RangonNewsDaily:: January . 29 .2014
ဗြိတိန်နိုင်ငံမှာ စတင် အော်ဒါမှာ လက်ခံနေပြီ ဖြစ်တဲ့ Samsung ရဲ့  နောက်ဆုံးထွက် ကျောက်သင်ပုန်း ကွန်ပြူတာ ဖြစ်ပြီး ၁၂.၂ လက်မ အရွယ်ရှိပါတယ်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ဆိုရင် ရရှိနိုင်ပြီ ဖြစ်ပါတယ်။ Wi-Fi မော်ဒယ် အဖြူရောင်နဲ့ အနက်ရောင် Galaxy Note Pro ကို ဗြိတိန်ပေါင် ၆၄၉ ပေါင်နဲ့ ရောင်းချ ခြင်း ဖြစ်ပါတယ်။

မျက်နှာပြင် အရည်အသွေး 2560x1600
pixel resolution ရှိပြီး ကင်မရာက 8 megapixel ရှိပါတယ်။ ရှေ့ ကင်မရာ ကတော့
2 megapixel ရှိပါတယ်။ RAM 3GB ရှိပြီး storage က 32 GB နဲ့ 64 GB
ဆိုပြီးတော့ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ဘက်ထရီက 9500mAh တောင် ရှိပါတယ်။
Android 4.4 KitKat ကို ထည့်သွင်း အသုံးပြုထားပါတယ်။ Wi-Fi ဗားရှင်းမှာ
Exynos 5Octa chip ကို အသုံးပြုထားပြီး 4G ဗားရှင်း မှာ quad-core Qualcomm
Snapgradon 800 chipset ကို အသုံးပြုထားပါတယ်။
S-Pen, LTE တို့ပါဝင်ပြီး ထွက်ရှိထားတဲ့ ၁၀.၁ လက်မ 2014 Edition ထက် သာလွန်တဲ့ အရည်အသွေးနဲ့ Feature များကို မြင်တွေ့ ရပါတယ်။
အရွယ်အစား တိတိကျကျအားဖြင့် 295.6x204x7.95 mm ရှိပြီး slim ဖြစ်တဲ့ Tablet ဖြစ်ပါတယ်။ Wi-Fi ဗား

ရှင်းက 750g လေးပြီး 3G/LTE က 753g လေးပါတယ်။
ဒီတော့ လက်တစ်ဖက်တည်းနဲ့ ကိုင်ပြီး သုံးဖို့အတွက်က အနည်းငယ်
လေးနေပါလိမ့်မယ်။ ဗြိတိန်နိုင်ငံ
အတွက် ရောင်းဈေး ကြေညာပြီးပေမယ့်
အခြားနိုင်ငံများအတွက် မကြေညာရသေးပါဘူး။ မြန်မာပြည်မှာ ဆိုရင်လည်း ကျပ်ငွေ ၈
သိန်းဝန်းကျင် ပေါက်ဈေး ရှိနိုင်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
ရိုးရာလေး , kolatt(PBDN)
RangonNewsDaily
.
Ref: pocketlint
ရိုးရာလေး , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment