Pages

Saturday, December 7, 2013

Microsoft က စမတ်ဘရာစီယာ တီထွင်နေ

Photo: Microsoft က စမတ်ဘရာစီယာ တီထွင်နေ
Saturday, December 7, 2013

လတ်တလောတွင် စမ်းသပ်ဆဲ အဆင့်သာ ရှိသေးသည့် ဘရာစီယာတွင် ဝတ်ဆင်သူ၏ ဇီဝအပြောင်းအလဲများကို အာရုံခံနိုင်သည့် စနစ်များ ထည့်သွင်းပေးထားကြောင်း သိရ

Microsoft က စမတ်ဘရာစီယာ တီထွင်နေ 
စမတ်ဖုန်း၊ စမတ်လက်ပတ်နာရီ၊ စမတ်တီဗီ၊ စမတ်ကား အစရှိသည့် လူသုံးကုန် စမတ်ပစ္စည်း အမျိုးမျိုးအနက် Microsoftက တီထွင်နေသည့် စမတ်ပစ္စည်းကမူ အတန်ငယ် ထူးခြားလျှက် ရှိသည်။ ကမ္ဘာကျော် နည်းပညာ လုပ်ငန်းစုကြီးသည် အမျိုးသမီးများ၏ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍအတွက် ရည်ရွယ်ကာ စမတ်ဘရာစီယာ တစ်မျိုးကို တီထွင်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လတ်တလောတွင် စမ်းသပ်ဆဲ အဆင့်သာ ရှိသေးသည့် ဘရာစီယာတွင် ဝတ်ဆင်သူ၏ ဇီဝအပြောင်းအလဲများကို အာရုံခံနိုင်သည့် စနစ်များ ထည့်သွင်းပေးထားကြောင်း သိရသည်။

အဆိုပါ ဘရာစီယာသည် ဝတ်ဆင်သူ၏ နှလုံးခုန်နှုန်း၊ စိတ်ပိုင်းဆိုင်ရာ နွမ်းနယ်မှု အခြေအနေ အစရှိသည်တို့ကို ခြေရာခံကာ လိုအပ်သော သတိပေး တပ်လှန့်မှုမျိုး ရှိနေမည်ဟု ဆိုသည်။ ယင်းကို စမတ်လက်ပတ်နာရီနှင့် တွဲဖက် အသုံးပြုရမည်ဖြစ်ပြီး ကျန်းမာရေးအရ သတိထားသင့်သည့် ခန္ဓာကိုယ် အပြောင်းအလဲမျိုး ရှိလာပါက နာရီတွင် သတိပေး ဖော်ပြလာမည် ဖြစ်သည်။ ထို့အပြင် အမျိုးသမီး၏ အစားအသောက် ပမာဏ လွန်ကျွံပါကလည်း သတိပေးရန် အသင့်ရှိနေမည်ဟု သိရသည်။ Microsoftသည် ယင်းဘရာစီယာကို စမ်းသပ်တီထွင်နေသော်လည်း စီးပွားဖြစ် ထုတ်လုပ်သွားရန်ထိ အစီအစဉ် ရေးဆွဲမထားသေးဟု ဆိုသည်။

"ဘရာစီယာ တစ်ခုမှာ နည်းပညာ အားဖြည့်ဖို့ ဘာလို့ရွေးချယ်ခဲ့သလဲ ဆိုတော့ ပထမဆုံး အချက်က အမျိုးသမီးတွေအတွက် ရည်ရွယ်တယ်၊ ဒုတိယအချက်က တကူးတက ဝတ်ဆင်ရမယ့် အရာမျိုး မဖြစ်စေချင်ဘူး။ ဒါတွေကြောင့်ပါ"ဟု Microsoftမှ သုတေသီများက ပြောကြားခဲ့သည်။ သုတေသီများက လူအများသည် စိတ်ဖိစီးမှု များနေသည့်အခါ၊ ပျင်းရိနေသည့်အခါများတွင် ဒိုးနတ်ကဲ့သို့ အချိုဓာတ်ကဲသော အစားအသောက်များကို အလွန်အကျွံ စားမိလေ့ရှိပြီး ယင်းကို ယခုဘရာစီယာက သတိပေး နှိုးဆော် တားမြစ်နိုင်ရန် အဓိက ရည်ရွယ်ကြောင်းလည်း ရှင်းပြခဲ့သည်။ အမေရိကန်နိုင်ငံ ရိုချက်စတာ တက္ကသိုလ်မှ ပညာရှင်များနှင့် ဗြိတိန်နိုင်ငံ ဆောက်သမ်တန် တက္ကသိုလ်မှ ပညာရှင်များက Microsoft၏ စမ်းသပ်မှုတွင် အားဖြည့် ကူညီနေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network


RangonNewsDaily:: December . 7 .2013

Microsoft က စမတ်ဘရာစီယာ တီထွင်နေ
စမတ်ဖုန်း၊ စမတ်လက်ပတ်နာရီ၊ စမတ်တီဗီ၊ စမတ်ကား အစရှိသည့် လူသုံးကုန် စမတ်ပစ္စည်း အမျိုးမျိုးအနက် Microsoftက တီထွင်နေသည့် စမတ်ပစ္စည်းကမူ အတန်ငယ် ထူးခြားလျှက် ရှိသည်။ ကမ္ဘာကျော် နည်းပညာ လုပ်ငန်းစုကြီးသည် အမျိုးသမီးများ၏ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍအတွက် ရည်ရွယ်ကာ စမတ်ဘရာစီယာ တစ်မျိုးကို တီထွင်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လတ်တလောတွင် စမ်းသပ်ဆဲ အဆင့်သာ ရှိသေးသည့် ဘရာစီယာတွင် ဝတ်ဆင်သူ၏ ဇီဝအပြောင်းအလဲများကို အာရုံခံနိုင်သည့် စနစ်များ ထည့်သွင်းပေးထားကြောင်း သိရသည်။

အဆိုပါ ဘရာစီယာသည် ဝတ်ဆင်သူ၏ နှလုံးခုန်နှုန်း၊ စိတ်ပိုင်းဆိုင်ရာ နွမ်းနယ်မှု အခြေအနေ အစရှိသည်တို့ကို ခြေရာခံကာ လိုအပ်သော သတိပေး တပ်လှန့်မှုမျိုး ရှိနေမည်ဟု ဆိုသည်။ ယင်းကို စမတ်လက်ပတ်နာရီနှင့် တွဲဖက် အသုံးပြုရမည်ဖြစ်ပြီး ကျန်းမာရေးအရ သတိထားသင့်သည့် ခန္ဓာကိုယ် အပြောင်းအလဲမျိုး ရှိလာပါက နာရီတွင် သတိပေး ဖော်ပြလာမည် ဖြစ်သည်။ 
 
ထို့အပြင် အမျိုးသမီး၏ အစားအသောက် ပမာဏ လွန်ကျွံပါကလည်း သတိပေးရန် အသင့်ရှိနေမည်ဟု သိရသည်။ Microsoftသည် ယင်းဘရာစီယာကို စမ်းသပ်တီထွင်နေသော်လည်း စီးပွားဖြစ် ထုတ်လုပ်သွားရန်ထိ အစီအစဉ် ရေးဆွဲမထားသေးဟု ဆိုသည်။

"ဘရာစီယာ တစ်ခုမှာ နည်းပညာ အားဖြည့်ဖို့ ဘာလို့ရွေးချယ်ခဲ့သလဲ ဆိုတော့ ပထမဆုံး အချက်က အမျိုးသမီးတွေအတွက် ရည်ရွယ်တယ်၊ ဒုတိယအချက်က တကူးတက ဝတ်ဆင်ရမယ့် အရာမျိုး မဖြစ်စေချင်ဘူး။ ဒါတွေကြောင့်ပါ"ဟု Microsoftမှ သုတေသီများက ပြောကြားခဲ့သည်။ 
 
သုတေသီများက လူအများသည် စိတ်ဖိစီးမှု များနေသည့်အခါ၊ ပျင်းရိနေသည့်အခါများတွင် ဒိုးနတ်ကဲ့သို့ အချိုဓာတ်ကဲသော အစားအသောက်များကို အလွန်အကျွံ စားမိလေ့ရှိပြီး ယင်းကို ယခုဘရာစီယာက သတိပေး နှိုးဆော် တားမြစ်နိုင်ရန် အဓိက ရည်ရွယ်ကြောင်းလည်း ရှင်းပြခဲ့သည်။ 
 
အမေရိကန်နိုင်ငံ ရိုချက်စတာ တက္ကသိုလ်မှ ပညာရှင်များနှင့် ဗြိတိန်နိုင်ငံ ဆောက်သမ်တန် တက္ကသိုလ်မှ ပညာရှင်များက Microsoft၏ စမ်းသပ်မှုတွင် အားဖြည့် ကူညီနေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment