Pages

Friday, December 6, 2013

မြိတ်ခရိုင် ကျွန်းစုမြို့နယ် အုတ်ဖိုမော် ကျေးရွာ ၌ ရော်ဘာမှိုင်းခံရုံ မီးလောင် အဆောက်အဦး (၆)လုံး ဆုံးရှုံး

RangonNewsDaily:: December . 6 .2013
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့ နံနက် (၇) နာရီခွဲ အချိန်တွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ် အုတ်ဖိုမော် ကျေးရွာနေ ဒေါ်လှခင် ပိုင်ဆိုင်သော ရော်ဘာမှိုင်းခံရုံတွင် ရော်ဘာပြားများ မှိုင်းခံထားစဉ် အပူရှိန်လွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ကျေးရွာသားများ စုပေါင်း ငြိမ်းသတ်မှုကြောင်း (၈)နာရီ ခွဲ အချိန် မီးငြိမ်း သွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ရာဘာမှိုင်းခံရုံ (၂)ရုံ၊ အလုပ်သမားနေအိမ် (၂)လုံး ၊ ထင်းသိုလှောင်ရုံ (၁)ရုံ၊ ရော်ဘာပြား အလုပ်ရုံ (၁)ရုံ၊ ရော်ဘာပြား (၄၀၀၀) ခန့် ဆုံးရှုံး သွားကြောင်း သိရသည်။ ထိုမီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အလုပ်သမား ဖြစ်သူ ဦးမင်းမင်းအား ကံမော်ကျေးရွာ ရဲတပ်ဖွဲ့စခန်းက အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

အလားတူ မီးလောင်ကျွမ်းမှု ဖြစ်စဉ်မျိုး ၂၀၁၃ ခုနှစ် မတ်လ အတွင်း အဆိုပါ ရော်ဘာခြံ အနီး ဦးမြင့်ယုံ ပိုင် ရော်ဘာခြံတွင် တောခုတ် မီးရှို့ရာမှ အပင် (၅၀၀) ကျော် မီးလောင်ကျွမ်းခဲ့ပြီး ကျွန်းစုမြို့နယ် တရားရုံးမှ ပြစ်မှု ပုဒ်မ (၂၈၅) ဖြင့် ရော်ဘာခြံပိုင်ရှင် ဦးမြင့်ယုံနှင့် မီးရှို့သူ အလုပ်သမား ဦးသန်းလှိုင် တို့အား ထောင်ဒဏ် (၆)လ စီ ကျခံစေရန် (၂-၁၂-၂၀၁၃) ၌ အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
မြိတ်ပုလဲမြေ ,  kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment