RangonNewsDaily:: January . 9 .2014
မြန်မာနိုင်ငံတွင် ဘဏ်ခွဲအများဆုံး ဖွင့်လှစ်လျက်ရှိသည့် ထိပ်တန်း ဘဏ်တစ်ခု ဖြစ်သော ကမ္ဘောဇဘဏ်ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲသွားမည် ဖြစ်ကြောင်း ယင်းဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြော

ကြားသည်။
ယင်းသို့ ပြောင်းလဲနိုင်ရန် ဘဏ်၏ စာရင်းအင်းများ၊ ဖွဲ့စည်းပုံများစသည့် ပြောင်းလဲရမည့် အချက်အလက်

များအတွက် သုတေသန ပြုလုပ်လျက် ရှိကြောင်း ၎င်းထံမှ
သိရသည်။
အများပိုင် ပြောင်းလဲရန်အတွက် အကူအညီပေးမည့် အဖွဲ့အစည်း များကိုလည်း KPMG ကဲ့သို့ ကမ္ဘာ့အဆင့်

ရှိသည့်နာမည်ကြီးအဖွဲ့များထဲမှ
ရွေးချယ်သွားရန်စီစဉ်နေကြောင်း၎င်းကရှင်းပြသည်။ထူးကုမ္ပဏီ အုပ်စုပိုင်
အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်သည်လည်း ယမန်နှစ် အတွင်းက အများပိုင်ဘဏ်အဖြစ် ပြောင်းလဲ ဖွဲ့
စည်းခဲ့သည်။
မြန်မာနိုင်ငံတွင် သမဝါယမဘဏ်၊ ပထမ ပုဂ္ဂလိကဘဏ်နှင့် မြန်မာနိုင်ငံသား များ ဘဏ်များမှာ အများပိုင်
ဘဏ်များ ဖြစ်သည်။
လာမည့်နှစ်များတွင်ဘဏ်အများစုအများပိုင်ဘဏ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းလာပြီး ဘဏ်များအတွက် အရင်း

အနှီးများတိုးပွားလာစေရန်ရှယ်ယာများ
ရောင်းချသွားမည့်အလားအလာများ ရှိကြောင်း ဘဏ်လုပ်ငန်းရှင်
များက
ပြောဆိုနေကြသည်။
ကမ္ဘောဇဘဏ်သည် ဦးအောင်ကိုဝင်း ပိုင်ဆိုင်သည့် ကမ္ဘောဇ စီးပွားရေး အုပ်စုအတွင်းမှ ငွေကြေးဆိုင်ရာ လုပ်ငန်းတစ်ခု ဖြစ်ပြီးလက်ရှိဘဏ်လောကတွင်အဆင့်မြင့်ဝန်ဆောင်မှုများပေးကာထိပ်တန်းမှ ရပ်တည်နေ

သည့် ဘဏ်ဖြစ်သည်။
ကမ္ဘောဇ လုပ်ငန်းအုပ်စုသည် ကမ္ဘောဇ လေကြောင်းလိုင်း၊ ကမ္ဘောဇ အာမခံလုပ်ငန်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက် ရှိသည်။
The Voice , kolatt(PBDN)
RangonNewsDaily

0 comments:
Post a Comment