RangonNewsDaily: February . 10 .2014
ဖေဖော်ဝါရီ ၄ ရက် နံနက်အစောပိုင်းက ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်းရှိ စာဘူးတောင်းကျေးရွာအုပ်
ဖေဖော်ဝါရီ ၄ ရက် နံနက်အစောပိုင်းက ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်းရှိ စာဘူးတောင်းကျေးရွာအုပ်
စု သမီးကလေးကျေးရွာအား
သက်ဆိုင်ရာက တပ်ပိုင်မြေကို ကျူးကျော်သည်ဟုဆိုကာ ဖယ်ရှားရှင်းလင်းမှု
များ
ပြုလုပ်ခဲ့သည်။ အင်အား ၁၀၀၀ ကျော်ခန့် အသုံးပြုကာ အိမ်ထောင်စုပေါင်း ၁၅၀
ခန့်၊ လူဦးရေ ၅၀၀ ကျော်ရှိသော ရွာတစ်
ရွာအား အပြီးတိုင်အဆုံးသတ်သွားအောင်
ပြုလုပ်ခဲ့သည်။
သို့ဖြစ်ရာ လူမမည်ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအပါအ၀င် သမီးကလေးကျေးရွာမှ ရွာသူရွာသား
သို့ဖြစ်ရာ လူမမည်ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအပါအ၀င် သမီးကလေးကျေးရွာမှ ရွာသူရွာသား
များမှာ
အခွင့်အရေးတစ်စုံတစ်ရာမရရှိခဲ့ဘဲ မိမိတို့၏အိုးအိမ်များကို
စွန့်လွှတ်ခဲ့ကြရသည်။ စားဝတ်နေရေး အခက်အခဲများ၊ ကျန်းမာရေးဆိုင်ရာ
ချို့ယွင်းမှုများ၊ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့်အတူ
သမီး
ကလေးကျေးရွာမှ ရွာသူရွာသားများ၏ ဘ၀များမှာ ခိုကိုးရာမဲ့ပြီး
ဒုက္ခသည်အဖြစ်သို့ ရောက်ရှိသွားခဲ့ရသည်။ မိမိတို့၏ အိုးအိမ်များမှာ
နေ့ချင်းညချင်းပင် ပျက်စီးဆုံးရှုံးသွားခဲ့ရသည့်အပြင်
အင်အားသုံးဖျက်ဆီးမှုများ ပြုလုပ်
ခံရခြင်းကြောင့် အိပ်မက်ဆိုးတစ်ခုနှင့်
ရင်ဆိုင်ခဲ့ရသကဲ့သို့ပင် ဖြစ်ခဲ့သည်။
ယင်းကဲ့သို့ သမီးကလေးကျေးရွာအား အာဏာပိုင်များက ကျူးကျော်အဖြစ်သတ်မှတ်ကာ အပြီးတိုင်ဖယ်ရှား
ယင်းကဲ့သို့ သမီးကလေးကျေးရွာအား အာဏာပိုင်များက ကျူးကျော်အဖြစ်သတ်မှတ်ကာ အပြီးတိုင်ဖယ်ရှား
လိုက်ပြီးနောက်တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ
တာဝန်ရှိသူများနှင့် NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဖြိုးမင်းသိန်းတို့က ယင်းသမီးကလေးကျေးရွာမှာ ၂၀၁၃ ခုနှစ်မှ
စတင်ပေါ်ပေါက်လာသည့် ကျေးရွာဖြစ်ပြီး အစောပိုင်းကာလများက သမီးကလေးကျေးရွာမှာ
အမှန်တကယ်မရှိခဲ့ကြောင်း ပြောဆိုမှုများ ရှိလာခဲ့သည်။
သို့ဖြစ်ရာ ပြည်သူများအကြားတွင်လည်း သမီးကလေးကျေးရွာ အမှန်တကယ် တည်ရှိခြင်း ရှိ မရှိနှင့် အာဏာ
သို့ဖြစ်ရာ ပြည်သူများအကြားတွင်လည်း သမီးကလေးကျေးရွာ အမှန်တကယ် တည်ရှိခြင်း ရှိ မရှိနှင့် အာဏာ
ပိုင်များက ပြောဆိုကြသော သမီးကလေးကျေးရွာ၏
အမှန်တကယ်ဖြစ်တည်ခဲ့မှုအပေါ် ပြောဆိုငြင်းခုံမှုများ ရှိလာကြသည်။
NLD ပါတီ၏ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက DVB သတင်းဌာနနှင့်
NLD ပါတီ၏ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက DVB သတင်းဌာနနှင့်
တွေ့ဆုံမေးမြန်းရာတွင် "၂၀၁၃ ခုနှစ် အစပိုင်းလောက်မှာ
ဒီနေရာကြီးက ကြီးလေးကြီးလမ်းဆိုပြီး ဖြစ်နေတဲ့ လမ်း၊ လမ်းကတကယ်ကို
လမ်းကောင်းပါ။ ကတ္တရာလမ်းပါ။ တိုက်ကြီး၊ ဖူးကြီး၊ ဖောင်ကြီး၊
ဘုရားကြီးလမ်း
ပေါ့ဗျာ။ ကြီးလေးကြီးလမ်းလို့ခေါ်တယ်။
အဲဒီလမ်းပေါ်မှာ
ဘေးဘီဝဲယာမှာ စစ်တပ်ကနေပြီးတော့ ပိုင်တဲ့မြေတွေရှိတယ်။
ဘယ်လိုပိုင်ခဲ့လဲဆိုတော့ ဒီဘက်အခြမ်းမြေတွေက တစ်ချိန်တုန်းက
ပဲခူးရိုးမတစ်ကျောဗျာ။ အဲဒီနေရာတွေကို တပ်ကသိမ်းရင်းသိမ်း
ရင်းနဲ့
စိုးမိုးလာပြီး တပ်ကအထိုင်ချလာတဲ့ နေရာပေါ့။ ရဲမွန်တပ်မြို့
ထူထောင်လာတဲ့အချိန်မှာ ဒီနေရာနဲ့ ဆက်စပ်လိုက်တယ်။
အဲဒီနေရာကဒီလိုနဲ့တပ်မြေဖြစ်လာပြီး ရော်ဘာခြံတွေစိုက်ထားတာရှိခဲ့တယ်။အဲဒီနေရာက၁၂၊
၁၃ လောက်
မှာ အဲဒီနားတစ်ကြောမှာ စစ်တပ် က မြေတွေကို စွန့်လိုက်ပြီလို့
သတင်းတွေထုတ်ပြီးတော့ ဒီနေရာတွေကို လူတွေက ရွာနီးချုပ်စပ်မှာရှိတဲ့ ရွာတွေက
လူလည်တွေပေါ့ဗျာ။
ဒီလူတွေကနေပြီး အတင်းဝင်လု၊ အတင်းဝင်ယူပြီး
အရောင်းအ၀ယ်တွေဖြစ်တာ အဲဒီနေရာမှာ ဧကတစ်
သောင်းလောက် ဒီ ၂၀၁၃
တစ်နှစ်ထဲအတွင်းမှာ အရောင်းအ၀ယ်ဖြစ်သွားတယ်။ အရောင်းအ၀ယ်ဖြစ်တာ
နဲ့အတူ
အဲဒီနေရာမှာ ရွာတစ်ရွာပေါ်လာတယ်။ အဲဒါကတော့ ကျွန်တော်တို့လှည်းကူးနဲ့
ပဲခူးနဲ့ နယ်စပ်မျဉ်း
လိုဖြစ်နေတဲ့ လဂွမ်းပြင်ချောင်း/ဆည်ဆိုတာ ရှိတယ်။
အဲဒီထိပ်မှာ သမီးကလေးရွာဆိုပြီး တည်လာတဲ့အချိန်မှာ အဲဒီရွာမှာ ဧက ၂၀၀ ကျော်
၃၀၀ နီးပါးလောက်
ဝယ်ထားတဲ့ ကိုကျော်ကျော်ဆိုတဲ့လူက ဧက ၅၀
ကျော်လောက်စွန့်ပြီး ရွာတည်ပေးလိုက်တယ်။ အဲဒီရွာမှာ
မြေလိုချင်တဲ့လူ
ဘယ်သူမဆို မဲနှိုက်ယူလို့ရတယ်ဆိုတော့ အဲဒီလဂွမ်းပြင်ချောင်းရဲ့ ဟိုဘက်အခြမ်း
ပဲခူးဘက်
အခြမ်းမှာ ပုဂ္ဂလိက ရာဘာခြံတွေ စိုက်ပျိုးရေးခြံတွေ
အများကြီးရှိတော့ အဲဒီမှာအလုပ်လုပ်နေတဲ့လူတွေက ဒီမှာမြေယူပြီး လာနေကြတယ်။
လာနေပြီးတော့ သူတို့ကိုယ်တိုင် ဧကတစ်သောင်းကျော်လောက်
အရောင်းအ၀ယ်ဖြစ်နေတဲ့နေရာမှာ ပွဲစား
လေးတွေ လုပ်လို့ရတယ်။ တစ်ဖက်ကလည်း
လုပ်ငန်းရှင်တွေက ဧကတစ်သောင်းကျော်လောက် ၀င်ဝယ်ကြ
တယ်။
သူဌေးတွေရော၊
စစ်တပ်ကထွက်တဲ့ ဗိုလ်ကြီးဟောင်းတွေရော။ အဲလိုလူတွေဝယ်တဲ့ ခြံတွေထဲမှာ
သွားရှင်း
ရင် ရိုးရိုးရှင်းရင် သုံးသောင်း၊ အပြောင်ရှင်းရင်
ငါးသောင်းဈေးနှုန်းတွေနဲ့ အလုပ်လုပ်ကိုင်ပြီး ဒီနေရာမှာ
ရွာ
ဆိုပြီးဖြစ်လာတယ်။ အဲဒီရွာကအစိုးရရဲ့ တရားဝင်သတ်မှတ်ထားတဲ့
ရွာစာရင်းထဲမှာ မရှိသလို အရင် ၂၀၁၂
ကျွန်တော်ကြားဖြတ်ရွေးကောက်ပွဲဝင်စဉ်ကလည်း ဒီရွာမရှိဘူး။
အဲဒီမှာရွာ
ပေါ်လာပြီးတော့ အဲဒီရွာအုပ်ချုပ်ရေးတွေဘာတွေကိုကိုကျော်ကျော်ကသူ့နည်းသူ့ဟန်နဲ့ ထူထောင်
တယ်။ ဘယ်လိုထူထောင်သလဲဆိုတော့ ကျွန်တော်တို့
ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ အုပ်
ချုပ်ရေးမှူးဥပဒေကို သူ့ဘာသာသူ
အုပ်ချုပ်ရေးမှူးတွေဖွဲ့ပြီး ဒီမြေတွေကို ထူထောင်လိုက်တဲ့အတွက်
အဲဒီရွာ
ဆိုပြီး ပေါ်လာတယ်။ ကိုယ့်ဘာသာကိုယ် ထူထောင်ထားတဲ့ ရွာပေါ့ဗျာ ... "
ဟု ပြောကြားခဲ့သည်။
ထို့အပြင် သမီးကလေးကျေးရွာနှင့် ပတ်သက်ပြီး လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကိုက
ထို့အပြင် သမီးကလေးကျေးရွာနှင့် ပတ်သက်ပြီး လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကိုက
လည်း
"သမီးကလေးကျေးရွာဆိုတာ အရင်ကတည်းက မရှိခဲ့ပါဘူး။ ပြည်ထဲရေးရဲ့
မြို့ရွာပြန်တမ်းထဲမှာလည်း ရွာဆိုပြီး အမည်မပေါက်ပါဘူး။
အဲ့ဒီမှာနေတဲ့လူတွေက ၂၀၁၃ ခုနှစ်လောက်မှ
ရောက်လာကြတဲ့သူတွေ
ပါ”ဟုဖေဖော်ဝါရီ၁ဝရက်ကThe Daily Eleven
သတင်းစာသို့ပြောကြားလိုက်သည်။
သို့သော်လည်း သမီးကလေးကျေးရွာမှာ ရွာအင်္ဂါရပ်ဟုဆိုရမည့် ကိုယ်ထူကိုယ်ထ စာသင်ကျောင်း၊ ဆေးပေး
သို့သော်လည်း သမီးကလေးကျေးရွာမှာ ရွာအင်္ဂါရပ်ဟုဆိုရမည့် ကိုယ်ထူကိုယ်ထ စာသင်ကျောင်း၊ ဆေးပေး
ခန်း၊
အုပ်ချုပ်ရေးရုံး၊ ဘုန်းကြီးကျောင်း၊ စာကြည့်တိုက်စသည်တို့ ပါဝင်သည့်
ရွာတစ်ရွာအဖြစ် အခိုင်အမာ
ဖြစ်တည်နေသော ရွာဖြစ်ကြောင်း ရွာသူရွာသားများက
သက်သေပြပြောဆိုမှုများ ရှိနေပါသည်။
သမီးကလေးကျေးရွာ ဖယ်ရှားခံလိုက်ရပြီးနောက်တွင် ယင်းရွာသူတစ်ဦးဖြစ်သည့် မချောစုက“ကျွန်မအ
သမီးကလေးကျေးရွာ ဖယ်ရှားခံလိုက်ရပြီးနောက်တွင် ယင်းရွာသူတစ်ဦးဖြစ်သည့် မချောစုက“ကျွန်မအ
သက်၃၇နှစ်ရှိပါပြီ။ ဒီမှာပဲမွေးပြီး ဒီမှာပဲကြီးလာတာပါ။
ရွာကဘယ်ကတည်းက ရှိတာလဲဆိုတော့ ကျွန်မမွေး
ကတည်းကပါ။
ကျွန်မတို့မိဘတွေဒီမှာနေလို့ ကျွန်မတို့လည်း ဒီမှာနေတယ်။
ကျွန်မတို့အိမ်တွေကိုဖျက်ပြီး မောင်းထုတ်တဲ့
အတွက် နေစရာမရှိလို့
ဘုန်းကြီးကျောင်းမှာ ခဏလာနေနေရတယ်”ဟု ရင်ဖွင့်ခဲ့သည်။
ထို့ပြင်သမီးကလေးရွာသားတစ်ဦးဖြစ်သည့်ကိုနီလာကလည်း “ကျွန်တော်ဒီရွာမှာနေတာလာ၂၅နှစ်ကျော်
ထို့ပြင်သမီးကလေးရွာသားတစ်ဦးဖြစ်သည့်ကိုနီလာကလည်း “ကျွန်တော်ဒီရွာမှာနေတာလာ၂၅နှစ်ကျော်
လာပါပြီ။ အရင်ကတည်းက
ဒီသမီးကလေးရွာဟောင်းဆိုတာ ရှိပါတယ်။ အရင်ကရွာကဘယ်လိုလဲဆိုတော့ ကရင်စုရွာလို
ဖြစ်နေတာပါ။ ဟိုနားတစ်စု ဒီနားတစ်စု နေကြတာပါ”ဟု ဆိုပြန်သည်။
တချို့သောမိသားစုများမှာ သမီးကလေးကျေးရွာ၌ ဘိုးဘွားစဉ်ဆက်
နေလာကြသူများဖြစ်ပြီး ၎င်းတို့၏ရွာ
မှာ နှစ်ပေါင်း၁ဝစုနှစ်ချီ ဖြစ်တည်ခဲ့သည်ဟု
စိတ်မကောင်းစွာ ပြောဆိုကြပြီး ၎င်းတို့တွင် ယာယီသန်းခေါင်
စာရင်းများလည်း
ရှိနေကြောင်း ဆိုကြသည်။
၎င်း၏နေအိမ် နေ့ချင်းညချင်း
ဖျက်ဆီးပစ်ခံလိုက်ရသည့်အတွက် ပူဆွေးနေသော သမီးကလေးရွာသူ မဖြူက
“ကျွန်မတို့အမေလက်ထက်ကတည်းက ဒီရွာမှာနေတာလာတာ ကျွန်မအသက်၎ဝကျော်လာပါပြီ။
ဘိုးဘွား
အစဉ်အဆက် သမီးကလေးရွာမှာနေလာတာပါ။
နောက်ပိုင်းပြောင်းလာတဲ့လူတွေတော့ ရှိတာပေါ့။ ကျွန်မ
တို့လို
ငယ်မွေးခြံပေါက်တွေ အများကြီးရှိပါတယ်။ ရွာကနဂိုကတည်းကရှိတာပါ”ဟု
ရှင်းပြခဲ့ပြန်သည်။
ယင်းကဲ့သို့တာဝန်ရှိသူ အာဏာပိုင်များနှင့် သမီးကလေးကျေးရွာမှ ပြည်သူများကြားတွင် ယင်းရွာအမှန်
ယင်းကဲ့သို့တာဝန်ရှိသူ အာဏာပိုင်များနှင့် သမီးကလေးကျေးရွာမှ ပြည်သူများကြားတွင် ယင်းရွာအမှန်
တကယ်တည်ရှိခဲ့ခြင်းနှင့်ပတ်သက်၍ ကွဲလွဲမှုများရှိနေသော်လည်း
သမီးကလေးကျေးရွာအနီးတွင်တည်
ရှိသော လဂွမ်းပြင်ရေလှောင်တမံစီမံကိန်း၏
ကျောက်စာကမ္ပည်းမော်ကွန်းတွင်မူ သမီးကလေးကျေးရွာမှာ တည်ရှိခဲ့ကြောင်း
ရေးသားဖော်ပြထားသည်ကို သိရှိခဲ့ရသည်။
ယင်းကမ္ပည်းမော်ကွန်းတွင်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကော်စီလက်ထက်၂ဝဝဝ ပြည့်နှစ်
က
တည်ဆောက်ပြီးစီးခဲ့သည့် လဂွမ်းပြင်ရေလှောင်တမံစီမံကိန်းမှာ
လှည်းကူးမြို့နယ် သမီးကလေးကျေးရွာ
အနီးတွင် တည်ရှိနေကြောင်း၂ဝဝဝ ပြည့်နှစ်
နိုဝင်ဘာ၂၈ရက်နေ့စွဲဖြင့် အတည့်အလင်း ရေးထိုးဖော်ပြ
ထားသည်။
ထိုကဲ့သို့သောအချက်အလက်များအရ သမီးကလေးကျေးရွာမှာ၂ဝ၁၃ခုနှစ်တွင်မှ ဖြစ်ပေါ်လာခြင်းမဟုတ်
ထိုကဲ့သို့သောအချက်အလက်များအရ သမီးကလေးကျေးရွာမှာ၂ဝ၁၃ခုနှစ်တွင်မှ ဖြစ်ပေါ်လာခြင်းမဟုတ်
ဘဲ ဒေသခံရွာသူရွာသားများပြောကြားခဲ့သည့်အတိုင်း
လွန်ခဲ့သည့်နှစ်ပေါင်း ၂ဝ ကျော် ၃ဝ ဝန်းကျင်ခန့်
အတွင်းက ရှိနေခဲ့ခြင်း
ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။
အမှန်တကယ် ၁ဝ စုနှစ် နှစ်ခုသုံးခုကျော်
ကြာမြင့်စွာတည်ရှိခဲ့သော ရွာတစ်ရွာအား ယင်းကဲ့သို့
အင်အားသုံး
ဖယ်ရှားမှုပြုလုပ်ခဲ့ခြင်းမှာ အစိုးရအပေါ် ဝေဖန်စရာဖြစ်နေခဲ့ပြီး
တပ်မတော်၏ဂုဏ်သိက္ခာပိုင်းကို ထိခိုက်နိုင်
စရာ ဖြစ်စေသည့်အပြင်
ပြည်သူနှင့်တပ်မတော်ကြားတွင် အထင်အမြင်လွဲမှားမှုများလည်း
ဖြစ်လာစေနိုင်
သည်။
ထို့ကြောင့်လည်းနိုင်ငံတော်သမ္မတနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့်လည်းသမီးကလေးကျေး
ထို့ကြောင့်လည်းနိုင်ငံတော်သမ္မတနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့်လည်းသမီးကလေးကျေး
ရွာဖြစ်စဉ်နှင့်
ပတ်သက်ပြီး စနစ်တကျစုံစမ်းစစ်ဆေးဖြေရှင်းမှုများ ပြုလုပ်သင့်ကြောင်း
ပြည်သူများအကြား
တောင်းဆိုမှုများ ရှိနေသည်။
လွှတ်တော်ကဲ့သို့သော ဥပဒေပြုရေးမဏ္ဍိုင်မှာလည်း ဝင်ရောက်ဖြေရှင်းကူညီမှုများ ပြုလုပ်ပေးသင့်ကြောင်း သုံးသပ်မှုများရှိနေပါသည်။ ထို့ပြင်အရေးကြီးဆုံးအချက်အနေဖြင့် နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက သမီးကလေး
လွှတ်တော်ကဲ့သို့သော ဥပဒေပြုရေးမဏ္ဍိုင်မှာလည်း ဝင်ရောက်ဖြေရှင်းကူညီမှုများ ပြုလုပ်ပေးသင့်ကြောင်း သုံးသပ်မှုများရှိနေပါသည်။ ထို့ပြင်အရေးကြီးဆုံးအချက်အနေဖြင့် နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက သမီးကလေး
ကျေးရွာမှ အိုးအိမ်မဲ့ဖြစ်သွားသော
ပြည်သူများအတွက် ကူညီဖြေရှင်းမှုများ၊ လူသားချင်းစာနာထောက်ထား
စွာဖြင့်
မှန်ကန်မျှတသည့် ဆောင်ရွက်မှုမျိုး ပြန်လည်လုပ်ဆောင်ပေးသင့်ကြောင်းနှင့်
ပြည်သူ့ဘဏ္ဍာငွေမှ စိုက်ထုတ်သုံးစွဲမှုပြုလုပ်ကာအမှန်တကယ်နစ်နာဆုံးရှုံးခဲ့ရသော ပြည်သူများကိုသနားစာနာသောအားဖြင့်
နေရာပြန်လည်အစားထိုးဖြေရှင်းပေးမှုများ ပြုလုပ်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။
(ဖေဖော်ဝါရီ ၄ ရက် နံနက်အစောပိုင်းကသမီးကလေးကျေးရွာအားသက်ဆိုင်ရာက ဖယ်ရှားရှင်းလင်းမှုများ
(ဖေဖော်ဝါရီ ၄ ရက် နံနက်အစောပိုင်းကသမီးကလေးကျေးရွာအားသက်ဆိုင်ရာက ဖယ်ရှားရှင်းလင်းမှုများ
ပြုလုပ်ခဲ့ပြီး
အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများနှင့် NLD လှည်းကူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဖြိုးမင်းသိန်းတို့ကသမီးကလေးကျေးရွာမှာ၂၀၁၃ ခုနှစ်အတွင်းမှ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ပြောကြား
ခဲ့ကြရာ The Daily
Eleven အယ်ဒီတာအဖွဲ့မှ စုံစမ်းမှုအရ ၂၀၀၀ ပြည့်နှစ်တွင်
တည်ဆောက်ပြီးစီးခဲ့သည့် လဂွမ်းပြင် ရေလှောင်တမံစီမံကိန်း
ကမ္ပည်းမော်ကွန်းတွင် သမီးကလေးကျေးရွာ အမှန်တကယ်တည်ရှိခဲ့
သည်ကို တွေ့ရစဉ်)
Eleven Media , kolatt(PBDN)
RangonNewsDaily
Eleven Media , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment