Pages

Thursday, December 19, 2013

စမတ်နာရီပြီး စမတ်လက်ကောက်

Photo: စမတ်နာရီပြီး စမတ်လက်ကောက်
Wednesday, December 18, 2013

စမတ်ဖုန်း၊ စမတ်နာရီ၊ စမတ်မျက်မှန်နဲ့ ခု စမတ်လက်ကောက်ဆိုပြီး Innovation တွေ မိတ်ဆက်နေပါပြီ။

The Smile from EmoPulse လို့ အမည်ပေးထားတဲ့ concept level က ပစ္စည်းတစ်ခုပါ။ စမတ် မျက်မှန်တွေ ထွက်ရှိပြီး နှစ်သိပ်မကြာပဲ ထွက်နိုင် မယ့် ပစ္စည်း လို့ ဆိုပါတယ်။ ကြည့်လိုက်ရင် သာမန် လက်ကောက် တစ်ခုလို ပါပဲ။ သို့ပေမယ့် သူ့ကို စမတ်ဖုန်းလို အသုံးပြုလို့ ရကြောင်း ဆိုပါတယ်။ ထူးခြားချက်တစ်ခုက သွေးကြောကို အမြဲ Sense လုပ်နေပြီး ခန္ဓာကိုယ်ဖြစ် စဉ်ပြောင်းလဲမှုအလိုက် အလိုက်သိမယ့်ပစ္စည်းလို့ဆိုပါတယ်။ ဥပမာ စာလုပ်နေတယ်ဆိုရင် လက်ကောက်က သူ့အလိုအလျောက် silent mode ဖြစ်နေပြီး ဝင်သမျှ phone call နဲ့ Message ကို အလို အလျောက် ဖြေကြားပေးမယ့် စနစ်မျိုး သတ်မှတ်ပေးလို့ ရပါတယ်။

လက်ပြန်ကြောက သွေးခုန်နှုန်းကို တိုင်းတာပြီး ကျန်းမာရေးအတွက်လည်း အများကြီးအထောက်ကူပြုမယ့် Device ဖြစ်မယ်လို့ ဆိုပါ တယ်။ ကွေးကောက် ရတဲ့ လက်ကောက်က LCD မျက်နှာပြင်ပါရှိပြီး စာဖတ်လို့ရမယ်။ ရပ်ရှင်ကြည့်လို့ရမယ်။ နာရီလိုလည်း သုံးလို့ရမယ့် အစရှိသဖြင့် ဖန်တီးသူတို့ ရေးသားထားချက်ကတော့ အများကြီးပါပဲ။

နောက်ပိုင်းလူသားတို့ နည်းပညာအပေါ် မှီခိုအားထားမှု ပိုမို များပြားလာ မယ့် ခေတ်တစ်ခု ကြိမ်းသေရောက်မှာပါ။ The Smile from EmoPulse လိုပဲ အခြားသော ကုမ္ပဏီများမှလည်း စမတ်လက်ကောက် ဖန်တီး ရန်ကြိုးပမ်းလာဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref: techblog
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: December . 19 .2013
စမတ်ဖုန်း၊ စမတ်နာရီ၊ စမတ်မျက်မှန်နဲ့ ခု စမတ်လက်ကောက်ဆိုပြီး Innovation တွေ မိတ်ဆက်နေပါပြီ။ The Smile from EmoPulse လို့ အမည်ပေးထားတဲ့ concept level က ပစ္စည်းတစ်ခုပါ။ စမတ် မျက်မှန်တွေ ထွက်ရှိပြီး နှစ်သိပ်မကြာပဲ ထွက်နိုင် မယ့် ပစ္စည်း လို့ ဆိုပါတယ်။ ကြည့်လိုက်ရင် သာမန် လက်ကောက် တစ်ခုလို ပါပဲ။ သို့ပေမယ့် သူ့ကို စမတ်ဖုန်းလို အသုံးပြုလို့ ရကြောင်း ဆိုပါတယ်။ 
 
ထူးခြားချက်တစ်ခုက သွေးကြောကို အမြဲ Sense လုပ်နေပြီး ခန္ဓာကိုယ်ဖြစ် စဉ်ပြောင်းလဲမှုအလိုက် အလိုက်သိမယ့်ပစ္စည်းလို့ဆိုပါတယ်။ ဥပမာ စာလုပ်နေတယ်ဆိုရင် လက်ကောက်က သူ့အလိုအလျောက် silent mode ဖြစ်နေပြီး ဝင်သမျှ phone call နဲ့ Message ကို အလို အလျောက် ဖြေကြားပေးမယ့် စနစ်မျိုး သတ်မှတ်ပေးလို့ ရပါတယ်။

လက်ပြန်ကြောက သွေးခုန်နှုန်းကို တိုင်းတာပြီး ကျန်းမာရေးအတွက်လည်း အများကြီးအထောက်ကူပြုမယ့် Device ဖြစ်မယ်လို့ ဆိုပါ တယ်။ ကွေးကောက် ရတဲ့ လက်ကောက်က LCD မျက်နှာပြင်ပါရှိပြီး စာဖတ်လို့ရမယ်။ ရပ်ရှင်ကြည့်လို့ရမယ်။ နာရီလိုလည်း သုံးလို့ရမယ့် အစရှိသဖြင့် ဖန်တီးသူတို့ ရေးသားထားချက်ကတော့ အများကြီးပါပဲ။

နောက်ပိုင်းလူသားတို့ နည်းပညာအပေါ် မှီခိုအားထားမှု ပိုမို များပြားလာ မယ့် ခေတ်တစ်ခု ကြိမ်းသေရောက်မှာပါ။ The Smile from EmoPulse လိုပဲ အခြားသော ကုမ္ပဏီများမှလည်း စမတ်လက်ကောက် ဖန်တီး ရန်ကြိုးပမ်းလာဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref: techblog
ရိုးရာလေး , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment