Pages

Tuesday, January 21, 2014

ဟိမဝန္တာဘက်ခြမ်းမှ ရွေ့လျား မိုးတိမ်များကြောင့် မြန်မာနိုင်ငံအထက်ပိုင်း မိုးရွာသွန်းမည်

RangonNewsDaily:: January . 21 .2014
ဟိမဝန္တာ တောင်တန်းများ၏ အရှေ့ဘက်ခြမ်းမှ ရွေ့လျား ဝင်ရောက်လာသော လေအေးများနှင့် မိုးတိမ်များကြောင့် မြန်မာနိုင်ငံအထက်ပိုင်း ဒေသအချို့တွင် ယခု ရက်ပိုင်းအတွင်း မိုးရွာသွန်းမည်ဖြစ် ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အနောက်မြောက်ဘက်ခြမ်းမှ ဝင်ရောက် တိုက်ခတ်လာသည့် ဆောင်းရာသီလေများ အားလျော့နေသည့်အပြင် မိုးတိမ်တိုက်များ ဦးတည်ရွေ့လျား ဝင်ရောက်လာခြင်းကြောင့် အလယ်ပိုင်းဒေသများနှင့် အထက်ပိုင်း ဒေသများတွင် ရေငွေ့ ပါဝင်မှု မြင့်မားနေကြောင်း၊ ယင်းကြောင့် မိုးရွာသွန်းနိုင်ဖွယ် အခြေအနေရှိကြောင်း ၎င်းက ခန့်မှန်း ပြော ဆိုသည်။

“အလယ်ပိုင်း၊ အထက်ပိုင်းနဲ့ တနင်္သာရီတိုင်းမှာတော့ ညအပူချိန်တွေက ပျမ်းမျှအပူချိန်ထက် ပိုပြီး အအေးလျော့နေတယ်။ မြောက်ပိုင်းဒေသတွေ မှာတော့ မိုးထစ်ချုန်း ရွာနိုင်ဖွယ်ရှိတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့တွင် ဇန်နဝါရီလ ၂၀ ရက်နေ့က နေရာကွက်ကျား မိုးရွာသွန်းခဲ့ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသတို့တွင် ဇန်နဝါရီလ ၂၂ ရက်နေ့အထိ နေရာကွက်ကျား မိုးရွာသွန်းမည်ဖြစ်ကြောင်း အဆိုပါဌာနက ကြေညာချက် ထုတ်ပြန်သည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time