ဒီဇင်ဘာ ၁၈ ရက် နံနက်အစောပိုင်းက မန္တလေးမြို့မြင်ကွင်းကို မန္တလေးတောင်ပေါ်မှ မြင်တွေ့ရစဉ် |
RangonNewsDaily:: December . 20 .2013
မန္တလေးမြို့၏အပူချိန်မှာဒီဇင်ဘာလပျမ်းမျှအပူချိန်အောက်သို့ ရောက်ရှိနေပြီးအအေးဒဏ်ကိုသိသိသာသာခံစား
မန္တလေးမြို့၏အပူချိန်မှာဒီဇင်ဘာလပျမ်းမျှအပူချိန်အောက်သို့ ရောက်ရှိနေပြီးအအေးဒဏ်ကိုသိသိသာသာခံစား
နေရကြောင်း သိရသည်။ မန္တလေးမြို့၏
အပူချိန်များသည် ဒီဇင်ဘာ ၁၆ ရက်မှစတင်ကာ ရုတ်တရက်သိသာစွာကျဆင်းခဲ့ပြီး
ဒီဇင်ဘာ ၁၈ ရက်တွင် ၁၀ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခဲ့ရာ
ဒီဇင်ဘာလ၏ပျမ်းမျှအပူချိန်ဖြစ်သော ၁၄ ဒဿမ ၉
ဒီဂရီစင်တီဂရိတ်အောက်ရောက်ရှိနေပြီဖြစ်ကြောင်းမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(အထက်
ဒီဂရီစင်တီဂရိတ်အောက်ရောက်ရှိနေပြီဖြစ်ကြောင်းမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(အထက်
မြန်မာပြည်) မှတ်တမ်းများအရ သိရသည်။
" ဒီဇင်ဘာ၁၅ ရက်က၁၇ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်ကနေ ၁၆ ရက်မှာ ၁၃ ဒီဂရီ စင်တီဂရိတ်အထိ ရုတ်တရက်
" ဒီဇင်ဘာ၁၅ ရက်က၁၇ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်ကနေ ၁၆ ရက်မှာ ၁၃ ဒီဂရီ စင်တီဂရိတ်အထိ ရုတ်တရက်
ကျသွားတယ်။အဲဒီကနေဆက်တိုက်ကျလာပြီးဒီဇင်ဘာ၁၈
ရက်မှာ ၁၀ ဒဿမ ၅ ဒီဂရီစင်တီဂရိတ် အထိကျဆင်း
သွားတယ်။ဒီနေ့အပူချိန်အနည်းငယ်ပြန်တက်လာပေမယ့်မန္တလေးမြို့ဒီဇင်ဘာလရဲ့ပျမ်းမျှအပူချိန်အောက်မှာ
ပဲ ရှိနေပါသေးတယ်။
အနိမ့်ဆုံးစံချိန်တင်ထားတဲ့အပူချိန်ထိတော့ မရောက်သေးပါဘူး " ဟု
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦး
စီးဌာန (အထက်မြန်မာပြည်)မှ
တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
" ဆီးဂိမ်းဘောလုံးကွင်းမှာ တာဝန်ကျတဲ့ ရဲဝန်ထမ်းတစ်ယောက် ညဂျူတီအပြီး မနက်ရောက်တော့ လေဖြတ်
" ဆီးဂိမ်းဘောလုံးကွင်းမှာ တာဝန်ကျတဲ့ ရဲဝန်ထမ်းတစ်ယောက် ညဂျူတီအပြီး မနက်ရောက်တော့ လေဖြတ်
သလိုမျိုးအကြောတွေကပ်သွားတယ်။ရာသီဥတုကအရမ်းအေးတာကြောင့်တစ်ညလုံးဂျူတီစောင့်ရပြီး ခုလိုဖြစ်
ရတာပါ။ အအေးဓာတ်က တော်တော်လေးသိသာတယ် "
ဟု တိုင်းရဲတပ်ဖွဲ့ရုံး မှ ဒုတိယရဲမှူးကြီးဇော်မင်းဦး
က ဆိုသည်။
ယခုကဲ့သို့အပူချိန်များလျော့ကျ၍အအေးပိုခြင်းမှာတစ်နိုင်ငံလုံးတွင်ဖြစ်ပေါ်လျက်ရှိပြီးခန့်မှန်းချက်အရ နောက်
ယခုကဲ့သို့အပူချိန်များလျော့ကျ၍အအေးပိုခြင်းမှာတစ်နိုင်ငံလုံးတွင်ဖြစ်ပေါ်လျက်ရှိပြီးခန့်မှန်းချက်အရ နောက်
ထပ်သုံးရက်ခန့်အထိ အပူချိန်ကျဆင်းနိုင်ကြောင်း သိရသည်။
မန္တလေးမြို့တွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအ
တွင်း၌ အနိမ့်ဆုံးဖြစ်ပေါ်ခဲ့သော
အပူချိန်မှာ ၁၃ ဒဿ မ ၇ ဒီဂရီစင်တီဂရိတ် ဖြစ်သောကြောင့် ယခင်နှစ်နှင့်
နှိုင်းယှဉ်ပါကအအေးပိုကြောင်း၊
မန္တလေးမြို့၏ စံချိန်တင်အနိမ့်ဆုံး
အပူချိန်မှာ ၆ ဒဿမ ၇ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး ၁၉၃၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀
ရက်က ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးအနီးဝန်းကျင်ဒေသများတွင်လည်း အပူချိန်များ သိသာစွာကျဆင်း၍
အအေးဒဏ်ကိုသိသာစွာခံစားရ
လျက်ရှိပြီး ပြင်ဦးလွင်တွင် ဒီဇင်ဘာလ ၁၈ ရက်က ဝ
ဒဿမ ၅ ဒီဂရီစင်တီဂရိတ်အထိကျဆင်းခဲ့ကြောင်း သိရ
သည်။
Eleven Media , kolatt(PBDN)
RangonNewsDaily
Eleven Media , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment