Pages

Wednesday, December 25, 2013

ဗြိတိန်နှင့် ဂျပန်နိုင်ငံတို့မှ ဒီဂျေများ မြန်မာဒီဂျေများနှင့်အတူ မျှော်စင်ကျွန်း တွင် ဖျော်ဖြေပွဲ ပြုလုပ်မည်

RangonNewsDaily:: December . 25 .2013
ဗြိတိန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ဒီဂျေများနင့်အတူ မြန်မာနိုင်ငံမှ နာမည်ကျော် ဒီဂျေများ၏ မြူးကြွသော ဂီတသံ

စဉ်များကြားတွင် စီးမျော ကခုန်နိုင်မည့် Shut Up And Dance ဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီမှ ၁၀ နာရီအထိ ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း ယင်းပွဲ
ကို စီစဉ်သည့် တေးသံရှင် ရန်ရန်ချန်းက The Voice သို့ ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဒီဂျေများ၏ အခန်းကဏ္ဍကို ယခုထက်ပိုပြီး ရှေ့ရောက် စေချင်သည့်အတွက် Shut Up And Dance ဖျော်ဖြေပွဲကို ပြုလုပ်ခြင်း ဖြစ်ပြီး အမြတ်အစွန်းရဖို့ကို အဓိက မထားကြောင်း၊ စင်မြင့် အလှဆင်မီး
များနှင့်အသံအရည်အသွေးပိုင်းကိုလည်းအကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားကြောင်း၊ ပြည်တွင်းမှနာမည်
ကျော် ဒီဂျေများဖြစ်သည့် ဒီဂျေ Jay ၊ ကျော်သူဟန်၊ Lu Lu၊ Mickey၊ Milo၊ နောင်နောင်၊ Neo၊ နွေဦး၊ ဇော်မျိုး၊ ဇွဲ၊ ဗြိတိန်နိုင်ငံမှ ဒီဂျေ Rick နှင့် ဂျပန်နိုင်ငံမှ ဒီဂျေ KT တို့ ပါဝင်မည် ဖြစ်ကြောင်း ရန်ရန်ချန်းက ဆိုသည်။

“ဒီလိုပွဲမျိုးက နိုင်ငံခြားမှာဆို ပရိသတ် သိန်းနဲ့သောင်းနဲ့ချီပြီး လာကြည့်ကြတဲ့ ပွဲမျိုးပါ။ ရန်ရန်ချန်းက ဒီပွဲလေး လုပ်ချင်တယ်ပြောတော့ ပရိသတ် အနေအထားအရ Outdoors မှာ မလုပ်ဖို့ အကြံပေးခဲ့သေးတယ်။ ဒါပေမဲ့ အခုဒီပွဲကို ပရိသတ်တွေ တော်တော်များများက စိတ်ဝင်တစားနဲ့ လာကြည့်ကြမယ်လို့ ကြားတယ်။ ဒီဂျေတွေ အများကြီးကသီချင်းအမျိုးအစားမျိုးစုံနဲ့ ဖျော်ဖြေမှာ ဖြစ်တဲ့အတွက်ပရိသတ်တွေလည်း ပျော်ကြမှာပါ” ဟု ယင်း

ပွဲတွင် ပါဝင်ဖျော်ဖြေမည့် ဒီဂျေဝိုင်က ပြောကြားသည်။

လက်မှတ်ဈေးနှုန်းကို ၂၅၀၀ ကျပ် သတ်မှတ်ထားပြီး ဗိုလ်အောင်ကျော်လမ်း အထက်ရှိ Run Ygn၊ တော်ဝင်

စင်တာရှိ Too Cool၊ လသာလမ်း အထက်ရှိ Dong Jing၊ ဗိုလ်မြတ်ထွန်းလမ်းရှိ ပိတောက်ရိပ် အအေးဆိုင်၊ လမ်း၅၀ အအေးဆိုင်တို့တွင် ဝယ်ယူ ရရှိနိုင်သည်ဟု ပွဲစီစဉ်သူများက ပြောကြားသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment