်း မည်းမှောင်နေဆဲ ဖြစ်သည်။ 

ချော်ပြာများကြောင်း လူ(၁၅)ဦးထက်မနည်း သေဆုံးခဲ့သလို (၃)ဦးမျှလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အထူးသဖြင့် မီးတောင်၏ ဆင်ခြေလျှောများနှင့် နီးကပ်သည့် ရွာငယ်များတွင် အသေအပျောက် စာရင်းများ ရှိနေကြောင်း တာဝန်ရှိသူများက ဆိုသည်။ ဆီနာဘွန်း အနီးတဝိုက်တွင် ကယ်ဆယ်ရေး အဖွဲ့များ လှုပ်ရှားနေသော်လည်း လွင့်ထွက်လာသည့် ပြာခဲ အစအနများ ထိမှန်မည်ကို စိုးရိမ်သဖြင့် မီးတောင်အောက်ခြေထိ အလွန်နီးကပ်စွာ မချဉ်းကပ်ရဲကြောင်းလည်း သိရသည်။ 

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် ဂျကာတာပို့စ် သတင်းစာက ချော်ပြာများကြောင့် အသက်ရှူကျပ်ပြီး သေဆုံးသူများပါ ထည့်ပေါင်းလျှင် အသေအပျောက် ပမာဏသည် (၃၁)ဦးမျှထိ ရှိနိုင်ကြောင်း ရေးသားထားခဲ့သည်။ လတ်တလောတွင် ဒေသတွင်းရှိ လေယာဉ်ခရီးစဉ် အချို့ကို ဖျက်သိမ်းထားခဲ့ပြီး လူပေါင်း(၂၂၀၀၀)ခန့်သည် ယာယီရွက်ဖျင်များဖြင့် နေထိုင်ခဲ့ရသည်။ သို့သော်လည်း ယင်းတို့အနက် ထက်ဝက်နီးပါးသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် နေအိမ်များသို့ ပြန်သွားခွင့် ရခဲ့ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။ 

Planet Myanmar Network

RangonNewsDaily: February . 3 .2014
အင်ဒိုနီးရှား နိုင်ငံတွင် ဆီနာဘွန်းမီးတောင် ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် မီးတောင်ပြာများကြောင့် အသေအပျောက် အရေအတွက် တစ်ထက်တစ်စ မြင့်တက်လာနေကြောင်း သိရသည်။ သောကြာနေ့က စတင်လှုပ်ရှား နိုးကြွလာသော မီးတောင်သည် စနေနေ့တွင် အရှိန်အဟုန် ပြင်းထန်စွာ
ပေါက်ကွဲခဲ့ပြီး အနီးပတ်ဝန်းကျင် တစ်မိုင်ပတ်လည်သို့ ချော်ပြာများ မှုတ်ထုတ်ခဲ့သည်။ 
 
ထို့အပြင် မီးတောင်ပေါက်ကွဲမှု အရှိန်ဖြင့်လွင့်စင်လာသည့် ချော်တုံးချော်ခဲများသည်လည်း ပတ်ဝန်းကျင် ဒေ
သများကို ဆိုးရွားစွာ ပျက်စီးမှုများ ဖြစ်ပေါ်လာစေသည်။ ချော်ပြာအစအနများ၏ အပူချိန်သည် (၇၀၀)ဒီဂရီ ဖာရင်ဟိုက်မျှထိ မြင့်မားလျှက်ရှိပြီး လူအများကို ထိမှန်ကာ သေကျေမှုများ ဖြစ်ပေါ်စေခဲ့သည်။

"မီးတောင်က ထွက်လာတဲ့ ချော်ပြာတွေဟာ တောင်စောင်းအတိုင်း လိမ့်ဆင်းလာပြီး ပတ်ဝန်းကျင်က လူနေ
ဒေသတွေကို (၂)မိနစ်၊ (၃)မိနစ်တည်းနဲ့ ရောက်လာတတ်တယ်"ဟု မီးတောင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးက ဆိုသည်။ 
 
အစိုးရ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲရေး တာဝန်ရှိသူ တစ်ဦးက မီးတောင်ပေါက်ကွဲရာမှ လွင့်
ထွက်လာသည့် ချော်ပြာများကြောင့် အနည်းဆုံး လူ(၁၅)ဦးမျှ သေဆုံးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ တနင်္လာနေ့ထိ မြောက်ပိုင်း ဆူမားတြားမှ တောင်ကုန်းဒေသများ အထက်ဘက် ကောင်းကင်ယံသည် မီးခိုး
ရောင် ချော်ပြာများ ဖုံးလွှမ်းရင်း မည်းမှောင်နေဆဲ ဖြစ်သည်။

ချော်ပြာများကြောင်း လူ(၁၅)ဦးထက်မနည်း သေဆုံးခဲ့သလို (၃)ဦးမျှလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အထူးသဖြင့် မီးတောင်၏ ဆင်ခြေလျှောများနှင့် နီးကပ်သည့် ရွာငယ်များတွင် အသေအပျောက် စာရင်းများ ရှိနေကြောင်း တာဝန်ရှိသူများက ဆိုသည်။ 
 
ဆီနာဘွန်း အနီးတဝိုက်တွင် ကယ်ဆယ်ရေး အဖွဲ့များ လှုပ်ရှားနေသော်လည်း လွင့်ထွက်လာသည့် ပြာခဲ အ
စအနများ ထိမှန်မည်ကို စိုးရိမ်သဖြင့်မီးတောင်အောက်ခြေထိအလွန်နီးကပ်စွာမချဉ်းကပ်ရဲကြောင်းလည်းသိ
သည်။

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် ဂျကာတာပို့စ် သတင်းစာက ချော်ပြာများကြောင့် အသက်ရှူကျပ်ပြီး သေ
ဆုံးသူများပါ ထည့်ပေါင်းလျှင် အသေအပျောက် ပမာဏသည် (၃၁)ဦးမျှထိ ရှိနိုင်ကြောင်း ရေးသားထားခဲ့
သည်။ 
 
လတ်တလောတွင် ဒေသတွင်းရှိ လေယာဉ်ခရီးစဉ် အချို့ကို ဖျက်သိမ်းထားခဲ့ပြီး လူပေါင်း(၂၂၀၀၀)ခန့်သည် ယာယီရွက်ဖျင်များဖြင့် နေထိုင်ခဲ့ရသည်။ 
 
သို့သော်လည်းယင်းတို့အနက်ထက်ဝက်နီးပါးသည် ပြီးခဲ့သည့်သီတင်းပတ်ကုန်တွင် နေအိမ်များသို့ ပြန်ခွင့်
ရခဲ့ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment