Pages

Sunday, January 12, 2014

နာဂပွဲတော်သို့ ပြည်ပဧည့်သည် ၃၀ ဦးခန့် လာရောက် လေ့လာမည်ဟုဆို

Photo: နာဂပွဲတော်သို့ ပြည်ပဧည့်သည် ၃၀ ဦးခန့် လာရောက် လေ့လာမည်ဟုဆို
Sunday, January 12, 2014

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် နန်းယွန်းမြို့တွင် ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်သို့ ပြည်ပဧည့်သည် ၃၀ ဦးခန့် လာရောက် လေ့လာနိုင်မည်ဟု ခန့်မှန်းကြောင်း အဆိုပါ ပွဲတော်သို့ နိုင်ငံခြားသားများ သွားရောက် လေ့လာနိုင်ရန် ဆောင်ရွက်ပေးနေသည့် မန္တလေးမြို့တော် အခြေစိုက် Diamond Palace Travel & Tour ကုမ္ပဏီထံမှ သိရှိရသည်။ 

ပြည်ပဧည့်သည် ၃၀ ဦး အပါအဝင် ပြည်တွင်း ဧည့်သည် ၂၀ ဦးခန့်လည်း နာဂပွဲတော်ကို သွားရောက်ရန် ရှိသည်ဟု ယင်းကုမ္ပဏီထံမှ ထပ်မံသိရသည်။

အဆိုပါ ပွဲတော်ကို ၂၀၀၃ ခုနှစ်မှ စတင်ကာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီး၊ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့တို့တွင် အလှည့်ကျ ကျင်းပလျက်ရှိပြီး ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ၊ တိုင်းဒေသ နာဂတိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း ယင်းပွဲတော် ကျင်းပရေး ကော်မတီထံမှ သိရှိရသည်။

နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်ကို ရှေးနှစ်ပေါင်း များစွာကတည်းက ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်ကျော် ကာလများတွင် ပြည်တွင်း ဧည့်သည်များ လာရောက် လည်ပတ်ကြသော နှစ်ကူးပွဲအဖြစ် ကျင်းပခဲ့ကြကာ ၂၀၀၁ ခုနှစ် လေရှီးမြို့၌ ကျင်းပသော ပွဲတော်မှ စတင်၍ နိုင်ငံခြားသား ဧည့်သည်များ လာရောက်ခဲ့ကြပြီး ကမ္ဘာသိ တိုင်းရင်းသားရိုးရာ ပွဲတော်တစ်ခု ဖြစ်ခဲ့သည်။

The Voice Weekly

RangonNewsDaily:: January . 12 .2014
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် နန်းယွန်းမြို့တွင် ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ ပြည်ပဧည့်သည်၃၀ဦးခန့် လာရောက် လေ့လာနိုင်မည်ဟု ခန့်မှန်းကြောင်း
အဆိုပါပွဲတော်သို့ နိုင်ငံခြားသားများသွားရောက် လေ့လာနိုင်ရန် ဆောင်ရွက်ပေးနေသည့်မန္တလေးမြို့တော် 
အခြေစိုက် Diamond Palace Travel & Tour ကုမ္ပဏီထံမှ သိရှိရသည်။ ပြည်ပဧည့်သည် ၃၀ ဦး အပါအဝင် ပြည်တွင်း ဧည့်သည် ၂၀ ဦးခန့်လည်း နာဂပွဲတော်ကို သွားရောက်ရန် ရှိသည်ဟု ယင်းကုမ္ပဏီထံမှ ထပ်မံသိရသည်။

အဆိုပါ ပွဲတော်ကို ၂၀၀၃ ခုနှစ်မှ စတင်ကာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီး၊ လေရှီး၊ လဟယ်၊ နန်း
ယွန်းမြို့တို့တွင် အလှည့်ကျ ကျင်းပလျက်ရှိပြီး ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ၊ တိုင်းဒေသ နာဂတိုင်း
ရင်းသား ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း ယင်းပွဲတော် ကျင်းပရေး ကော်မတီထံမှ သိရှိရသည်။

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ရှေးနှစ်ပေါင်းများစွာကတည်းက ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်ကျော်
ကာလများတွင် ပြည်တွင်း ဧည့်သည်များ လာရောက် လည်ပတ်ကြသော နှစ်ကူးပွဲအဖြစ် ကျင်းပခဲ့ကြကာ ၂၀၀၁ ခုနှစ် လေရှီးမြို့၌ ကျင်းပသော ပွဲတော်မှ စတင်၍ နိုင်ငံခြားသား ဧည့်သည်များ လာရောက်ခဲ့ကြပြီး ကမ္ဘာသိ တိုင်းရင်းသားရိုးရာ ပွဲတော်တစ်ခု ဖြစ်ခဲ့သည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment