Pages

Saturday, January 11, 2014

မလေးရှား ကွန်တိန်နာဝင်းအတွင်း မီးလောင်မှု မြန်မာတစ်ဦးသေဆုံး

RangonNewsDaily:: January . 11 .2014
မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော် Tiong Nam လမ်းမပေါ်ရှိ အစားထိုးပစ္စည်းများ ထားရှိရာ ကွန်တိန်

နာ ကားဝင်းအတွင်း မီးလောင်ရာမှ ယင်းနေရာတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံ သားတစ်ဦး မီးလောင် သေဆုံးသွားကြောင်း မလေးရှားနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
အသက်၂၈ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား နှစ်ဦး အလုပ်လုပ်ကိုင်နေသော ကွန်တိန်နာ တစ်စီးတွင် ဇန်နဝါရီ
လ ၈ ရက်နေ့ နံနက် ၃ နာရီခန့်က လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တစ်ဦးသေဆုံး၍ တစ်ဦး ဒဏ်ရာ
အပြင်းအထန် ရရှိခဲ့ကြောင်း အဆိုပါ သတင်းများအရ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ ကြိုတင် ကြံစည်မှုဟု ယူဆရသောကြောင့် ကွာလာလမ်ပူ မြို့တော် အထူးစုံစမ်း

စစ်ဆေးရေး အရာရှိချုပ် Khairi Ahrasa က တစ်ပါးသူ အသက်သေစေမှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်၍ စုံစမ်းစစ်
ဆေးနေကြောင်း ယင်းသတင်း မီဒီယာများတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ဆီ ဖုန်းဝင်လာချင်း အခင်းဖြစ်ရာကို ရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဦးကိုပဲ ကယ်နိုင်ခဲ့တယ်၊ တစ်ဦးကတော့ မီးကျွမ်းနေပြီ” ဟု မြို့တော် မီးသတ်တပ်ဖွဲ့ အရာရှိများက ဆိုသည်။

အခြားမြန်မာနိုင်ငံသား တစ်ဦးသည် မီးလောင်ဒဏ်ရာနှင့် အဆုတ်အတွင်း မီးခိုးငွေ့ ပျံ့နှံ့နေမှု တို့ကြောင့် ကွာလာလမ်ပူ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း ယင်းသတင်းများအရ သိရသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time