Pages

Sunday, January 26, 2014

ကလပ်အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် မာတာကို ယူနိုက်တက် စာချုပ်ခေါ်ယူ

Photo: ကလပ်အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် မာတာကို ယူနိုက်တက် စာချုပ်ခေါ်ယူ
Sunday, January 26, 2014 

ချယ်လ်ဆီးကစားသမား ဂျူအန်မာတာသည် မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်စတာလင် ၃၇.၁ သန်းဖြင့် တရားဝင် ပြောင်းရွှေ့ရောက်ရှိသွားပြီ ဖြစ်သည်။ မန်ချက်စတာယူနိုက်တက်သည် အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမား မာတာကို ကလပ်အသင်း စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် စာချုပ်ခေါ်ယူလိုက်ခြင်းလည်း ဖြစ်သည်။ 

ယခင် ကလပ်အသင်း ပြောင်းရွှေ့ကြေး စံချိန်တင်ထားခြင်းမှာ ၂၀၀၈ ခုနှစ်တွင် ဒီမီတာ ဘာဘာတော့ဗ်ကို ပေါင်စတာလင် ၃၀.၇၅ သန်းဖြင့် ခေါ်ယူခဲ့စဉ်ကဖြစ်သည်။ စပိန်လက်ရွေးစင် မာတာသည် နိုင်ငံအသင်းနှင့်အတူ ၃၂ ပွဲ ပါဝင်ကစားခဲ့သည်။ မာတာသည် ၂၀၁၁ ခုနှစ်တွင် ဗလင်စီယာအသင်းမှ ချယ်လ်ဆီးသို့ ရောက်ရှိခဲ့ပြီးနောက် ပွဲစဉ်ပေါင်း ၁၃၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၂ ဂိုး သွင်းယူနိုင်ခဲ့သည်။ မာတာသည် လာမည့် သီတင်းပတ်အတွင်း ကာဒစ်နှင့် ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက်နှင့်အတူ ပါဝင်လာဖွယ်ရှိသည်။

Planet Myanmar Network

RangonNewsDaily:: January . 26 .2014
ချယ်လ်ဆီးကစားသမား ဂျူအန်မာတာသည် မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်စတာလင် ၃၇.၁ သန်းဖြင့် တရားဝင် ပြောင်းရွှေ့ရောက်ရှိသွားပြီ ဖြစ်သည်။ မန်ချက်စတာယူနိုက်တက်သည် အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမား မာတာကို ကလပ်အသင်း စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် စာချုပ်ခေါ်ယူလိုက်ခြင်းလည်း ဖြစ်သည်။

ယခင် ကလပ်အသင်း ပြောင်းရွှေ့ကြေး စံချိန်တင်ထားခြင်းမှာ ၂၀၀၈ ခုနှစ်တွင် ဒီမီတာ ဘာဘာတော့ဗ်ကို ပေါင်စတာလင် ၃၀.၇၅ သန်းဖြင့် ခေါ်ယူခဲ့စဉ်ကဖြစ်သည်။ စပိန်လက်ရွေးစင် မာတာသည် နိုင်ငံအသင်းနှင့်အတူ ၃၂ ပွဲ ပါဝင်ကစားခဲ့သည်။ 
 
မာတာသည် ၂၀၁၁ ခုနှစ်တွင် ဗလင်စီယာအသင်းမှ ချယ်လ်ဆီးသို့ ရောက်ရှိခဲ့ပြီးနောက် ပွဲစဉ်ပေါင်း ၁၃၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၂ ဂိုး သွင်းယူနိုင်ခဲ့သည်။ မာတာသည် လာမည့် သီတင်းပတ်အတွင်း ကာဒစ်နှင့် ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက်နှင့်အတူ ပါဝင်လာဖွယ်ရှိသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment