Pages

Wednesday, December 4, 2013

အာဂျင်တီးနားတွင် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်သည့် မက်ဆီ

Photo: အာဂျင်တီးနားတွင် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်သည့် မက်ဆီ
Wednesday, December 4, 2013

အာဂျင်တီးနား လက်ရွေးစင် အနေဖြင့် ယခုနှစ်ကုန်ပိုင်းထိ ဘောလုံးကစားနိုင်ဖွယ် မရှိသေးဟု စပိန်လာလီဂါ ချန်ပီယံ အသင်းကြီးက ဝန်ခံထားခဲ့ပြီးနောက် မွေးရပ်မြေသို့ ပြန်သွားကာ ဆေးဝါးကုသမှု ခံယူနေရ

အာဂျင်တီးနားတွင် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်သည့် မက်ဆီ
ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်လ် မက်ဆီသည် ပေါင်ဒဏ်ရာမှ သက်သာလာပြီးနောက် အာဂျင်တီးနားတွင် အပေါ့စား လေ့ကျင့်မှုများ ပြန်လည် စတင်လာနိုင်ခဲ့ပြီ ဖြစ်သည်။ အာဂျင်တီးနား လက်ရွေးစင် အနေဖြင့် ယခုနှစ်ကုန်ပိုင်းထိ ဘောလုံးကစားနိုင်ဖွယ် မရှိသေးဟု စပိန်လာလီဂါ ချန်ပီယံ အသင်းကြီးက ဝန်ခံထားခဲ့ပြီးနောက် မွေးရပ်မြေသို့ ပြန်သွားကာ ဆေးဝါးကုသမှု ခံယူနေရသည်။ လတ်တလောတွင်မူ မက်ဆီ၏ ဒဏ်ရာအခြေအနေ တစ်စထက်တစ်စ သက်သာ တိုးတက်လာသည့်အတွက် ဗျူနိုအေးရီးစ်မြို့ရှိ အာဂျင်တီးနား လက်ရွေးစင် အသင်း၏ လေ့ကျင့်ရေးကွင်းတွင် စတင်လေ့ကျင့်နေခြင်း ဖြစ်သည်။ မက်ဆီသည် ရီးယဲလ်ဘီတစ်ကို (၄-၁)ဖြင့် အနိုင်ရသည့် နိုဝင်ဘာလ (၁၀)ရက်နေ့၊ လာလီဂါ ပွဲစဉ်တွင် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာက မက်ဆီအနေဖြင့် ဇန်နဝါရီလထိ ပြန်ကစားနိုင်ဖွယ် မရှိသေးဟု ခန့်မှန်းထားသည်။ လက်ရှိတွင်မူ မက်ဆီသည် ဒဏ်ရာ အကင်းသေစ ပြုလာသည့်နောက် ဒုတိယအဆင့် တက်လှမ်းမှုအဖြစ် အပေါ့စား လေ့ကျင့်မှုများကို စတင်လုပ်ဆောင်လာခြင်း ဖြစ်သည်။ ၎င်းသည် အပြေးလေ့ကျင့်ခန်းအချို့ အပါအဝင် သီးခြားစီစဉ် သတ်မှတ်ထားသည့် လေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။ မက်ဆီအနေဖြင့်မူ အပြည့်အဝ ပြန်လည်ကြံ့ခိုင်မှုကို မြန်နိုင်သမျှမြန်မြန် တည်ဆောက်နိုင်ရန် မျှော်လင့်နေသည်။ ဘာစီလိုနာ အသင်းသည် ပြီးခဲ့သည့် သီတင်းပတ်က အာဂျင်တီးနားတွင် ဆေးဝါးကုသမှု ခံယူနေသည့် မက်ဆီ၏ အခြေအနေ တိုးတက်မှုသည် မျှော်မှန်းသည်ထက် ကောင်းမွန်နေကြောင်း ပရိသတ်များအား အသိပေး ကြေညာခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: December . 4 .2013
အာဂျင်တီးနားတွင် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်သည့်မက်ဆီဘာစီလိုနာတိုက်စစ်မှူးလီယွန်နယ်လ်မက်
ဆီသည် ပေါင်ဒဏ်ရာမှ သက်သာလာပြီးနောက် အာဂျင်တီးနားတွင် အပေါ့စား လေ့ကျင့်မှုများ ပြန်လည် စ
တင်လာနိုင်ခဲ့ပြီ ဖြစ်သည်။ အာဂျင်တီးနား လက်ရွေးစင် အနေဖြင့် ယခုနှစ်ကုန်ပိုင်းထိ ဘောလုံးကစားနိုင်ဖွယ် မရှိသေးဟု စပိန်လာလီ
ဂါ ချန်ပီယံ အသင်းကြီးက ဝန်ခံထားခဲ့ပြီးနောက် မွေးရပ်မြေသို့ ပြန်သွားကာ ဆေးဝါးကုသမှု ခံယူနေရ
သည်။ 
 
လတ်တလောတွင်မူ မက်ဆီ၏ ဒဏ်ရာအခြေအနေ တစ်စထက်တစ်စ သက်သာ တိုးတက်လာသည့်အတွက် ဗျူနိုအေးရီးစ်မြို့ရှိ အာဂျင်တီးနား လက်ရွေးစင် အသင်း၏ လေ့ကျင့်ရေးကွင်းတွင် စတင်လေ့ကျင့်နေခြင်း ဖြစ်သည်။ 
 
မက်ဆီသည် ရီးယဲလ်ဘီတစ်ကို (၄-၁)ဖြင့် အနိုင်ရသည့် နိုဝင်ဘာလ (၁၀)ရက်နေ့၊ လာလီဂါ ပွဲစဉ်တွင် ဒဏ်
ရာရခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာက မက်ဆီအနေဖြင့် ဇန်နဝါရီလထိ ပြန်ကစားနိုင်ဖွယ် မရှိသေးဟု ခန့်မှန်းထားသည်။ လက်ရှိ
တွင်မူ မက်ဆီသည် ဒဏ်ရာ အကင်းသေစ ပြုလာသည့်နောက် ဒုတိယအဆင့် တက်လှမ်းမှုအဖြစ် အပေါ့
စား လေ့ကျင့်မှုများကို စတင်လုပ်ဆောင်လာခြင်း ဖြစ်သည်။ 
 
၎င်းသည်အပြေးလေ့ကျင့်ခန်းအချို့အပါအဝင်သီးခြားစီစဉ်သတ်မှတ်ထားသည့် လေ့ကျင့်မှုများကို လုပ်ဆောင်
ခဲ့ခြင်းဟု သိရသည်။မက်ဆီအနေဖြင့်မူ အပြည့်အဝ ပြန်လည်ကြံ့ခိုင်မှုကို မြန်နိုင်သမျှမြန်မြန် တည်ဆောက်
နိုင်ရန် မျှော်လင့်နေသည်။ 
 
ဘာစီလိုနာ အသင်းသည် ပြီးခဲ့သည့် သီတင်းပတ်က အာဂျင်တီးနားတွင် ဆေးဝါးကုသမှု ခံယူနေသည့် မက်
ဆီ၏ အခြေအနေ တိုးတက်မှုသည် မျှော်မှန်းသည်ထက် ကောင်းမွန်နေကြောင်း ပရိသတ်များအား အသိပေး
 ကြေညာခဲ့သည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment