RangonNewsDaily:: January . 13 .2014
မန္တလေးမြို့ ကမ်းနားလမ်း (၄၁လမ်း)တွင်ရှိသောညဈေးကို ကိုယ့်အားကိုယ်ကိုး အဆင့်မြှင့်တင်ရန်အ တွက်
အဆိုပါဈေး အကျိုးတော်ဆောင်အဖွဲ့နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့ ညှိ နှိုင်းဆောင်
ရွက်သွားမည်ဖြစ်သည်ဟုမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် (၁) ဦးထွန်းကြည်
က ဇန်န၀ါရီ ၁၁ ရက်တွင် မဇ်္ဈိမကို ပြောသည်။
“လောလောဆယ်မှာ ဈေးကထီးတိုင်မိုးနဲ့ပဲဆိုတော့အဲဒီနေရာမှာအုတ်ခုံနဲ့အမိုးနဲ့ဖြစ်အောင် လုပ်ဖို့ပါ။ ဈေး
သည်လည်း များတယ် နောင်မှာ စည်ကားလာနိုင်တော့ အခုထက် သပ်သပ်ရပ်ရပ်နဲ့ ပိုကောင်းသွား အောင်
ပါ။ ဈေးအကျိုးတော်ဆောင်အဖွဲ့နဲ့ ညှိနှိုင်းပြီး မကြာခင်မှာ ဆောင်ရွက်သွားမယ်”ဟု ၎င်းက ပြော သည်။
မန္တလေးမြို့ ၄၁ လမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ဖွင့်လှစ်ထားသော အဆိုပါညဈေးကို အုတ်ခုံ၊ အမိုး များ တည်ဆောက်ကာ လမ်းများနှင့် ရေမြောင်းစနစ်များပါ ထည့်သွင်းရန်အတွက် အကြံပြုထားပြီး အဆို ပါကိစ္စ
ကို ဧပြီလတွင် စတင်အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။
ယခင်က ဈေးချိုအနီးဝန်းကျင်တွင် ညပိုင်းရောင်းချသည့်ဈေးသည်များ ကို
၂၀၁၂ခုနှစ် သြဂုတ်လမှစတင် ကာ ကမ်းနားလမ်းသို့ ပြောင်းရွှေ့ရောင်းချရန်
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက နေရာ ချထား
ပေးခဲ့သည်။
အဆိုပါဈေးအဆင့်မြှင့်တင်ရန်အတွက် ဈေးသူဈေးသားများက ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဆောင်ရွက် သွား
ရမည်ဖြစ်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကလိုအပ်သည်များကို ဈေးအကျိုး တော်ဆောင်
အဖွဲ့နှင့် တိုင်ပင်ကာ ဆောင်ရွက်သွားမည်ဖြစ်သည်။
လက်ရှိကမ်းနားလမ်းညဈေးတွင် ရောင်းချနေသော ဈေးသည်ဦးရေမှာ၁၀၀၀နီးပါးခန့်ရှိ၍ မန္တလေးမြို့ နှင့်
အနီးတစ်ဝိုက်ရှိမတ္တရာ၊စဥ့်ကူ၊ပလိပ်၊ ကျောက်ဆည်၊ အမရပူရ၊ အုန်းချော၊ ပြင်ဦးလွင် စသည့် မြို့ နယ်များ
မှ ကုန်စိမ်းဈေးသည်များက ညကိုးနာရီမှ နံနက်ငါးနာရီအချိန်ထိ ရောင်းချလျက်ရှိသော ဈေးဖြစ် သည်။
Mizzima - News , kolatt(PBDN)
RangonNewsDaily
မန္တလေးမြို့ ကမ်းနားလမ်း (၄၁လမ်း)တွင်ရှိသောညဈေးကို ကိုယ့်အားကိုယ်ကိုး အဆင့်မြှင့်တင်ရန်အ တွက်
အဆိုပါဈေး အကျိုးတော်ဆောင်အဖွဲ့နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့ ညှိ နှိုင်းဆောင်
ရွက်သွားမည်ဖြစ်သည်ဟ
က ဇန်န၀ါရီ ၁၁ ရက်တွင် မဇ်္ဈိမကို ပြောသည်။
“လောလောဆယ်မှာ ဈေးကထီးတိုင်မိုးနဲ့ပဲဆိုတော့အဲဒီနေရာမှာအုတ်ခုံနဲ့အမိုးနဲ့ဖြစ်အောင် လုပ်ဖို့ပါ။ ဈေး
သည်လည်း များတယ် နောင်မှာ စည်ကားလာနိုင်တော့ အခုထက် သပ်သပ်ရပ်ရပ်နဲ့ ပိုကောင်းသွား အောင်
ပါ။ ဈေးအကျိုးတော်ဆောင်အဖွဲ့နဲ့ ညှိနှိုင်းပြီး မကြာခင်မှာ ဆောင်ရွက်သွားမယ်”ဟု ၎င်းက ပြော သည်။
မန္တလေးမြို့ ၄၁ လမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ဖွင့်လှစ်ထားသော အဆိုပါညဈေးကို အုတ်ခုံ၊ အမိုး များ တည်ဆောက်ကာ လမ်းများနှင့် ရေမြောင်းစနစ်များပါ ထည့်သွင်းရန်အတွက် အကြံပြုထားပြီး အဆို ပါကိစ္စ
ကို ဧပြီလတွင် စတင်အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။
ယခင်က ဈေးချိုအနီးဝန်းကျင်တွင် ညပိုင်းရောင်းချသည့်ဈေးသည်များ
ပေးခဲ့သည်။
အဆိုပါဈေးအဆင့်မြှင့်တင်ရန်အတွက် ဈေးသူဈေးသားများက ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဆောင်ရွက် သွား
ရမည်ဖြစ်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကလိုအပ်သည်များကို ဈေးအကျိုး တော်ဆောင်
အဖွဲ့နှင့် တိုင်ပင်ကာ ဆောင်ရွက်သွားမည်ဖြစ်သည်။
လက်ရှိကမ်းနားလမ်းညဈေးတွင် ရောင်းချနေသော ဈေးသည်ဦးရေမှာ၁၀၀၀နီးပါးခန့်ရှိ၍ မန္တလေးမြို့ နှင့်
အနီးတစ်ဝိုက်ရှိမတ္တရာ၊စဥ့်ကူ၊ပလိပ်၊ ကျောက်ဆည်၊ အမရပူရ၊ အုန်းချော၊ ပြင်ဦးလွင် စသည့် မြို့ နယ်များ
မှ ကုန်စိမ်းဈေးသည်များက ညကိုးနာရီမှ နံနက်ငါးနာရီအချိန်ထိ ရောင်းချလျက်ရှိသော ဈေးဖြစ် သည်။
Mizzima - News , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment