Pages

Saturday, February 8, 2014

ဒီဂီယာကို (၄)နှစ် သက်တမ်းတိုးရန် မန်ချက်စတာ ယူနိုက်တက် အသင်း စီစဉ်နေ

Photo: ဒီဂီယာကို (၄)နှစ် သက်တမ်းတိုးရန် ယူနိုက်တက် စီစဉ်နေ
Saturday, February 8, 2014

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဂိုးသမား ဒေးဗစ်ဒီဂီယာကို (၂၀၁၈)ထိ သက်တမ်းတိုး စာချုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။

လက်ရှိတွင် ဆွေးနွေးမှု ရလဒ်များ ကောင်းမွန်နေသလို စပိန်လက်ရွေးစင် ဂိုးသမားလေး အနေဖြင့် စာချုပ်သစ်တွင် လက်မှတ်ရေးထိုးနိုင်ရန် အလွန်နီးစပ်နေပြီဟု ဆိုသည်။ ဒီဂီယာ၏ လက်ရှိစာချုပ်သည် (၂)နှစ်မျှ သက်တမ်းကျန်နေသေးသော်လည်း အင်္ဂလန် ချန်ပီယံ အသင်းက လုပ်ခလစာ ခံစားခွင့် တိုးမြှင့်ပြီး ၎င်းကို ဆက်လက် ထိန်းသိမ်းထားရန် ကြိုးစားလာခြင်း ဖြစ်သည်။ ဒီဂီယာသည် စာချုပ်သစ်အရ တစ်ပတ်လုပ်ခ စတာလင်ပေါင် (၉၀၀၀၀)ဝန်းကျင်မျှထိ ခံစားခွင့်ရှိမည်ဟု ဆိုသည်။

ဘာစီလိုနာ အသင်းသည် အစောပိုင်းက ဒီဂီယာ၏ အနေအထားကို အနီးကပ် လေ့လာခဲ့သေးသော်လည်း နောက်ပိုင်းတွင်မူ ပေါင်စတာလင် (၂၅)သန်းတန် ဂိုးသမားလေးအတွက် အာရုံလျော့သွားခဲ့သည်။ အသက်(၂၃)နှစ်ရှိ ဒီဂီယာသည် အက်သလက်တီကို မက်ဒရစ်မှ ပြောင်းရွှေ့လာကာစတွင် အမှားအယွင်း အချို့ကြောင့် ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်းတွင် ယူနိုက်တက်၏ အငြင်းပွားစရာမရှိ နံပါတ်(၁) ဦးစားပေး ဂိုးသမား ဖြစ်လာခဲ့သည်။ 

ယူနိုက်တက်သည် နွေရာသီတွင် နီမန်ယာဗီဒစ်၊ ရီယိုဖာဒီနန်နှင့် ပက်ထရစ်အီဗရာတို့ကို လက်လွှတ်ရန် သေချာသလောက် ရှိနေပြီး ခံစစ်ဇုန်ကို အပြောင်းအလဲဖြင့် ဖွဲ့စည်းမည်ဖြစ်ရာ ဒီဂီယာသည် မန်နေဂျာ ဒေးဗစ်မိုယက်စ်အတွက် ရေရှည်ထိန်းသိမ်းထားရန် အလိုအပ်ဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။

Source: Mirror

Soccer Myanmar

RangonNewsDaily: February . 8 .2014
မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဂိုးသမား ဒေးဗစ်ဒီဂီယာကို (၂၀၁၈)ထိ သက်တမ်းတိုး စာချုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။ လက်ရှိတွင် ဆွေးနွေးမှု ရလဒ်များ ကောင်းမွန်နေသလို စပိန်လက်ရွေးစင် ဂိုးသမားလေး အနေဖြင့် စာချုပ်သစ်တွင် လက်မှတ်ရေးထိုးနိုင်ရန် အလွန်နီးစပ်နေပြီဟု ဆိုသည်။ ဒီဂီယာ၏ လက်ရှိစာချုပ်သည် (၂)နှစ်မျှ သက်တမ်းကျန်နေသေးသော်လည်း အင်္ဂလန် ချန်ပီယံ အသင်းက လုပ်ခလစာ ခံစားခွင့် တိုးမြှင့်ပြီး ၎င်းကို ဆက်လက် ထိန်းသိမ်းထားရန် ကြိုးစားလာခြင်း ဖြစ်သည်။ ဒီဂီယာသည် စာချုပ်သစ်အရ တစ်ပတ်လုပ်ခ စတာလင်ပေါင် (၉၀၀၀၀)ဝန်းကျင်မျှထိ ခံစားခွင့်ရှိမည်ဟု ဆိုသည်။

ဘာစီလိုနာ အသင်းသည် အစောပိုင်းက ဒီဂီယာ၏ အနေအထားကို အနီးကပ် လေ့လာခဲ့သေးသော်လည်း နောက်ပိုင်းတွင်မူ ပေါင်စတာလင် (၂၅)သန်းတန် ဂိုးသမားလေးအတွက် အာရုံလျော့သွားခဲ့သည်။ အသက်(၂၃)နှစ်ရှိ ဒီဂီယာသည် အက်သလက်တီကို မက်ဒရစ်မှ ပြောင်းရွှေ့လာကာစတွင် အမှားအယွင်း အချို့ကြောင့် ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်းတွင် ယူနိုက်တက်၏ အငြင်းပွားစရာမရှိ နံပါတ်(၁) ဦးစားပေး ဂိုးသမား ဖြစ်လာခဲ့သည်။

ယူနိုက်တက်သည် နွေရာသီတွင် နီမန်ယာဗီဒစ်၊ ရီယိုဖာဒီနန်နှင့် ပက်ထရစ်အီဗရာတို့ကို လက်လွှတ်ရန် သေချာသလောက် ရှိနေပြီး ခံစစ်ဇုန်ကို အပြောင်းအလဲဖြင့် ဖွဲ့စည်းမည်ဖြစ်ရာ ဒီဂီယာသည် မန်နေဂျာ ဒေးဗစ်မိုယက်စ်အတွက် ရေရှည်ထိန်းသိမ်းထားရန် အလိုအပ်ဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။

Source: Mirror , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment