RangonNewsDaily:: December . 22 .2013
ခြေထောက်အသေးစား ခွဲစိတ်ခံထားရသည့်အခြေအနေကြောင့် 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်
အောင်ဆန်းစုကြည်၏ ခရီးစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ကြောင်း NLD ကျန်းမာရေးကွန်ရက်က ဒီဇင်
ဘာ၂၁ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။၂၀၁၃ ခုနှစ်ဒီဇင်ဘာ ၁၆ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား
ခြေထောက်အသေးစားခွဲစိတ်မှုကို အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်း၊
ယနေ့ငါးရက်မြောက်နေ့တွင်ခွဲစိတ်မှုအခြေအနေများအားလုံးကောင်းမွန်နေပါသော်လည်း ကြာရှည်စွာ မတ်
တတ်ရပ်ရန်၊ လမ်းလျှောက်ရန် မသင့်လျော်သေးပါသဖြင့် ယခုလကုန်အထိ ခရီးစဉ်များအားလုံးကို ဖျက်သိမ်း
လိုက်ပါကြောင်း မိသားစုဆရာဝန်အနေဖြင့် ထပ်မံအသိပေး အကြောင်းကြားအပ်ပါသည်ဟု NLD အမျိုးသား
ကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြေထောက် ခွဲစိတ်ခံထားရတဲ့အခြေအနေကြောင့်
ဒီလကုန်အထိ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တာပါ။ သေချာတာကတော့ ဒီဇင်ဘာ ၂၉
ရက်က မအူပင်မှာပြုလုပ်မယ့် ဖွဲ့
စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲကိုတော့ တက်ဖြစ်မှာမဟုတ်တော့ပါဘူး။
ချင်းပြည်နယ်ခရီးစဉ်ကတော့ နောက်လထဲမှဆိုတော့ မသေချာသေးပါဘူး" ဟု NLD ကျန်းမာရေးကွန်ရက်
က တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည်Bunionဟုခေါ်သော ခြေမအတွင်းဘက်
သို့ ယိုင်သည့်ဝေဒနာဖြင့် လမ်းလျှောက်လျှင် နာကျင်သောကြောင့် ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံ၌ ခြေ
မနှစ်ဖက်စလုံးကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခုခွဲစိတ်ကုသခံရမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၀၃ ခုနှစ်က အကြီးစားခွဲ
စိတ်မှုတစ်ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်း ဒေါက်တာတင်မျိုးဝင်းက ပြောကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ခြေထောက်အသေးစား ခွဲစိတ်မှုမပြုမီ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်များတွင်
ကော့မှူးမြို့နှင့်သာယာဝတီမြို့များသို့ဆက်တိုက်သွားကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်
၍ ဟောပြောမှုများပြုလုပ်ခဲ့သည်။
Eleven Media , kolatt(PBDN)
RangonNewsDaily
ခြေထောက်အသေးစား ခွဲစိတ်ခံထားရသည့်အခြေအနေကြောင်
အောင်ဆန်းစုကြည်၏ ခရီးစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ကြောင်း NLD ကျန်းမာရေးကွန်ရက်က ဒီဇင်
ဘာ၂၁ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။၂၀၁၃ ခုနှစ်ဒီဇင်ဘာ ၁၆ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား
ခြေထောက်အသေးစားခွဲစိတ်မှုကို အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်း၊
ယနေ့ငါးရက်မြောက်နေ့တွင်ခွဲစိတ်မှုအခြေအနေများအားလုံးကောင်းမွန်နေပါသော်လည်း ကြာရှည်စွာ မတ်
တတ်ရပ်ရန်၊ လမ်းလျှောက်ရန် မသင့်လျော်သေးပါသဖြင့် ယခုလကုန်အထိ ခရီးစဉ်များအားလုံးကို ဖျက်သိမ်း
လိုက်ပါကြောင်း မိသားစုဆရာဝန်အနေဖြင့် ထပ်မံအသိပေး အကြောင်းကြားအပ်ပါသည်ဟု NLD အမျိုးသား
ကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြေထောက် ခွဲစိတ်ခံထားရတဲ့အခြေအနေကြောင့်
စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲကိုတော့ တက်ဖြစ်မှာမဟုတ်တော့ပါဘူး။
ချင်းပြည်နယ်ခရီးစဉ်ကတော့ နောက်လထဲမှဆိုတော့ မသေချာသေးပါဘူး" ဟု NLD ကျန်းမာရေးကွန်ရက်
က တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည်Bunionဟုခေါ်သော ခြေမအတွင်းဘက်
သို့ ယိုင်သည့်ဝေဒနာဖြင့် လမ်းလျှောက်လျှင် နာကျင်သောကြောင့် ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံ၌ ခြေ
မနှစ်ဖက်စလုံးကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခုခွဲစိတ်ကုသခံရမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၀၃ ခုနှစ်က အကြီးစားခွဲ
စိတ်မှုတစ်ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်း ဒေါက်တာတင်မျိုးဝင်းက ပြောကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ခြေထောက်အသေးစား ခွဲစိတ်မှုမပြုမီ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်များတွင်
ကော့မှူးမြို့နှင့်သာယာဝတီမြို့များသို့ဆက်တိုက်သွားကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေ
၍ ဟောပြောမှုများပြုလုပ်ခဲ့သည်။
Eleven Media , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment